Keyboard အသစ်လေးတွေ ထည့်ချင်ရင်...

Posted by ဖက်တီးလေး at 2:29 PM

Sunday, November 23, 2008

အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ကိုယ့် System မှာ default သုံးနေတဲ့ (eg. English)Keyboard အပြင် တခြား language (eg. Japanese) Keyboard လေးတွေ ထပ်ထည့်တဲ့ နည်းလေးပါ...
သိပြီးသားသူတွေအတွက်တော့ အရမ်းကိုလွယ်ကူပေမယ့် တချို့သူငယ်ချင်းတွေက ခဏခဏလှမ်းမေးတတ်တာကြောင့် ဒီပို့စ်လေးကို တင်လိုက်တာပါ...


ပထမဆုံး "Input language" dialog box ကိုရောက်အောင်သွားရမှာဖြစ်ပါတယ်...
Operating System ပေါ်မူတည်ပြီး description လေးတွေနဲနဲလွဲနိုင်ပေမယ့် သဘောတရားကတော့ အားလုံးအတူတူပါပဲ...
ဒီနေရာမှာ Window XP နဲ့ Window Vista အတွက် ပြောပြပါမယ်...
Window XP အတွက်
Start -> Control Panel -> [Regional and Language option] -> [Languages] tab -> [Details] button -> [settings] tab -> [add] button

Window Vista အတွက်
Start -> Control Panel -> [Regional and Language option] -> [Keyboard and Languages] tab -> [Change Keyboards] button -> [add] button

အဲဒီမှာ မြင်ရမယ့် dialog box မှာ [input languages] မှာ [Japanese] ကိုရွေးပြီး [keyboard layout/IME] မှာ [US] ကိုရွေးပါ။
နောက်ပြီး [OK] နှိပ်လိုက်ရင် အခုပုံမှာပြထားသလို မြင်ရမှာပါ။


(Zawgyi Keyboard ကို install လုပ်မထားသူတွေကတော့ “Alpha Zawgyi Blog Keyboard” ဆိုတာမြင်ရမှာမဟုတ်ပါဘူး...)
ပုံမှာပြထားသလိုမြင်ရပြီဆိုရင် [OK] ပဲထပ်နှိပ်လိုက်ပါ။
(တကယ်လို့ ဒီအချိန်မှာ Window Installer CD တောင်းရင် ထည့်ပေးလိုက်ပါ။ လိုအပ်တဲ့ ဖိုင်တွေကို သူ့အလိုလိုရှာထည့်သွားပါလိမ့်မယ်။)
အားလုံးပြီးသွားရင် ပုံမှာပြထားသလို [EN] icon လေးကို Task bar ပေါ်မှာမြင်ရမှာဖြစ်ပါတယ်။

Japanese Keyboard ကိုသုံးချင်ရင် အဲဒီ [EN] icon လေးကို နှိပ်ပြီး Japanese ဆိုတာလေးကို ရွေးလိုက်ရုံပါပဲ...
အဲလိုပဲ English Keyboard ကိုသုံးချင်ရင် အဲဒီ [JP] icon လေးကို နှိပ်ပြီး English ဆိုတာလေးကို ပြန်ရွေးလိုက်ရုံပါပဲ...
တခြား Language Keyboard သုံးချင်သူတွေအတွက်လည်း အတူတူပါပဲ...
New Keyboard Add လုပ်တဲ့အချိန် [input languages] မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ language ကိုရွေးလိုက်ရုံပါပဲ...

အားလုံးပဲ မိမိနှစ်သက်ရာ Keyboard လေးတွေသုံးရင်းအဆင်ပြေနိုင်ကြပါစေ...

ဆက်ဖတ်ရန်...

Gmail မှာ background လှလှလေးတွေသုံးချင်ရင်...

Posted by ဖက်တီးလေး at 1:20 PM

အခုပြောပြချင်တာလေးက Gmail ရဲ့ နောက်ထပ် feature အသစ်လေးတစ်ခုဖြစ်တဲ့ New Themes ဆိုတာလေးပါ။
Gmail ရဲ့အကြောင်းတွေပဲရေးနေမိတာ...ကိုယ့်ကိုယ်ကို တောင် Gmil ရဲ့ ကြော်ငြာကိုယ်စားလှယ်လို့ ထင်လာမိတယ်...
ဒါပေမယ့်လည်း ကိုယ့်ရဲ့ Gmail background လေးကို ပုံစံအသစ်လေးတွေ အမျိုးမျိုးပြောင်းကြည့်ရင်း သဘောကျလာတာနဲ့ပဲ သတိမထားမိသေးတဲ့ သူငယ်ချင်းတွေကို ပြောပြချင်တဲ့စိတ်ကလေးပေါ်လာတာကြောင့် ရေးဖြစ်သွားတာပါ။


Gmail background တစ်ခါမှ မပြောင်းဖူးသေးဘူးဆိုရင် Gmail ကိုဝင်လိုက်တာနဲ့ အခုလိုမြင်ရမှာပါ။

အဲဒီ "New! Colors and Themes" ဆိုတာလေးအောက်က "Themes tab" ဆိုတဲ့ link လေးကို နှိပ်လိုက်ရုံပါပဲ...
တကယ်လို့ အဲဒီစာလေးမတွေ့ဘူးဆိုရင်လဲ Gmail Setting ကနေတဆင့် Themes Tab လေးကို နှိပ်ရင်လည်းရပါတယ်...
အဲဒီမှာ အခုမြင်ရသလို Gmail က support လုပ်ထားတဲ့ background ပုံစံအမျိုးမျိုးကို မြင်ရမှာပါ...

ကိုယ်ကြိုက်တဲ့ design လေးရွေးပြီး ကိုယ့်ရဲ့ location ရွေးလိုက်တာနဲ့ Gmail background skin ပြောင်းသွားတာကို မြင်ရမှာပါ...
location ပေါ်လိုက်ပြီး ပုံလေးတွေနဲနဲကွဲပေမယ့် အားလုံး ချစ်စရာလေးတွေပါ...
ဒီပုံလေးကတော့ "Bus Sop" ဆိုတာလေးကိုရွေးထားတာပါ...

အားလုံးပဲ background အသစ်လေးတွေနဲ့ Gmail သုံးရင်းပျော်ရွှင်နိုင်ကြပါစေ...

ဆက်ဖတ်ရန်...

လူတော်...လူကောင်း

Posted by ဖက်တီးလေး at 9:06 PM

Friday, November 14, 2008

တကယ်တော်တဲ့သူတွေဟာ အရာရာကို သေချာစဉ်းစားချင့်ချိန်ပြီးမှ လုပ်လေ့ရှိကြတာမို့ တော်ရုံတန်ရုံနဲ့ အမှားမလုပ်တတ်ကြပါဘူး။
ဒါပေမယ့်လည်း...လူဆိုတာ အမှားနဲ့မကင်းနိုင်တာမို့...တကယ်လို့ အမှားလုပ်ခဲ့မိရင်ကော ....

ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုကို မှားမှန်းသိရင် အမှန်ကိုပြင်ဆင်နိုင်မှသာ လူကောင်းတစ်ယောက်ဖြစ်နိုင်လိမ့်မယ်လို့ ထင်တာပဲ။
လူတော်တစ်ယောက်ဖြစ်ဖို့က ပါရမီနဲ့ သက်ဆိုင်ပေမယ့် လူကောင်းတစ်ယောက်ဖြစ်ဖို့ကတော့ ကိုယ်ကျင့်သိက္ခာနဲ့ပဲဆိုင်တယ်လို့ ထင်မိတယ်။
လူတော်မဖြစ်ချင်နေပါစေ...လူကောင်းတစ်ယောက်တော့ဖြစ်ချင်တယ်...

ဆက်ဖတ်ရန်...

Gmail ကနေ Video Chat ရအောင်...

Posted by ဖက်တီးလေး at 5:53 PM

အခုပြောပြမှာကတော့ မကြာခင်ရက်ပိုင်းလောက်ကမှ အသစ်ပံ့ပိုးပေးလိုက်တဲ့ Gmail ရဲ့ Video Chat ဆိုတဲ့ feature အသစ်ကလေးအကြောင်းပါ။ Gtalk အတွက်မဟုတ်ပါဘူး။
တချို့လည်းသတိပြုမိပြီးသားဖြစ်မှာပါ။

Gmail ကို ၀င်လိုက်တာနဲ့ အပေါ်နားမှာ စာလုံးအနီရောင်နဲ့ New! Video chat ဆိုတာကမြင်သာပါတယ်။ ပုံမှာပြထားသလိုပေါ့...
(အဲဒီလိုမမြင်ရရင်လည်း ဒီနေရာကနေတဆင့်သွားလို့ရပါတယ်...)


အဲဒါလေးကို click လုပ်လိုက်တာနဲ့ အခုမြင်ရသလို install လုပ်ရမဲ့ web page တစ်ခုတက်လာပါလိမ့်မယ်။

'Install Voice and Video Chat' ဆိုတဲ့ buttonလေးကို click လုပ်လိုက်ရုံပါပဲ။
installation ပြီးသွားလို့ browser ကို restart လုပ်ပြီးသွားရင် ပုံမှာပြထားသလို ကိုယ့်ရဲ့ chat staus လေးပြောင်းသွားတာကို မြင်ရမှာဖြစ်ပါတယ်။

အဲဒါပြီးရင်တော့ ကိုယ်ကြိုက်တဲ့ သူနဲ့ Video Chat နိုင်ပါပြီ...
chat box ရဲ့အောက်ခြေနားက 'video and more' ဆိုတာလေးကို နှိပ်ပြီး 'Start Voice chat' ကို click လုပ်ရုံပါပဲ...

connection ရတာနဲ့တပြိုင်နက် မိမိရုပ်ပုံနဲ့ တစ်ဘက်ကလူရဲ့ ရုပ်ပုံကို မြင်ရမှာဖြစ်ပါတယ်။

လိုအပ်ချက်တွေကတော့ video chat အတွက် မဖြစ်မနေလိုအပ်တဲ့ web cam ရယ်၊ operating system ကတော့ Window XP နဲ့ အထက်ဖြစ်ရင်ရပြီလို့ဆိုပါတယ်။
အားလုံးပဲ Gmail ရဲ့ feature အသစ်ကလေးနဲ့ Video Chat ရင်းပျော်ရွှင်နိုင်ကြပါစေ...

ဆက်ဖတ်ရန်...

နှစ်သက်မိသော စာစုလေးများ...

Posted by ဖက်တီးလေး at 6:11 PM

Thursday, November 6, 2008

Live with 3 E's ...
Energy, Enthusiasm, Empathey
and the 3 F's ...
Faith, Family, Friends.


Life isn't fair, but it's still good.

Life is too short to waste time hating anyone.

Make peace with your past, so it won't mess up the present.

Don't compare your life to others'. You have no idea what their jouney is all about.

No one is in charge of your happiniess except you.

Forgive everyone for everything.

What other people think of you is none of your business.

Time heals almost everything. Give time, time.

However good or bad situation is, it will change.

ဆက်ဖတ်ရန်...

မျက်နှာဖုံးလေးများ...

Posted by ဖက်တီးလေး at 5:52 PM

ဂျပန်လူမျိုး အများစုဟာ မျက်နှာဖုံးတွေကို နှစ်သက်ကြတယ်။
ဒါကြောင့်လည်း သူတို့တွေရဲ့အိမ်တွေမှာ အမြတ်တနိုးချိတ်ဆွဲထားလေ့ ရှိကြတယ်။
နောက်ပြီး သူတို့တွေဟာ မျက်နှာဖုံးတွေလိုလဲ ကျင့်ကြံနေထိုင်ကြတယ်။

ဆိုလိုတာက သူတို့တွေရဲ့စိတ်ထဲက ခံစားချက်တွေကို မျက်နှာပေါ်မှာ မပေါ်လွင်စေဘူး။
ဒါကြောင့် သူတို့စိတ်ထဲမှာ ဘာတွေရှိတယ်ဆိုတာကို သူတို့မျက်နှာကို ကြည့်ရုံနဲ့ အလွယ်တကူ မသိရှိနိုင်ဘူး။
အရင်ကတော့ ကိုယ်အဲဒါကို လုံးဝသဘောမကျခဲ့ဘူး။ မှန်တယ်လို့လည်း မထင်ခဲ့မိဘူး။
ဒါပေမယ့် အခု တစ်ခုစဉ်းစားမိတာက တကယ်လို့များ ကိုယ်ရဲ့ဟန်ဆောင်ခြင်းဟာ သူတစ်ပါးကို မထိခိုက်စေတဲ့အပြင် စိတ်ကျေနပ်မှုပါ ရသွားစေနိုင်ခဲ့မယ်ဆိုရင်ရော ဆိုတာပါပဲ။

ဆက်ဖတ်ရန်...

အချစ်မှာ အကွာအဝေးရှိတယ်...

Posted by ဖက်တီးလေး at 6:28 PM

Wednesday, November 5, 2008

အချစ်ဆိုတာ သူနားခိုစရာ နှလုံးသားတစ်စုံရှိမှသာ ရှင်သန်ကြီးထွားလာနိုင်မှာပါ....
ငါတစ်ယောက်တည်းပိုင်ဆိုင်တယ်လို့ ထင်မိခဲ့တဲ့ နင့်ရဲ့နှလုံးသားဟာ တကယ်တော့ လူတကာ ၀င်ထွက်သွားလာနေတဲ့ သာလာယံဇရပ်တစ်ခုဆိုတာ မထင်မှတ်ပဲ သိလိုက်ရတယ်...
အချစ်မှာ အကွာအဝေးဆိုတာမရှိဘူးဆိုတာ လူတိုင်းအတွက်မမှန်ဘူးဆိုတာ ငါနားလည်ခဲ့ပြီ...
ငါမရှိတဲ့ အချိန်တိုလေးအတွင်း နင့်နှလုံးသားမှာ ငါ့အတွက်နေရာပျောက်ဆုံးခဲ့ပြီ...
အခုတော့ နားခိုရာမဲ့သွားပြီဖြစ်တဲ့ နင့်အပေါ်ထားရှိခဲ့တဲ့ ငါ့အချစ်တွေကို မြန်မြန်သေဆုံးစေချင်ပြီ...

ဆက်ဖတ်ရန်...

မိုးရွာနေတယ်....

Posted by ဖက်တီးလေး at 6:50 PM

Monday, November 3, 2008

တစ်နေ့မှာ ကိုလေပြည်တစ်ယောက် အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာတုန်း လူတစ်ယောက်ဆီက
ဟာ...မိုးရွာပြီဟေ့...”ဆိုပြီး ၀မ်းသာအားရအော်ပြောသံကို ကြားလိုက်ရတယ်။
ဒါနဲ့ သူလည်း မိုးမမိအောင် ခပ်သွက်သွက်သွားမှပဲဆိုပြီး ထွက်သွားမယ့်အလုပ်မှာ အသံတိုးတိုးလေးတစ်ခုကို ကြားလိုက်ရသတဲ့...

ငါ့ရဲ့မျက်ရည်တွေကြောင့် သူပျော်နိုင်ခဲ့မယ်ဆိုရင် ငါငိုကျွေးရကြိုးနပ်ပါပြီ”...တဲ့လေ။
ဘယ်သူပြောလိုက်တာပါလိမ့်ဆိုပြီး...ကမန်းကတန်းလိုက်ရှာကြည့်မိလိုက်တော့...သူ့ရဲ့ခေါင်းအထက်နားဆီမှာ ၀မ်းပမ်းတနည်း ငိုကျွေးနေရှာတဲ့ တိမ်တိုက်တစ်ခုကိုတွေ့လိုက်ရသတဲ့။

အင်းလေ...တကယ်တော့...မိုးရွာတယ်ဆိုတာ တိမ်တိုက်တစ်ခုရဲ့ငိုကျွေးမှုပါပဲနော်...
ငါ့မျက်ရည်တစ်စက်ကြောင့် နင်တစ်ရက်ပျော်ရွှင်ခဲ့မယ်ဆိုရင် နင်တစ်သက်လုံးပျော်နိုင်ဖို့ ငါ့မျက်လုံးတွေ ကန်းသွားပါစေ...ငါနေ့စဉ်ရက်စက် ငိုကျွေးနေပါ့မယ်....

ဆက်ဖတ်ရန်...

နိုင်ငံရေးဆိုတာ...

