အသိပေးကြေညာချက်...

Posted by ဖက်တီးလေး at 5:48 PM

Tuesday, October 7, 2008

ဒီ ဘလော့ဂ်လေးနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ကြိုတင်အသိပေးတောင်းပန်သင့်တာလေးတွေပြောမလို့ပါ...
ဒီ ဘလော့ဂ်ထဲက “ဖတ်မိဖတ်ရာ တိုတိုထွာထွာ” ဆိုတဲ့ခေါင်းစဉ်အောက်က ပို့စ်လေးတွေက (ခေါင်းစဉ်မှာရေးထားသလိုပဲ) ဖတ်မိတဲ့ စာစုလေးတွေထဲက ကိုယ်ကြိုက်နှစ်သက်တာလေးတွေကို သူငယ်ချင်းအားလုံးနဲ့ မျှဝေခံစားချင်တဲ့ စိတ်ကလေးနဲ့ တင်ထားခြင်းဖြစ်ပါတယ်...

တစ်ချို့ပို့စ်လေးတွေက တခြားဘလော့ဂ်တွေမှာ တင်ပြီးသားမျိုး၊ တစ်ယောက်ယောက်က ဘာသာပြန်ထားတာမျိုး ဖြစ်နိုင်ပါတယ်...
သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဆီကလာတဲ့ အီးမေးလ်တွေထဲက ကိုယ်သဘောကျတာလေးတွေကို ပြန်ပြီးမျှဝေထားတာဆိုတော့ မူရင်းဘာသာပြန်တဲ့သူကိုလည်း အတိအကျမသိတာကြောင့် ဘာသာပြန်တဲ့သူရဲ့အမည်ကို မဖော်ပြနိုင်တာကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်...
အခုလိုရှင်းပြနေရတာကလည်း တစ်ခါက ဘလော့ဂ်တစ်ခုမှာ မူရင်းဘာသာပြန်တဲ့သူနဲ့ပတ်သက်ပြီး အငြင်းအခုံတစ်ခုကို ဖတ်ဖူးလို့ပါ...အဲဒါကြောင့် ဖက်တီးလေးမှာ အမှားအယွင်း တစ်စုံတစ်ရာရှိခဲ့ရင် နားလည်ခွင့်လွှတ်ပေးပါလို့...ဒီနေရာကနေ ကြိုတင်တောင်းပန်တယ်နော်...

0 comments: