Happy New Year , 2009 !!!

Posted by ဖက်တီးလေး at 12:00 PM

Wednesday, December 31, 2008


ဆက်ဖတ်ရန်...

ငါ့ကမ်းဆီပြန်လည်လှော်ခတ်လာမယ့်လှေကလေး

Posted by ဖက်တီးလေး at 11:03 PM

Friday, December 26, 2008

ဒီကဗျာလေးကို နှစ်သက်မိလို့ ဆရာမ မနော်ဟရီ ဆီကနေ ခွင့်ပြုချက်တောင်းပြီး တင်ထားတာပါ...
ခွင့်ပြုပေးခဲ့တဲ့ ဆရာမကို အထူးကျေးဇူးတင်ရှိပါတယ်...


ငါ့ကမ်းဆီပြန်လည်လှော်ခတ်လာမယ့်လှေကလေး


ကမ်းပါးထိပ်မှာ
ငါရပ်နေခဲ့တယ်...
ငါ့ကမ်းဆီပြန်လည်လှော်ခတ်လာမယ့်လှေကလေးအတွက်..။

သံသရာဆိုတာသိပ်ကျယ်ပြောတာပဲ
ငါတို့တစ်နေရာရာမှာသစ္စာပြုခဲ့ကြဖူးသလား
တရားသော“စစ်”ဟာလည်း“စစ်”ပဲ
ငါတို့ဝေးခဲ့ကြဖူးတယ်။

ဘယ်နေရာမှာပြန်ဆုံမယ်ဆိုတာသိတော့သိခဲ့ကြမှာပဲ..
လှိုင်းတွေကကြီးလွန်းပြီးပင်လယ်ကွေ့တွေကများလွန်းတယ်
ဆံချည်တစ်မျှင်စာလောက်ပဲကွာတဲ့ဖြစ်ရပ်တွေကလည်းအများကြီးပဲ
အရောင်တွေကိုငါတို့နှလုံးသားနဲ့ပဲခွဲရလိမ့်မယ်
သစ်အယ်သီးရောင်လှေကလေးဟာကမ္ဘာမှာတစ်စင်းတည်းရှိတာမှမဟုတ်တာ။

အဲဒီအချိန်မှာအရာရာအားနည်းနေခဲ့ရင်
အမှတ်အသားပြုခဲ့တဲ့နေရာတွေနဲ့လွဲရလိမ့်မယ်
ချစ်သူရယ်
ဟောဒီကမ်းပါးထိပ်မှာ
ကိုယ်ရပ်နေခဲ့ပါတယ်။ ။
မနော်ဟရီ

ဆက်ဖတ်ရန်...

Merry Christmas !!!

Posted by ဖက်တီးလေး at 12:05 AM

Thursday, December 25, 2008

အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ Christmas ဖြစ်ပါစေ...
Metacafe က ချစ်စရာ Teddy Bear လေးရဲ့ Video Files လေးတွေကို စုပြီးတင်ပေးထားတာပါ...




ဆက်ဖတ်ရန်...

Bamar Talk ကနေတဆင့် ဖုန်းခေါ်ချင်ရင်...

Posted by ဖက်တီးလေး at 3:16 PM

Sunday, December 21, 2008

အခုပြောပြမှာက Bamar Talk ကနေတဆင့် မြန်မာပြည်နဲ့ တခြားနိုင်ငံများသို့ ဈေးနှုန်းချိုသာစွာနဲ့ ဖုန်းခေါ်ဆိုနည်းပါ...
တချို့လည်းသိပြီးသားဖြစ်မှာပါ...

စိတ်ဝင်စားရင် ဒီနေရာမှာ အသေးစိတ်ဖတ်ရှုလို့ရပါတယ်...

မြန်မာပြည်ကို ဖုန်းခေါ်ဆိုခကတော့ လိုင်းဖုန်းအတွက် တစ်မိနစ်ကို ( ၀.၁၈$ )ဖြစ်ပြီး mobile ဖုန်းအတွက် ( ၀.၃$ ) ဖြစ်ပါတယ်...
မြန်မာပြည်မှ ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်ရန်အတွက်ကတော့ oversea call service ဖွင့်ထားဖို့လိုအပ်ပါတယ်...
ဂျပန်မှာတော့ မြန်မာအများစုက HELLO Phone Card လေးတွေသုံးကြပါတယ်...
ဗုဒ္ဓဟူးနေ့ ဆိုရင် (from 7 A.M to 7 P.M) (၂)ဆ ရပြီး..တစ်မိနစ်ကို ( ၀.၁၉ $ )လောက်ပဲကျပါတယ်...
ကျန်တဲ့ရက်တွေမှာတော့ တစ်မိနစ်ကို ( ၀.၃၈$ )လောက်ကျပါတယ်...
Bamar Talk ရဲ့အားသာချက်က မြန်မာပြည်လိုင်းဖုန်းတွေကို ဆက်သွယ်ဖို့ ဈေးနှုန်းသက်သာတာရယ်...
နောက်ပြီး...ကိုယ့် account မှာ credit သွင်းရတာ အရမ်းကို လွယ်ကူမြန်ဆန်တာပါပဲ...
နောက်တစ်ခုက..မြန်မာပြည်ကနေလည်း ဈေးနှုန်းချိုသာစွာနဲ့ ဖုန်းခေါ်ဆိုလို့ရတာပါပဲ...
အခုလက်ရှိအသုံးပြုနေတဲ့ ဖုန်းခေါ်ဆိုခထက် သက်သာမယ်ဆိုရင် စမ်းသုံးကြည့်လို့ရအောင်လို့ ဒီပို့စ်လေးတင်ပေးလိုက်တာပါ...
အားလုံးပဲ မိမိချစ်ခင်နှစ်သက်သူများနှင့် လွယ်ကူချောမွေ့စွာဆက်သွယ်နိုင်ပါစေ...

ဆက်ဖတ်ရန်...

Gtalk Chat box မှာ background image လေးတွေထည့်ချင်ရင်...

Posted by ဖက်တီးလေး at 8:30 PM

Wednesday, December 17, 2008

ဒီပို့စ်လေးက Gtalk Chat box မှာ မိမိနှစ်သက်ရာ background image လေးတွေထည့်နိုင်ဖို့နဲ့ နောက်ပြီး ဒီပုံမှာမြင်ရသလို smiley pictures လေးတွေ သုံးလို့ရနိုင်တဲ့ နည်းလမ်းလေးကို ပြောပြမှာပါ...


စိတ်ဝင်စားတယ်ဆိုရင် ဒီနေရာမှာ MyTheme ဆိုတဲ့ exe file လေးကို download လုပ်ပြီး install လုပ်လိုက်ပါ...
installation ပြီးသွားရင် Start-> All Programs -> DaSh -> MyTheme ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်...
အဲဒီမှာရှိတဲ့ Help ဆိုတဲ့ pdf file လေးကိုဖတ်ပြီး ဆက်လုပ်သွားရင် ရပါပြီ...
Help file မဖတ်ချင်သူများအတွက်လည်း ဒီမှာပြောပြထားသလို ဆက်လုပ်သွားရင် ရပါတယ်...
ပထမဆုံး MyTheme ကို apply လုပ်ဖို့အတွက် Gtalk ရဲ့ Setting ကနေတဆင့် Appearance ကိုသွားပါ...
(တကယ်လို့ chat windows တွေဖွင့်ထားတာများရှိခဲ့ရင် အားလုံးအရင်ပိတ်ထားလိုက်ပါ...)
အဲဒီမှာ "Chat Theme" ရဲ့ drop down list မှာ "MyTheme" ကိုရွေးရမှာဖြစ်ပါတယ်...
အဲဒါပြီးသွားရင်တော့ ကိုယ်ကြိုက်တဲ့ background image ကိုရွေးလို့ရပြီဖြစ်ပါတယ်...
Start-> All Programs -> DaSh -> MyTheme -> Change background ဆိုတာကို click လုပ်လိုက်ပါ...
ကိုယ်နှစ်သက်ရာ jpg image တစ်ခုကိုရွေးပြီး open လုပ်လိုက်ပါ...
background image already changed ဆိုတဲ့ message ကို တွေ့ရမှာဖြစ်ပါတယ်...
အဲဒီအချိန်မှာ တကယ်လို့ chat windows တွေဖွင့်ထားတာများရှိခဲ့ရင် ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ...
ကိုယ် change လိုက်တဲ့ background ပြောင်းသွားတာကို မြင်ရမှာဖြစ်ပါတယ်...

Smileys pictures လေးတွေကတော့ အရင်ပုံမှန်သုံးနေကြလိုပါပဲ...
ဥပမာ...လက်ခုပ်တီးနေတဲ့ ပုံလေးအတွက် .... =D or :clap
ရီနေတဲ့ပုံလေးအတွက် ... :)) or :ha
နောက်ထပ်အများကြီးသုံးလို့ရပါတယ်...help file ထဲမှာကြည့်လိုက်နော်...


အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ...

ဆက်ဖတ်ရန်...

ပြက္ခဒိန်လေးတွေ လုပ်ကြရအောင်...

Posted by ဖက်တီးလေး at 12:01 AM

Sunday, December 14, 2008

မကြာခင်မှာ ၂၀၀၈ ခုနှစ်ကုန်ဆုံးလို့ ၂၀၀၉ ကိုရောက်တော့မှာဆိုတော့ နှစ်သစ်ကူးလက်ဆောင်အနေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်တိုင်လုပ်ထားတဲ့ ပြက္ခဒိန်ကလေးတွေ ပေးကြရအောင်နော်...
ဟိုအရင်အချိန်တွေတုန်းက ကိုယ်တိုင်လက်ဆောင်ပေးနိုင်ခဲ့ပေမယ့် ဒီနှစ်တော့ online ကတဆင့်ပဲပေးနိုင်တော့တယ်... သူငယ်ချင်းတို့ရေ...

ဒီမှာမြင်ရတဲ့အတိုင်း calander လေး(၂)ခုလုပ်ကြည့်လို့ရပါတယ်...


လုပ်ရတာတော့ သိပ်မခက်ပါဘူး...
ဒီနေရာမှာ ပုံစံ(၁) နဲ့ ပုံစံ(၂) ဆိုတဲ့ pdf files လေးတွေကို download လုပ်ပြီး စက္ကူပေါ်မှာ ပြထားတဲ့ အရာအတိုင်း ကပ်ကြေးနဲ့ညှပ်ပြီး ခေါက်ရိုးလေးတွေအတိုင်း ခေါက်လိုက်ရုံပါပဲ...
ပုံစံ(၁) အတွက် A4 size စက္ကူ(၁)ရွက်ပဲလိုမှာဖြစ်ပြီး နဲနဲထူတဲ့စက္ကူဆိုပိုကောင်းပါတယ်...
တစ်ခုနဲ့တစ်ခုကို “ကော်” ကိုအသုံးပြုပြီး ကပ်ရမှာဖြစ်ပါတယ်....
ပုံစံ(၂)အတွက်ကတော့ A4 size စက္ကူ(၃)ရွက်လိုမှာဖြစ်ပြီး ရိုးရိုးစက္ကူနဲ့ကပိုအဆင်ပြေပါတယ်...
စက္ကူ(၃)ရွက်ကို အရောင်(၃)မျိုးနဲ့လုပ်မယ်ဆိုရင် ပိုပြီးလှပချစ်စရာကောင်းတဲ့ ပြက္ခဒိန်ကလေးရလာမှာပါ...
ပုံစံ(၂)လုပ်ရတာ နဲနဲလေးတော့ ပိုရှုပ်ပါတယ်...
ဒါကြောင့် လုပ်ပုံလုပ်နည်း အသေးစိတ်ကို ဒီနေရာမှာ ဖော်ပြထားပါတယ်...


ပုံမှာပြထားတဲ့အတိုင်း လ(၁)လချင်းဆီကို ခေါက်ပြီး စက္ကူခေါက်လေးတွေတစ်ခုကြားထဲတစ်ခု ဒီအတိုင်းသွင်းသွားရုံပါပဲ...
ကိုယ့်စားပွဲပေါ်မှာပဲတင်ထားထား...သူငယ်ချင်းတွေကိုပဲလက်ဆောင်ပေးပေး...ချစ်စရာကောင်းတဲ့ ပြက္ခဒိန်ကလေးတွေလုပ်ရင်း ပျော်ရွှင်နိုင်ကြပါစေ...

ဒီဇင်ဘာ(၁၄)ရက်နေ့မှာကျရောက်သော မွေးနေ့မှသည် ဘ၀တစ်လျှောက်လုံး ပျော်ရွှင်နိုင်ပါစေ...

ဆက်ဖတ်ရန်...

Window Vista Auto Update Failure ဖြစ်ခဲ့ရင်...

Posted by ဖက်တီးလေး at 11:59 PM

Tuesday, December 2, 2008

အခုတလောပို့စ်အသစ်မတင်ဖြစ်တာတော်တော်ကြာနေပြီဆိုတာ ကိုယ့်ကိုကိုယ်လည်း သတိထားမိပါတယ်....
စိတ်ရှုပ်နေရတဲ့အထဲ Lab က ကွန်ပျူတာကတမျိုး...အိမ်က ကွန်ပျူတာကတမျိုး ပြသနာအမျိုးမျိုးပဲလှည့်ပတ်ရှင်းနေရတယ်...
ဒီ Laptop လေးမှာ Window Update Failure ဖြစ်နေတာတော့ကြာပြီ...
ကိုယ်လဲ စိတ်မရှိတာနဲ့ ပစ်ထားလိုက်တာ...အခုတော့ ဘယ် application မှကို update မလုပ်တော့ဘူး...
ဒီနေ့တော့ စိတ်ရှည်ရှည်နဲ့ပဲ ကွန်ပျူတာ ရှင်းလင်းရေး ထိုင်လုပ်နေလိုက်တယ်...
ဒီပို့စ်လေးက အားလုံးနဲ့ မသက်ဆိုင်ပေမယ့် တကယ်လို့များ ဒီလိုပြသနာမျိုးကြုံလာခဲ့ရင် ဖြေရှင်းလို့လွယ်အောင် တင်ပေးလိုက်တာပါ...


တကယ်လို့များ ကိုယ့်ရဲ့ System မှာ auto update လုပ်တဲ့ application တွေ (eg. Window Update, Anti-Virus Update)အလုပ်မလုပ်တော့ဘူးဆိုရင် ဒီနည်းလေးနဲ့စမ်းကြည့်နော်...
ကိုယ်ကတော့ ပထမဆုံး manual update လုပ်ဖို့စမ်းကြည့်တယ်...သက်ဆိုင်ရာ application ရဲ့ Update Now ဆိုတာကို click လုပ်ပြီးတော့ပေါ့...
ဘယ်လောက်ပဲ update လုပ်လုပ် "connection fail" or "can't update" ဆိုတာမျိုးပဲဖြစ်နေရင် error message ကိုကြည့်လိုက်...
တကယ်လို့သာ “Windows Vista Update 80244019” ဆိုရင်တော့ အရင်ဆုံး
ဒီနေရာမှာ Anti-Malware လေးကို download လုပ်ယူပါ။
ပြီးရင် double-click လုပ်ပြီး install လုပ်လိုက်ပါ။
installation ပြီးသွားရင် computer scan ဖတ်လိုက်ပါ။ ကွန်ပျူတာထဲမှာရှိတဲ့ Malware တွေကိုရှာပေးပါလိမ့်မယ်။
ပြီးတာနဲ့ computer ကို restart လုပ်လိုက်ပါ။
window ပြန်တက်လာတဲ့အချိန်မှာ Control Panel ကနေတဆင့် Window Update လုပ်လိုက်ပါ။
အဲဒီအချိန်မှာ တခြား suspend ဖြစ်နေတဲ့ applicaiton update တွေလည်း အလိုလို ပြန်အလုပ်လုပ်လာပါလိမ့်မယ်။

ကိုယ်ကတော့ computer ကို တစ်ခါတည်း ရှင်းလင်းရေးပါထပ်လုပ်လိုက်တယ်...
ပစ်စလက်ခပ် download လုပ်ထားခဲ့တဲ့ file တွေကို သိမ်းသင့်တဲ့နေရာမှာသိမ်း၊ နောက်ပြီး မလိုအပ်တဲ့ file တွေဖျက်ပစ် လုပ်လိုက်တယ်...
အဲလိုတွေလုပ်လိုက်မှတော့ disk defragmentation လေးတော့လုပ်သင့်တယ်ဆိုပြီး AusLogics Disk Defrag ကိုသုံးပြီး defragmentation ပါလုပ်လိုက်တယ်...
Window Vista မှာပါတဲ့ Disk Defragmenter (Start-> All Program-> Accessories-> System Tools) ကသုံးရတာ သိပ်အဆင်မပြေဘူး...
progress ကိုလည်းမမြင်ရဘူး..နောက်ပြီး အချိန်လည်းကြာတယ်...
ဒါနဲ့ AusLogics Disk Defrag ကိုပဲသုံးဖြစ်တယ်...လိုချင်ရင် ဒီမှာ download လုပ်ယူနော်...
အားလုံးပဲ ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ....

ဆက်ဖတ်ရန်...