Posted by ဖက်တီးလေး at 12:11 AM

Saturday, November 1, 2008

တစ်နေ့တွင် သားဖြစ်သူက သူ့ဖခင်ကိုမေး၏။
ဖေဖေ...နိုင်ငံရေးဆိုတာ ဘာလဲဟင်
ဖခင်ဖြစ်သူက “ကောင်းပြီ..ငါ့သား...မင်းကို ဖေဖေ ဥပမာနဲ့ ရှင်းပြမယ်


အင်း...ဖေဖေ က ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးဖြစ်တာကြောင့် ဖေဖေ့ကို သမ္မတလို့ မှတ်လိုက်ပေါ့ကွာ...
မင်းမေမေကတော့ ငွေကြေးစီမံခန့်ခွဲသူမို့ အစိုးရပေါ့ကွာ...
ဖေဖေတို့တွေက သားရဲ့လိုအင်ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးနေရတာဆိုတော့ သားကတော့ ပြည်သူလူထု နေရာကပေါ့...
နောက်...ဖေဖေတို့အိမ်က ကလေးထိန်းကတော့ အလုပ်သမား လူတန်းစားပေါ့ကွာ...
သားရဲ့ညီလေးကိုတော့ အနာဂတ်လို့ သတ်မှတ်လိုက်ရအောင်...
ကဲ...အခုဖေဖေပြောတဲ့ ဥပမာကို သေသေချာချာ စဉ်းစားပြီး ငါ့သား ဘယ်လိုနားလည်လဲဆိုတာ ဖေဖေ့ကိုပြောပြ..ဟုတ်ပြီလား...”

ဒါနဲ့ သားဖြစ်သူက အဲဒီအကြောင်းကို စဉ်းစားရင်းနဲ့ အိပ်ပျော်သွားတယ်။
ညသန်းခေါင်ကျတော့ သူ့ညီငယ်လေးရဲ့ စူးစူးဝါးဝါး အော်ငိုသံကြားတော့ ဘာဖြစ်တာပါလိမ့်ကို သွားကြည့်တဲ့အခါမှာ...
ကလေးက အနှီးထဲမှာ အညစ်အကြေးတွေနဲ့ ပေရေနေတာကို တွေ့လိုက်ရတယ်။
ဒါနဲ့ပဲ...သူ့ညီလေးကို အနှီးအသစ်လဲပေးဖို့အတွက် သူ့အမေဆီကို သွားကြည့်တဲ့အခါ အမေလုပ်သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာကို တွေ့ရတယ်။
အမေကို့ မနိုးစေချင်တဲ့ သားငယ်လေးဟာ ကလေးထိန်းကို သွားရှာမယ်ဆိုပြီး ကလေးထိန်းရဲ့ အခန်းရှေ့ကိုရောက်တော့ တံခါးပိတ်ထားတာကို တွေ့ရပြန်ရော။
ဒါနဲ့ သော့ပေါက်လေးကနေချောင်းကြည့်လိုက်တော့ သူ့ဖခင်ဖြစ်သူကို ကလေးထိန်းအမျိုးသမီးနဲ့ အတူတူ အိပ်ယာပေါ်မှာ တွေ့လိုက်ရတယ်။
နောက်ဆုံးတော့ သူလည်း လက်လျော့ပြီး ပြန်အိပ်လိုက်တော့တယ်။
နောက်နေ့မနက်လင်းတော့ ဖခင်ဖြစ်သူဆီသွားပြီး ...
ဖေဖေ...သား..နိုင်ငံရေးရဲ့သဘောတရားကို နားလည်သွားပြီ...” လို့ပြောလိုက်တယ်။
ကောင်းတယ်..ငါ့သား..ဒါနဲ့ မင်းနားလည်သလို ဖေဖေ့ကို ပြန်ပြောပြစမ်း ” လို့ ဖခင်ကပြောလိုက်တယ်။
သမ္မတက အလုပ်သမားလူတန်းစားနဲ့ ဖောက်ပြန်နေချိန်မှာ အစိုးရက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်...
ပြည်သူလူထုကတော့ လျစ်လျူရှုခံထားရပြီး အနာဂတ်ကတော့ ရစရာမရှိအောင်စုတ်ပြတ်နေတာပဲ...
” လို့ပြောလိုက်တယ်။

ဆက်ဖတ်ရန်...