ရယ်သောသူ အသက်ရှည်၏...

Posted by ဖက်တီးလေး at 6:58 PM

Tuesday, October 7, 2008

(၁)
ကောင်လေး - ”နင့်အမှတ်ဘယ်လောက်ရလဲ”
ကောင်မလေး - ”သုည...နင်ကော”
ကောင်လေး - ”ငါလဲသုညပဲရတယ်”
ကောင်မလေး -”အမှတ်ချင်းတူနေပြန်ပြီ...ဆရာမက ငါတို့ကို ခိုးကြည့်တယ်လို့ ပြောအုံးမလားမသိဘူးနော်”


(၂)
ဖေဖေ - ”သားမတတ်တာ ဘာရှိလဲ ဖေဖေ့ကိုပြောပြစမ်း”
သား - ”ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂) ခုပဲရှိတယ်”
ဖေဖေ - ”ဟ..ငါ့သားကတယ်တော်ပါလား...ဘယ်(၂)ခု မတတ်တာလဲကွ”
သား - ”သား..ဒီဟာလဲမတတ်ဘူး...ဟိုဟာလဲမတတ်ဘူး”

(၃)
ပင်ဂွင်းငှက်ကိုပိုက်လျက် မောင်လှ လမ်းလျှောက်လာသည် ။ရဲသားတစ်ဦးကို တွေ့သည်နှင့် မေးလိုက်သည် ။
မောင်လှ - "ကျေးဇူး ပြုပြီး ပင်ဂွင်းငှက်ကို ဘယ်ပို့ရင်ကောင်းမလဲဆိုတာအကြံပေးစမ်းပါဦးဗျာ"
ရဲသား - "တိရိစ္ဆာန်ရုံ ပို့လိုက်ပေါ့ဗျာ"
နောက်တစ်နေ့တွင် ပင်ဂွင်းငှက်ကို ပိုက်လျက်ပင် မောင်လှကို ရဲသားကတွေ့ပြန်သည်။

ရဲသား - "ဘယ်လိုလဲ ၊ တိရိစ္ဆာန်ရုံ ရောက်ခဲ့ရဲ့ လား"
မောင်လှ - "ဟုတ်ကဲ့ ၊ သိပ်စိတ်ဝင်စားစရာ ကောင်းတာပဲ ၊ ဒီနေ့ သူ့ကိုရုပ်ရှင်လိုက်ပြမယ်"


(၄)
၃-တန်းကျောင်းသားလေး မောင်အေးသည် ၊ အတန်းပိုင်ဆရာမကို "နင်" "ငါ"အသုံးအနှုန်းဖြင့် ပြောလေ့ရှိ၏ ။ တစ်နေ့တွင် ပြစ်ဒဏ်ပေးသည့်အနေနှင့် ဆရာမသည် "ဆရာမ" "ကျွန်တော်" ဟူသော စာလုံးများကို အကြိမ်၅၀-တိတိမောင်အေးအား ရေးခိုင်းသည် ။ မောင်အေးက အကြိမ် ၅၀ အစား အကြိမ်၁၀၀ ရေးချလိုက်သည် ။ နောက်တွင် ယဉ်ကျေးသိမ်မွေ့စွာသုံးနှုံးပြောဆိုရမည်ကိုမောင်အေးသိကောင်းပြီ ဟု ဆရာမ ယူဆသည် နှင့်
ဆရာမ - "မင်းအပြစ်ကို သိပြီမဟုတ်လား မောင်အေး"
မောင်အေး - "ဟုတ်တယ် ၊ နောက်ငါ့ကို စိတ်မဆိုးနဲ့တော့နော်"


(၅)
အဖေလုပ်သူက လှေကားပေါ် တက်ကာ ပြတင်းပေါက်များအား ဆေးသုတ်နေသည်ကို(၆)နှစ်သား သားငယ်က ဂရုတစိုက် ကြည့်နေသည် ။ အမေကသားကို ပြောတယ် ။
အမေ - ”သားကြီးလာရင် ဖေဖေ့ကို ကူရမယ်နော်”
သား - ”ဘာလဲ ...အဲဒီအချိန်ထိ ဖေဖေက ဆေးသုတ်လို့ ပြီးမှာမဟုတ်သေးဘူးလားဟင်”


(၆)
လူကြိုက်များတယ်ပြဇာတ်ရုံတစ်ခုတွင်...
ပရိတ်သတ် - ”ရှင်တို့ ပြဇာတ်ရုံဟာ ဒီလိုပဲ အမြဲတမ်း လူရှင်း နေသလား”
ပြဇာတ်မှလူ - ”မဟုတ်ပါဖူးဗျာ ၊ ပြဇာတ်ကပြနေတဲ့ အချိန်မှပါ”


(၇)
ဆိုင်တစ်ဆိုင်ကို ဖောက်ခိုးနေသော သူခိုးကို ရဲသားကလက်ပူးလက်ကြပ်မိသွားသည် ။
ရဲသား - ”မင်းဘာဖြစ်လို့ ဒီဆိုင်ကိုမှ ဖောက်ခိုးရသလဲ”
သူခိုး - ”ကျွန်တော့်အိမ်နဲ့ ဒီဆိုင်က နီးလို့ပါ ၊ သိတဲ့အတိုင်းခေတ်ကမကောင်းတော့ အိမ်ကို ပစ်ပြီး အကြာကြီး မသွားချင်လို့ပါ….

0 comments: