ကြုံရင်ပြောပေးပါ...ဟန်ထူးလွင်

Posted by ဖက်တီးလေး at 9:41 PM

Tuesday, October 6, 2009

ဘာလိုလိုနဲ့ ဖက်တီးလေးတောင် တစ်နှစ်ပြည့်ခဲ့ပြီပဲ...


ဆက်ဖတ်ရန်...

ကျမ်းကိုးစာရင်း---- မင်းလူ

Posted by ဖက်တီးလေး at 7:45 PM

Saturday, September 19, 2009

ပုံ့ပုံ့ ကဟာသလေးတွေတင်ပါဦးလို့ ပြောတာရယ်... နောက်ပြီး ဒီနေ့ဖတ်ဖြစ်တဲ့ “ဆရာ မင်းလူ” ရဲ့ “ကျမ်းကိုးစာရင်း” ဆိုတဲ့ စာအုပ်ကလေးထဲက စာသားလေးတွေကို သဘောကျမိတာရယ်ကြောင့် အဲဒီထဲက စာလေးတွေကို သူငယ်ချင်းအားလုံးကို မျှဝေလိုက်ပါတယ်...

(၁)
ယုတ္တိဗေဒသမားတစ်ယောက်သည် ဘတ်စ်ကားစောင့်နေ၏။ သူစီးရမည့် အမှတ်(၄၈)ဘတ်စ်ကားသည် အချိန်အတော်ကြာအောင် ရောက်မလာခဲ့။ ထိုအခါ သူသည် မှတ်တိုင်သို့ ဆိုက်လာသော အမှတ်(၄၇)ကားကို တက်စီးလိုက်၏။ လမ်းဆုံမှာဆင်းပြီး အမှတ်(၁) ကားကို ပြောင်းစီးလိုက်သည်။ “(၄၇) နှင့် (၁) နဲ့ပေါင်းတော့ (၄၈) ဖြစ်သွားတာပေါ့..” ဟု သူကသတ်မှတ်သည်။ နောက်ဆုံးတော့ သူသည် သွားလိုရာခရီးနှင့် ဆန့်ကျင်ဘက်အရပ်သို့ရောက်သွားလေသည်။

(၂)
စာပေသမားတစ်ယောက်သည် ကားတစ်စီးငှားပြီး ခရီးထွက်လာခဲ့သည်။ ထမင်းစားချိန်ရောက်သောအခါ မြို့ငယ်တစ်မြို့ရှိ ထမင်းဆိုင်တစ်ဆိုင်ရှေ့မှာ ကားရပ်လိုက်ပြီး ဒရိုင်ဘာက “ထမင်းစားကြရအောင် ဆရာ..ဒီဆိုင်ကဟင်းတွေ သိပ်ကောင်းတယ်...” ဟုပြောသည်။ စာပေသမားက ဆိုင်ကိုလှမ်းကြည့်ပြီးခေါင်းခါလိုက်သည်။ “ဆိုင်းဘုတ်ကိုကြည့်စမ်း..ထမင်းဆိုတဲ့စာလုံးကို “ထဆင်ထူး”နဲ့ “မ” ကို နှစ်လုံးဆင့်ရေးထားတယ်။ သတ်ပုံမှားနေတယ်။” ဟု မနှစ်မြို့ဟန်ဖြင့်ပြောသည်။ ထိုအခါ ဒရိုင်ဘာက “ဆရာက ထမင်းစားမှာလား.. သတ်ပုံစားမှာလား..”ဟုပြန်မေးလိုက်လေသည်။

(၃)
ပညာရှိကြီးက စာအုပ်ပုံကို လက်ညိုးထိုးပြပြီး “ဟောဒီ စာအုပ်တွေဟာ ငါ့ရဲ့အတွေးအခေါ်တွေပဲ။ ” ဟုဆို၏။ “အဲဒီ အတွေးအခေါ်တွေ ပေါင်းလိုက်ရင် အချိန် (၁၀)လောက်တော့ ရှိမယ်နော်.. ဆရာကြီး” ဟု ဘော်တယ်ကုလားက ပြန်ပြောလိုက်၏။

(၄)
သစ်ပင်အရိပ်ကောင်းကောင်းအောက်မှာ ထိုင်ရင်းငေးမောနေသော အလုပ်လက်မဲ့တစ်ယောက်နားသို့ ဘောဂဗေဒပညာရှင်တစ်ယောက် ရောက်ရှိလာ၏။ သူက “မင်း အလုပ်တစ်ခုခုကို ကြိုးကြိုးစားစား လုပ်သင့်တယ်။ ဒါမှ အသက်ကြီးလာတဲ့အခါ ဇိမ်နဲ့နေနိုင်မှာပေါ့။”ဟု အကြံပေးညွှန်ကြားသည်။ ထိုအခါ အလုပ်လက်မဲ့က ပြန်ပြော၏။ “ဒါဆို ဘာလုပ်နေစရာလိုတော့လို့လဲဗျာ။ အခုလဲ ကျွန်တော် ဇိမ်နဲ့ထိုင်နေတာပဲ။” ဟု ပြန်ပြောလိုက်၏။

(၅)
သင်္ချာသမားတစ်ယောက်သည် အပြင်သွားခါနီးတွင် သတင်းစာထဲက မိုးလေ၀သ သတင်းကို ဖတ်ကြည့်သည်။ “ယနေ့ မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၅၀)” ဟု ထင်မြင်ချက်ပေးထားသည်။ ထို့ကြောင့် သူသည် မိုးကာအင်္ကျီဝတ်ပြီး နေကာမျက်မှန်တပ်လျက် ထွက်သွားလေသည်။

(၆)
“ယောက်ျားတွေ အမှားကြီးမှားပြီဆိုရင် အသက်တစ်ချောင်းဆုံးရှုံးရတဲ့အထိ ဖြစ်သွားတတ်တယ်” ဟု ရှေ့နေတစ်ယောက်က ပြောသောအခါ ဆရာဝန်တစ်ယောက်က “မိန်းမတွေ အမှားကြီးမှားပြီဆိုရင် အသက်တစ်ချောင်းကို မွေးထုတ်ပေးရတတ်တယ်ဗျ” ဟု ပြန်ပြောလိုက်သည်။

သူငယ်ချင်းအားလုံး ပျော်ရွှင်စရာနေ့လေးတွေကို ပိုင်ဆိုင်ကြပါစေလို့...

ဆက်ဖတ်ရန်...

မိတ်ကပ်..ဆံပင် အလှပြင်ရအောင်...

Posted by ဖက်တီးလေး at 10:48 PM

Wednesday, August 26, 2009

အခုတလော ဘာတွေနဲ့ရှုပ်နေမှန်းကို မသိဘူး...
ဘလော့ဂ်လေးမှာ ပို့စ်အသစ်မတင်နိုင်တာ တော်တော်လေးတောင် ကြာသွားပြီ...
ရှားရှားပါးပါး လာလည်နေကြတဲ့ သူငယ်ချင်းတွေကိုလည်း အရမ်းကို အားနာမိပါတယ်...
ဒါကြောင့် အပျင်းပြေ ဆော့လို့ရတဲ့ web site လေးတစ်ခုကို ပြောပြမယ်နော်... :)

လူတိုင်းမှာ ဆံပင်ပုံစံက တော်တော်အရေးပါတယ်လို့ ထင်မိတာပဲ...
တစ်ခါတစ်လေ သူများညှပ်ထားတာမြင်လို့ ကိုယ်နဲ့လိုက်မလားထင်ပြီး ညှပ်လိုက်မိကာမှ တော်တော်လေး ကြည့်ရဆိုးသွားတာ မျိုးတွေလဲ တွေ့ဖူးတယ်...
ကိုယ်နဲ့လိုက်..မလိုက်ဆိုတာကလဲ ဘယ်လိုကြိုသိနိုင်မလဲနော်...
တစ်ချို့နာမည်ကြီးတဲ့ အလှပြင်ဆိုင်တွေမှာဆိုရင်တော့ ကိုယ့်မျက်နှာနဲ့လိုက်ဖက်မယ့် ဆံပင်ပုံလေးတွေကို computer effect သုံးပြီး အမျိုးမျိုးစမ်းသပ်ကြည့်ပေးပြီးမှ ကိုယ့်စိတ်ကြိုက်(ကိုယ်နဲ့လိုက်ဖက်တဲ့)ပုံလေးတွေ ညှပ်ပေးတယ်လို့ ကြားဖူးတာပဲ...
ဒါပေမယ့် ဆံပင်ညှပ်ဆိုင်တိုင်းတော့ အဲလိုလုပ်မပေးနိုင်သေးဘူး ထင်တယ်နော်...
အဲဒီတော့ ကိုယ့်ဓာတ်ပုံလေးနဲ့ ကိုယ့်ဟာကိုယ် စမ်းမကြည့်ချင်ကြဘူးလားဟင်...
အဲလို စမ်းသပ်ကြည့်ချင်ရင်တော့ ဒီlink လေးကနေတဆင့် စိတ်ကြိုက်စမ်းသပ်ကြည့်နိုင်ပါတယ်လို့ သတင်းကောင်း ပါးလိုက်ပါတယ်နော်...

ဖက်တီးလေးတော့ ကိုယ့်ဓာတ်ပုံနဲ့ မိတ်ကပ်၊ ဆံပင် ပုံစံအမျိုးမျိုးပြောင်းကြည့်နေတာ တော်တော်ရီရတယ်.. ပျော်စရာလဲကောင်းတယ်...
အားလုံးပဲ မိမိနဲ့လိုက်ဖက်မယ့် မိတ်ကပ်၊ ဆံပင်ပုံစံလေးတွေကို ရှာဖွေရင်း ပျော်ရွှင်စရာနေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့...

ဆက်ဖတ်ရန်...

Don't Leave Home- Dido

Posted by ဖက်တီးလေး at 8:12 AM

Wednesday, August 12, 2009


ဆက်ဖတ်ရန်...

လိပ်ပြာဝှက်တမ်း- ၀ိုင်းစုခိုင်သိန်း

Posted by ဖက်တီးလေး at 3:09 AM

Tuesday, June 30, 2009

ဒီနေ့က အဖြူရောင်သံစဉ် ရေဒီယို ရဲ့ နှစ်ပတ်လည်နေ့တဲ့...
အခုတလော ဒီသီချင်းလေးကို ခဏခဏ နားထောင်ဖြစ်နေတာနဲ့ပဲ အမှတ်တရ တင်လိုက်တာ...
ဝိုင်းစုခိုင်သိန်းရဲ့ သီချင်းတွေသိပ်နားမထောင်ဖူးပေမယ့် ဒီသီချင်းလေးကတော့ သူ့အသံအေးအေးလေးနဲ့လိုက်သလိုပဲ...

“ အသိစိတ်ကထိန်းချုပ်လည်း မသိစိတ်ကသတိရနေ... ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး...”

ဆက်ဖတ်ရန်...

inbox ကတစ်ချို့ mail တွေကို Mute လုပ်ချင်ရင်..

Posted by ဖက်တီးလေး at 2:56 PM

Saturday, June 6, 2009

ဒါကတော့ Gmail ရဲ့ နောက်ထပ် feature လေးတစ်ခုပါ..
တစ်ခါတစ်ခါ..ကိုယ်က mailing list တစ်ခုခုကို subscribe လုပ်ထားမိလို့ပဲဖြစ်ဖြစ်... ကိုယ်နဲ့သိပ်ပြီးမသက်ဆိုင်တဲ့ အပြန်အလှန်ပို့နေကြတဲ့ mail conversation တစ်ခုခုမှာပါနေရင်ပဲဖြစ်ဖြစ်..ကိုယ့်ရဲ့ inbox ထဲမှာ ကိုယ်မဖတ်ချင်တဲ့ email တွေရောက်နေတာမျိုးတွေဖြစ်တတ်ပါတယ်...
အဲလို email မျိုးတွေကို ဒီ Mute feature လေးကိုသုံးပြီး ဖြေရှင်းနိုင်ပါတယ်...

ပထမဆုံး ကိုယ် Mute လုပ်ချင်တဲ့ email ကို select (check) လုပ်ပြီး "More actions" ကို click လုပ်လိုက်ပါ..

နောက်..ပုံမှာပြထားသလိုပဲ..အဲဒီ drop-down list ကနေ Mute ကို ရွေးလိုက်ပါ...
နောက်ဆို..ကိုယ့်ရဲ့ inbox မှာအဲလို email မျိုးထပ်မရောက်လာနိုင်တော့ပါဘူး...

မှတ်ချက်။ ။ “To” ဒါမှမဟုတ် “cc” မှာ ကိုယ့်ရဲ့ email address ပါတဲ့ mail မျိုးတွေကတော့ Mute ဖြစ်မှာမဟုတ်တဲ့အတွက် ကိုယ့်အတွက်အရေးကြီးတဲ့ email တွေရောက်မလာမှာမျိုး စိတ်ပူစရာမလိုပါဘူး...

နောက်တစ်ခါ..အဲဒီ Mute လုပ်ထားတဲ့ email တွေကို ပြန်ရှာချင်ရင် gmail search box မှာ “is:muted” လို့ရိုက်ထည့်ပြီး “search mail” button ကို click လုပ်ကြည့်ပါ...
Muted mails တွေကို မြင်ရမှာဖြစ်ပါတယ်..
ပြန်ပြီး unmute လုပ်ချင်ရင် အဲဒီ email ကို select လုပ်ပြီး “Move to Inbox” ကို click လုပ်လိုက်ပါ...
Inbox မှာ အဲဒီ mail တွေပြန်ရောက်နေမှာဖြစ်ပါတယ်...

အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်လေးဖြစ်ပါစေလို့...

ဆက်ဖတ်ရန်...

အမှတ်တရ လက်ဆောင်လေးတစ်ခု...

Posted by ဖက်တီးလေး at 12:05 AM

Wednesday, May 27, 2009

ဒီနေ့အမှတ်တရအနေနဲ့ တစ်ခုခုရေးဖို့ ဘာရေးရမှန်းစဉ်းစားလို့မရဘူး...
နောက်မှ အခုလောလောဆယ်ကောက်ရထားတဲ့ သူငယ်ချင်းအသစ်လေးပို့ပေးထားတဲ့ လက်ဆောင်လေးတွေကို အမှတ်တရအနေနဲ့ ပို့စ်တင်ဖို့ စိတ်ကူးရသွားတယ်..

တစ်ရက်... ကိုယ့်ရဲ့ cbox ထဲမှာ “လာလည်ပါတယ်... ဝကစ်လေး... Link လုပ်ပေးထားပါတယ်...” ဆိုတဲ့ msg လေးကစလို့ ဒီနေရာလေးကို ရောက်သွားခဲ့တယ်...
အဲဒီမှာပဲ ပန်းချီပုံလေးတွေကိုမြင်တော့...အရမ်းသဘောကျတာနဲ့ comment လေးတွေရေးခဲ့မိတယ်..
နောက်တစ်နေ့ ကိုယ့်ရဲ့ cbox မှာ “မမဝကစ်ရဲ့ပုံ သားဆွဲကြည့်ပေးမယ်လေ...” ဆိုတဲ့ msg လေးထပ်ရောက်လာတယ်...
ဒါနဲ့ နောက်တစ်ခေါက် သူ့ဘလော့ဂ်လေးကို အလည်ထပ်ရောက်တော့ “ပုံဆွဲပေးမယ်ဆို..ဆွဲပေးလေ...” လို့ ရေးခဲ့တော့..
နောက်နေ့..“ဟိတ် ဝကစ်.. Request လုပ်ထားတယ်ဟုတ်? သားငယ်ကိုဖုန်းဆက်ထားသေးလား မသိဘူး.. ;p” ဆိုပြီး ကိုယ့် cbox မှာ လာရေးသွားပြန်ရော...
ကိုယ်လည်း ဖုန်းမဆက်ထားဘူးဆိုတော့ တစ်ယောက်ယောက်နဲ့မှားနေတာများလားဆိုပြီးး.. သူ့ဘလော့ဂ်လေးကို ထပ်ရောက်သွားခဲ့ပြန်တယ်...
အဲဒီမှာပဲ ဒီပို့စ်လေးကို ဖတ်မိပြီး ရီလိုက်ရတာ...
စစဖတ်ခြင်းတုန်းကတော့ သိပ်နားမလည်ဘူး..ပုံလေးတွေကိုမြင်တော့မှ နားလည်သွားတာ..
နောက်ပြီး...ကိုယ်တိုင်သာမဆွဲတတ်တာ...ကိုယ်က ပန်းချီပုံလေးတွေဆို အရမ်းသဘောကျတယ်...
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက် ဒီပုံလေးတွေက အမှတ်တရပါပဲ...
ခင်မင်တာ သိပ်မကြာသေးပေမယ့် အခုလိုချက်ချင်းပုံဆွဲပေးခဲ့တာဆိုတော့ အရမ်းကို သဘောကောင်းတဲ့ ကောင်လေးဖြစ်မှာပဲနော်...
လုံးဝထင်မထားဘူး... အဲလိုချက်ချင်းဆွဲပေးလိမ့်မယ်လို့...
(ကိုယ့်ကိုပုံဆွဲပေးထားတာ..ဒီလောက်တော့ မြှောက်ထားရမှာပေါ့...:P )




တကယ်လို့ သဘောကျလို့ ပုံတူဆွဲဖို့ အပ်ချင်ရင်တော့ ဒီနေရာလေးမှာ သွားရောက်တောင်းဆိုနိုင်ပါတယ်..
အခန့်မသင့်ရင်တော့.. သူကိုယ်တိုင်ဇာတ်ညွှန်းရေး..သူကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့ ပေါက်ကရဇာတ်လမ်းတွေမှာ ဇာတ်ကောင်တစ်ခုအနေနဲ့တော့ ပါသွားနိုင်တာပေါ့လေ...
ပုံလေးတွေကို ကြိုတင်ခွင့်မတောင်းပဲယူသုံးမိတာ စိတ်မဆိုးလောက်ပါဘူးနော်...သားငယ်... :P
ps. ကိုယ့်နာမည်က “ဖက်တီးလေး” ပါပဲ..“၀ကစ်” ဆိုတာ သူ့ဟာသူ ဘယ်လိုကဘယ်လို စိတ်ကူးရလို့ခေါ်နေတယ် မသိဘူး.. :P

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ..ကိုယ်၏ကျန်းမာခြင်းနဲ့ပြည်စုံတဲ့ ပျော်ရွှင်စရာနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့...

ဆက်ဖတ်ရန်...

တောင်းချင်တဲ့ဆု...

Posted by ဖက်တီးလေး at 1:47 PM

Monday, May 25, 2009

လူတွေဟာ တချို့အရာတွေရText Colorဲ့တန်ဖိုးကို သူတို့ပိုင်ဆိုင်ရရှိနေတုန်းမှာ သတိမပြုမိကြပဲ ဆုံးရှုံးသွားတဲ့အချိန်ကျမှ သတိပြုမိတတ်ကြတာမျိုးတွေ ဖြစ်တတ်သText Colorလိုပဲနော်....
ဥပမာ... ကျန်းမာခြင်းရဲ့တန်ဖိုးကို မကျန်းမာတဲ့အချိန်ကျမှ သတိပြု...တန်ဖိုးထားမိလာတတ်ကြသလိုပဲပေါ့...

ကိုယ်တို့အိမ်မှာ နေ့တိုင်းဆွမ်းခံကြွတဲ့ ကိုယ်တော်တစ်ပါးရှိတယ်....
အဲဒီဘုန်းဘုန်းက သူ့ကိုသီးသန့်ပင့်ဖိတ်ပြီး ဆွမ်းကပ်တဲ့အခါမျိုးမှာဖြစ်စေ...
ဆွမ်းခံကြွရင်း ဘောဇဉ်ခဲဖွယ်တစ်ခုခုကို အိမ်မှာတင် ဘုန်းပေးသွားတဲ့အခါမျိုးမှာဖြစ်စေ...
တရားချီးမြှင့်ပြီးရင် ဆုတစ်ခုပေးလေ့ရှိတယ်...
ပုံမှန်နေ့စဉ်ဆွမ်းလောင်းတာအတွက်တော့ ရှည်ရှည်ဝေးဝေး ဆုမပေးပါဘူး... သာဓုခေါ်ရုံလောက်ပါပဲ...
(နေ့စဉ် အိမ်တိုင်းသာ ဆုရှည်ရှည်ပေးနေရရင်လည်း ဘုန်းဘုန်း အမောဆို့ နိုင်တယ်... :P )
အဲဒီဆုကတော့ “အိပ်မက်ယာမက် ကောင်းစွာမက်၍ နှစ်သက်ကြီးစွာ အိပ်စက်နိုင်ကြပါစေကုန်သတည်း...” တဲ့...
(ကျန်တဲ့ဆုတွေလည်းပါတယ်...ပါဠိလိုဆိုတော့ သိပ်နားမလည်ဘူး...)
အမှန်အတိုင်းပြောရရင် အဲဒီတုန်းကတော့ ခေါင်းချလိုက်တာနဲ့ အပူအပင်မရှိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ဆိုတော့ အဲဒီဆုကို သိပ်ပြီး သဘောမကျဘူး...
ဘုန်းဘုန်းကလည်း ဘာလို့များတစ်ခြားဆုတွေ မပေးပါလိမ့်ပေါ့...
ဒါပေမယ့်လည်း ဘုန်းကြီးကို တစ်ခြားဆုပြောင်းပေးပါလို့လဲ ပြောလို့ကမဖြစ်တော့ “ပေးတဲ့ဆုနဲ့ ပြည့်ပါစေ...” ပေါ့လေ...
အခုအချိန်မှာတော့ တကယ့်ကို ရင်ထဲက ဆန္ဒအမှန်နဲ့ ဆုတောင်းချင်ပါတယ်...
အိပ်မက်ယာမက် ကောင်းစွာမက်၍ နှစ်သက်ကြီးစွာ အိပ်စက်နိုင်ပါစေ...” လို့..
(ဖြစ်နိုင်ရင် အိပ်မက်တောင် မမက်ချင်ပါဘူးလေ...)

အားလုံးပဲ အိပ်မက်ယာမက် ကောင်းစွာမက်၍ နှစ်သက်ကြီးစွာ အိပ်စက်နိုင်ကြပါစေ...လို့...



ဆက်ဖတ်ရန်...

Don't Touch My Computer ...

Posted by ဖက်တီးလေး at 8:17 PM

Wednesday, May 20, 2009

ဒါလေးကတော့ Free Screen Saver လေးပါ...
Don't Touch My Computer တဲ့...
ချစ်စရာကောင်းတဲ့ ခွေးလေးပုံနဲ့ပေါ့...


လိုချင်ရင် ဒီနေရာမှာ download လုပ်ယူပါနော်...
exe ဖိုင်ကို double-click လုပ်ပြီး install လုပ်ရုံပါပဲ...
setting ပြောင်းချင်ရင်တော့ တစ်ခြား screen saver တွေလိုပဲ desktop ပေါ်မှာ right-click လုပ်ပြီး Properties ထဲမှာ သွားပြင်လို့ရပါတယ်...

အားလုံးပဲပျော်ရွှင်စရာနေ့လေးဖြစ်ပါစေလို့...

ဆက်ဖတ်ရန်...

ငါ့ရင်ခွင်ကို... ဇော်ဝင်းထွဋ်

Posted by ဖက်တီးလေး at 3:53 PM

Sunday, May 17, 2009


ဆက်ဖတ်ရန်...

Embeded Flash & Video Files လေးတွေကို download လုပ်ချင်ရင်...

Posted by ဖက်တီးလေး at 12:31 AM

Thursday, May 7, 2009

အခုပြောပြမယ့် freeware လေးကတော့ web page တွေမှာ embed လုပ်ထားတဲ့ Flash files လေးတွေ၊ Video files လေးတွေနဲ့ Music files လေးတွေကို download လုပ်ယူနိုင်မယ့် software လေးပါ...
တစ်ခါတစ်လေ... internet မှာလျှောက်ကြည့်ရင်း ကိုယ်က အဲဒီ files လေးကိုလိုချင်..ဒါပေမယ့် download ကပေးမထားနဲ့ ကြုံဖူးကြမှာပါ..
အဲဒီအခါမျိုးမှာ ဒီ Orbit downloader လေးက တော်တော်အသုံးဝင်ပါတယ်...

သုံးကြည့်ချင်ရင် ပထမဆုံး ဒီနေရာမှာ download လုပ်ယူပြီး install လုပ်လိုက်ပါ...
နောက်ပြီးရင် ကိုယ်လိုချင်တဲ့ files ကို catch လုပ်ဖို့ grab++ ကို On ပေးဖို့လိုပါတယ်..
(Installation Setting မှာ Run At Startup လုပ်ထားရင်တော့ အမြဲတမ်း On ပေးစရာမလိုပါဘူး...)
ပုံမှာပြထားသလို Tool-> Grab++ ကို click လုပ်လိုက်ပါ...

ဒါဆိုရင် Grab++ မှာသူ catch လုပ်ထားတဲ့ files တွေကို အခုလိုတွေ့ရမှာပါ...
(တကယ်လို့ ကိုယ်ရချင်တဲ့ file ကိုမတွေ့ရဘူးဆိုရင် အဲဒီ webpage ကို refresh လုပ်ပေးလိုက်ပါ...)
ကိုယ်ရချင်တဲ့ file type ပေါ်မူတည်ပြီး display မှာရွေးကြည့်လို့ရပါတယ်...
ဒါက Flash(swf) files လေးတွေပါ...

ဒါက Music files လေးတွေပါ..
(သူက Music နဲ့ Video files တွေကို flv files အနေနဲ့ပဲ save လုပ်ပေးနိုင်ပါတယ်....
နောက်မှ အဲဒီ flv file ကနေ တခြား file type တွေကို ပြောင်းနည်းရေးပေးပါမယ်...)

အဲဒီမှာ...ကိုယ်လိုချင်တဲ့ files ကို select မှတ်ပြီး download ကို click လိုက်ရုံပါပဲ...

အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ပါစေ...

ဆက်ဖတ်ရန်...

gtalk ကနေ မြန်မာပြည် mobile phone တွေကို sms ပို့ချင်ရင်...

Posted by ဖက်တီးလေး at 1:52 PM

Wednesday, May 6, 2009

အရင်ကတည်းက etmsms က service တွေကိုသုံးပြီး မြန်မာပြည်က mobile တွေနဲ့ sms ပို့နေကျပါ...
ဒါပေမယ့်..အဲဒါက account register လုပ်ထားဖို့လိုပြီး deposit လည်းပေးထားရပါတယ်..
အဲဒီ deposit ထဲကနေ...ကိုယ်သုံးတဲ့ service အမျိုးအစားပေါ်မူတည်ပြီး ပိုက်ဆံလျှော့လျှော့သွားတာပါ...
အဲဒီ service တွေကို စိတ်ဝင်စားရင်တော့ ဒီနေရာမှာ ဖတ်ကြည့်လို့ရပါတယ်...

အခု service အသစ်ကတော့ gtalk ကနေမြန်မာပြည် mobile တွေကို free sms ပို့လို့ရတာပါ...
ကိုယ့်ရဲ့ gtalk contact မှာ gtalk@etmsms.com ကို invite လုပ်ပြီး add လိုက်ပါ...
အဲဒီ gtalk online ရှိနေချိန်မှာဆို msg ပို့လို့ရပါတယ်...
(တစ်ခါတစ်လေတော့ offline ဖြစ်နေတတ်ပါတယ်...)
GTalk ကနေ GSM ကို sms ပို့ဖို့အတွက်ကတော့ "sms(space)(ph no:)(space)(message)" eg. “sms 9xxxxxxx Hello, just testing! ” ဆိုရင်ရပါပြီ...
အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီlink မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်...
သူ့ရဲ့ web site မှာ " Note. Sender or Receive must be eTm Member." လို့ရေးထားပေမယ့်လည်း အခုစမ်းသုံးကြည့်သလောက်တော့ member မဟုတ်လဲ ပို့လို့ရနေပါသေးတယ်...

GSM ကနေ GTalk ကိုလည်း message ပြန်ပို့လို့ရပါတယ်...
ဒါပေမယ့် အဲဒါကတော့ eTm member ဖြစ်ဖို့လိုပါတယ်...
နောက်ပြီး အဲဒီ service ကတော့ free မဟုတ်ပါဘူး..
စိတ်ဝင်စားရင် ဒီနေရာမှာ အသေးစိတ်ဖတ်ကြည့်လို့ရပါတယ်...

သုံးလို့သိပ်မဆိုးပါဘူး...delay တော့နည်းနည်းရှိတယ်... :P

အားလုံးပဲ အဆင်ပြေချောမွေ့စွာ ဆက်သွယ်နိုင်ကြပါစေလို့...

ဆက်ဖတ်ရန်...

အချစ်ဒဏ်....လေးဖြူ

Posted by ဖက်တီးလေး at 12:13 AM

Tuesday, May 5, 2009


ဆက်ဖတ်ရန်...

Unit Converter...

Posted by ဖက်တီးလေး at 11:22 AM

Monday, May 4, 2009

ဒီ Unit Converter ဆိုတဲ့ freeware လေးက Unit တစ်ခုကနေတစ်ခုကို လွယ်လွယ်ကူကူပြောင်းပေးနိုင်တဲ့ software လေးပါ...
မြန်မာပြည်မှာသုံးတဲ့ Unit တွေနဲ့ အခုဒီမှာသုံးတဲ့ unit တွေကမတူတော့ တစ်ခုခုဆို ချက်ချင်းမသိပဲ ပြန်ပြန်ရှာပြီး တွက်နေရတာကိုက အလုပ်တစ်ခုလိုပဲ...

ဒီ software လေးကမဆိုးဘူး...
Unit တော်တော်များများကိုလည်း convert လုပ်ပေးနိုင်တယ်..
နောက်ပြီး install လုပ်စရာလည်းမလိုဘူး...
သုံးချင်မှ exe file လေးကို double-click လုပ်ပြီးသုံးရုံပဲ...
လိုချင်ရင် ဒီနေရာမှာ download လုပ်ပြီးသုံးကြည့်နော်...

အားလုံးပဲ စိတ်ချမ်းသာပျော်ရွှင်နိုင်ကြပါစေ...

ဆက်ဖတ်ရန်...

အင်္ဂလိပ်-မြန်မာ အဘိဓာန်

Posted by ဖက်တီးလေး at 6:02 PM

Wednesday, April 29, 2009

ဒါကတော့ gtalk ရဲ့ contact မှာ nick တစ်ခုကို add လုပ်ရုံနဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် တစ်ခုကိုအသုံးပြုလို့ရတဲ့နည်းလေးပါ...
အရင်က gtalk bots လေးတွေအကြောင်းကို ဒီ “Gtalk ကနေဘာသာပြန်ကြရအောင်” ဆိုတဲ့ပို့စ်မှာရေးခဲ့ဖူးပါတယ်...
အဲဒီတုန်းကတော့ မြန်မာစာကိုဘာသာပြန်ပေးတဲ့စနစ်မပါ ပါဘူး...

စိတ်ဝင်စားရင် “en2mm2@mmgeeks.org” ကို ကိုယ့်ရဲ့ chat list မှာ add လုပ်ပြီးစမ်းသုံးကြည့်နော်...
စာလုံးအားလုံးကို ဘာသာမပြန်ပေးနိုင်ပေမယ့် တော်တော်များများတော့ ဘာသာပြန်ပေးနိုင်ပါတယ်...
နောက်ပြီး..မြန်မာလိုမတွေ့ရင်လည်း အင်္ဂလိပ်လို ဖော်ပြပေးတယ်လေ...

အားလုံး အဆင်ပြေချမ်းမြေ့ကြပါစေ...

ဆက်ဖတ်ရန်...

စေတနာလား....ဝေဒနာလား..!!!

Posted by ဖက်တီးလေး at 10:03 PM

Monday, April 27, 2009

ဒီပို့စ်လေးမှာ တကယ်လို့ အမှားအယွင်းပါခဲ့ရင် အားလုံးကို ကြိုတင် တောင်းပန်ပါတယ်နော်...
ဘာကိုမှမရည်ရွယ်ပါဘူး...
အခုတလော ခဏခဏရနေတဲ့ “မေတ္တာစာ” လိုForward မေးလ်တွေကို စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်မိလို့ ရေးလိုက်တာပါ...

အားလုံးပဲ Forward Mail ဆိုတာတွေနဲ့တော့ ရင်းနှီးကြမှာပါ...
ကိုယ်တိုင်ရဖူးသလို ကိုယ်လည်းပဲ ထပ်ဆင့် ပြန်ပို့ဖူးကြမှာပါနော်...
ကိုယ်ကတော့ ကိုယ့်အီးမေးလ်ထဲကို ၀င်လာတဲ့မေးလ်တွေထဲက ပေါ့ပေါ့ပါးပါး ရီစရာလေးတွေပဲဖြစ်ဖြစ်... ဗဟုသုတ မှတ်သားစရာကောင်းတာလေးတွေပဲဖြစ်ဖြစ်... လှပတဲ့ ရှုခင်းပုံလေးတွေပဲဖြစ်ဖြစ်... ကိုယ်နှစ်သက်သဘောကျတဲ့ အကြောင်းအရာလေးတွေဆိုရင် ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေဆီကို ထပ်မံ Forward လုပ်လေ့ရှိပါတယ်...
ဒါမှမဟုတ် Web Site တစ်ခုခု...blog တစ်ခုခုမှာ ဖတ်မိတာလေးတွေကို သဘောကျမိတဲ့အခါမျိုးမှာလည်း အီးမေးလ်ကနေတဆင့် ပို့လေ့ရှိပါတယ်...
ဘယ်ကနေရလို့ပဲပို့ပို့... ကိုယ့်ရည်ရွယ်ချက်က ကိုယ်သဘောကျမိတာလေးကို သူငယ်ချင်းတွေနဲ့မျှဝေခံစားချင်တဲ့ သဘောပဲရှိပါတယ်...
ဒါပေမယ့်... ကိုယ့်ဆီကို မကြာခဏ ၀င်လာတတ်တဲ့ “မေတ္တာစာ” လို အီးမေးလ်မျိုးကိုတော့ ဘယ်လိုသဘောထားရမှန်းကိုမသိဘူး...
“ဘယ်နှစ်နာရီအတွင်း အစောင်ဘယ်လောက်ဝေပါ ... မဝေရင်ဘာဖြစ်မယ်..ညာဖြစ်မယ်...” ဆိုတာမျိုးတွေလေ...
အဲဒီ မေးလ်မျိုးကို ဘယ်သူက စပြီးရေးပို့လိုက်တာလဲ...ဘာရည်ရွယ်ချက်လဲ...
အဲဒီစာမှာ လက်ခံရရှိသူကို ကောင်းကျိုးထက် ဆိုးကျိုးပေးတာက ပိုများနေသလိုပဲ....
တချို့ကလည်း ယုံကြည်လို့ပဲလား...မယုံကြည်ရင်တောင်မှ သိပ်အပန်းမကြီးပါဘူးလို့တွက်ပြီးတော့ပဲလားမသိ.. စာထဲမှာပါတဲ့အတိုင်း ထပ်ပြီး Forward လုပ်ကြပြန်ရော...
အဲလိုနဲ့ပဲ..အဲဒီစာတွေက internet ကနေတဆင့် ပလူပျံပြီး တခါတလေ အဲဒီစာတစ်မျိုးထဲကိုပဲ တစ်စောင်မကတောင် ရောက်လာတတ်သေးတော့တယ်...
ကိုယ်ကတော့ အဲဒီစာမျိုးရရင် ဘယ်တော့မှ Forward ထပ်မလုပ်ဘူး...
ကိုယ့်ဆီမှာ အဲဒီစာ လမ်းဆုံးတယ်...
ကိုယ့် အယူအဆကတော့ အဲဒီစာပို့လိုက်တာ အဲဒီလူကို (မရည်ရွယ်ပေမယ့်) ကျိန်စာတိုက်နေသလိုပဲ...
ဟုတ်တယ်လေ... မပို့ရင်ပဲ ဘာဖြစ်မယ်..ညာဖြစ်မယ်နဲ့...
ကိုယ့်ကို သတိရလို့ ပို့တာပဲဆိုပြီး ၀မ်းသာသင့်ပေမယ့် တခါတလေ စိတ်အခန့်မသင့်တဲ့ အခါမျိုးမှာတော့ အဲလိုမေးလ်တွေက ကိုယ့်အတွက် တော်တော်စိတ်အနှောက်အယှက်ဖြစ်စေတယ်...
ပို့လာတဲ့သူငယ်ချင်းကို မပို့ပါနဲ့လို့ပြောပြန်ရင်လည်း ကိုယ့်အလွန်ဖြစ်ဦးမယ်...
sensitive ဖြစ်တယ်ဆိုပြီး အခင်အမင်တောင်ပျက်နိုင်တယ်...
ဒါကြောင့် ကိုယ့်အထင်ကတော့ ဖြစ်နိုင်ရင် အဲလိုအကျိုးမရှိတဲ့ အီးမေးလ်မျိုးတွေ လက်ဆင့်ကမ်းပို့ခြင်းမျိုး ရှောင်သင့်သလားလို့လေ...နော်...

အားလုံးပဲ စိတ်အနှောက်အယှက်ကင်းကင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့...

ဆက်ဖတ်ရန်...

နှစ်သက်မိသော ဂျပန်သီချင်းလေးတစ်ပုဒ်..

Posted by ဖက်တီးလေး at 3:58 PM

Saturday, April 25, 2009




သီချင်းစာသားလေးတွေကြည့်ချင်ရင် “ဆက်ဖတ်ရန်”မှာရှိတယ်နော်...

Tegami ~Haikei Juugo no kimi he~ 手紙 ~拝啓 十五の君へ~
Lyrics & Music: Angela Aki 作詞 & 作曲: アンジェラ・アキ

Haikei kono tegami yonde iru anata wa 拝啓 この手紙読んでいるあなたは
Dokode nani wo shite iru no darou どこで何をしているのだろう
Juugo no boku ni wa dare nimo hanase nai 十五の僕には誰にも話せない
Nayami no tane ga aru no desu 悩みの種があるのです
Mirai no jibun ni atete kaku tegami nara 未来の自分に宛てて書く手紙なら
Kitto sunao ni uchi akerareru darou きっと素直に打ち明けられるだろう
Ima make sou de naki sou de 今 負けそうで 泣きそうで
Kiete shimai sou na boku wa 消えてしまいそうな僕は
Dare no kotoba wo shinji arukeba ii no? 誰の言葉を信じ歩けばいいの?
Hitotsu shika nai kono mune ga ひとつしかないこの胸が
Nandomo barabara ni warete 何度もばらばらに割れて
Kurushii naka de ima wo ikite iru 苦しい中で今を生きている
Ima wo ikite iru 今を生きている

Haikei arigatou 拝啓 ありがとう
Juugo no anata ni tsutaetai koto ga aru no desu 十五のあなたに伝えたい事があるのです
Jibun to wa nani de dokohe mukaubeki ka 自分とは何でどこへ向かうべきか
Toi tsudukereba miete kuru 問い続ければ見えてくる
Areta seishun no umi wa kibishii keredo 荒れた青春の海は厳しいけれど
Asu no kishibe he to yume no fune yo susume 明日の岸辺へと 夢の舟よ進め
Ima make nai de naka nai de 今 負けないで 泣かないで
Kiete shimai sou na toki wa 消えてしまいそうな時は
Jibun no koe wo shinji arukeba ii no 自分の声を信じ歩けばいいの
Otona no boku mo kizutsuite nemure nai yoru wa aru kedo 大人の僕も傷ついて眠れない夜はあるけど
Nigakute amai ima wo ikite iru 苦くて甘い今を生きている
Jinsei no subete ni imi ga aru kara 人生の全てに意味があるから
Osorezu ni anata no yume wo sodatete 恐れずにあなたの夢を育てて
Keep on believing Keep on believing
Make sou de naki sou de 負けそうで 泣きそうで
Kiete shimai sou na boku wa 消えてしまいそうな僕は
Dare no kotoba wo shinji arukeba ii no? 誰の言葉を信じ歩けばいいの?
Aa make nai de naka nai de ああ 負けないで 泣かないで
Kiete shimai sou na toki wa 消えてしまいそうな時は
Jibun no koe wo shinji arukeba ii no 自分の声を信じ歩けばいいの
Itsuno jidai mo kanashimi wo sakete wa toure nai keredo いつの時代も悲しみを避けては通れないけれど
Egao wo misete ima wo ikite ikou 笑顔を見せて 今を生きていこう
Ima wo ikite ikou 今を生きていこう

Haikei kono tegami yonde iru anata ga 拝啓 この手紙読んでいるあなたが
Shiawase na koto wo negai masu 幸せな事を願います

ဆက်ဖတ်ရန်...

နှစ်သစ် လက်ဆောင်

Posted by ဖက်တီးလေး at 12:47 PM

Friday, April 17, 2009


ဆက်ဖတ်ရန်...

နှစ်သစ် ဆုတောင်း

Posted by ဖက်တီးလေး at 12:27 PM




မင်္ဂလာရှိသော မြန်မာသက္ကရာဇ် ၁၃၇၁ နှစ်သစ် ဖြစ်ပါစေ...

ဆက်ဖတ်ရန်...

GMail Offline

Posted by ဖက်တီးလေး at 5:23 AM

Thursday, April 2, 2009

GMail offline ကိုတစ်ချို့လဲသိပြီးသားဖြစ်မှာပါ...
Internet မရတဲ့အချိန်မှာ အရင်ကရှိခဲ့ဖူးတဲ့ (၄-လ လောက်အတွင်းက)စာတွေကို ဖတ်လို့ရတယ်လေ...
ဟိုတလောက internet connection ပြတ်သွားလို့ ပျင်းနေချိန်တုန်းက အဲဒါလေးကို install လုပ်ထားပြီး ပျင်းတဲ့အချိန်မှာ အရင်ကစာအဟောင်းလေးတွေ ပြန်ဖတ်ပြီး အပျင်းဖြေနေရတာ...

သိပ်မဆိုးဘူး...ကိုယ်ရေးချင်တဲ့စာတွေကို draft အနေနဲ့ရေးထားပြီး save လုပ်ထားလို့လဲရတယ်...
connection ရတဲ့အချိန်မှာ အဆင့်သင့်ပို့နိုင်တာပေါ့...
connection သိပ်မကောင်းတဲ့နေရာမျိုးတွေမှာဆို တော်တော်အသုံးဝင်မယ်...
တစ်ခုရှိတာက Offline Gmail က Signin ၀င်စရာမလိုလို့ ကိုယ်တစ်ယောက်တည်းသုံးတဲ့ ကွန်ပျူတာမျိုးမှာပဲ install လုပ်ထားသင့်ပါတယ်...
မဟုတ်ရင် ကိုယ့် mail account ကိုသူများတွေက အလွယ်တကူပဲ ဖတ်လို့ရနိုင်ပါတယ်...
Offline Gmail ကိုစမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့
ကိုယ့်ရဲ့ GMail Setting ကို click လုပ်ပြီး Lab tab ကို click လုပ်လိုက်ပါ...
ပုံမှာ ပြထားသလို Offline ကို Enable ရွေးလိုက်ပါ...

ပြီးရင် Gmail Account ရဲ့ညာဘက်အပေါ်နားလောက်မှာ ဒီလိုလေး Offline ဆိုတာကိုမြင်ရမှာပါ...

အဲဒါလေးကို click လုပ်လိုက်ရင် ဒီ Window လေးမြင်ရမှာဖြစ်ပါတယ်...

install ကို click လိုက်ပါ...

Install Gears ကို click လုပ်..download ပြီးရင် double-click လုပ်ပြီး install လုပ်လိုက်... ဒီလို ပုံလေးမြင်ရမှာပါ...

ကိုယ်လိုချင်တဲ့ shortcut location(eg. desktop) ကိုရွေးလိုက်ပြီး browser restart လုပ်လိုက်ရင်ပြီးပါပြီ...
desktop ပေါ်မှာ ဒီလိုပုံလေးမြင်ရမှာပါ...

internet connection မရှိတဲ့အချိန်မှာ အဲဒီ shortcut လေးကို click လိုက်ရင် signin လုပ်စရာမလိုပဲ ကိုယ့်ရဲ့ Mail account ကိုမြင်ရမှာဖြစ်ပါတယ်...
connection ရှိတဲ့အချိန်မှာတော့ အရင်ပုံမှန်အတိုင်းပဲ signin လုပ်ရမှာဖြစ်ပါတယ်...
အားလုံးပဲ စိတ်ချမ်းသာတဲ့နေ့လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့...

ဆက်ဖတ်ရန်...

ကိုယ့်ရဲ့ gtalk contact ထဲကသူတွေရဲ့ ပုံတွေကို ပြောင်းချင်ရင်...

Posted by ဖက်တီးလေး at 2:18 PM

Tuesday, March 31, 2009

တကယ်တော့ GTalk ရဲ့ ဒီ Change Picture ဆိုတဲ့ feature လေးကို တွေ့နေတာတော့ ကြာပါပြီ...
ဒါပေမဲ့... သူများတွေရဲ့ပုံကိုဘာလို့ပြောText Colorင်Text Colorးရမှာလဲ...ဆိုပြီး သိပ်စိတ်မ၀င်စားခဲ့မိဘူး...
GTalk ကလဲ ဘာ feature တွေ support လုပ်နေပါလိမ့်... ကိုယ့်ပုံကို သူများတွေက မဟုတ်တရုတ်ပုံတွေ ပြောင်းသွားရင်တော့ ဒုက္ခပါပဲလို့တောင် စဉ်းစားနေခဲ့မိသေးတာ... :P

စိတ်ထဲမှာလည်း ကိုယ်က တစ်ယောက်ယောက်ရဲ့ပုံကို ပြောင်းလိုက်ရင် သူ့ဆီမှာရော... နောက်ပြီး သူရဲ့ contact list ထဲက လူအားလုံးဆီမှာပါ ပြောင်းသွားမယ်လို့ထင်ခဲ့မိတာကိုး...
ဒါပေမဲ့ ဟိုတစ်နေ့ကတော့ ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ပုံက ကိုယ့်ကို တော်တော်လေး စိတ်အနှောက်အယှက်ပေးနေတာ...ကြာပြီ...
သူကတော့ သူ့ဘာသာ ရိုးရိုးသားသားတင်ထားတာပါ..ကိုယ့်မှာသာ တစ်ဖက်သတ် ခံစားနေရတာဆိုတော့ သူ့ကို ပုံပြောင်းပေးပါလို့လဲ မပြောချင်ဘူးလေ... (သူများကိုယ်ရေးကိုယ်တာကို ၀င်မစွက်ဖက်သင့်ဘူးလို့လဲ ထင်လို့ပါ...)
ဒါနဲ့ပဲ GTalk ရဲ့ ဒီ feature လေးကို စမ်းကြည့်ဦးမယ်ဆိုပြီး ပြောင်းကြည့်လိုက်တာ...
တော်သေးတယ်...ကိုယ်ပြောင်းလိုက်တဲ့ပုံက ကိုယ့်ရဲ့ list ထဲမှာပဲ ပြောင်းပြီး ဘယ့်သူ့မှာမှ effect မရှိဘူးလေ...
ကောင်းလိုက်တာနော်...ကိုယ်လဲ ကိုယ်မမြင်ချင်တဲ့ပုံမမြင်ရတော့ဘူး..
ပြောင်းချင်ရင်တော့ လွယ်ပါတယ်...
chat list ထဲမှာ ကိုယ်ပြောင်းချင်တဲ့ လူရဲ့ပုံပေါ်ကို mouse (hover) နဲ့ ထောက်ကြည့်လိုက်ရင် ဒီပုံမှာမြင်ရသလို "change picture" ဆိုတာလေးကို မြင်ရမှာပါ...

အဲဒါကို click လုပ်လိုက်ရင် contact list window ကိုတွေ့ရမှာပါ...
( Gmail Main Page က Contacts ကို click လုပ်ရင်ပြီး ကိုယ်ပြောင်းချင်တဲ့လူကို ရွေးလို့လဲရပါတယ်...)
အဲဒီမှာမှ သူ့ပုံပေါ်မှာ mouse နဲ့ထောက်ပြီး change picture ကို click လိုက်ရင် ဒီမှာမြင်ရသလို window အသစ်တစ်ခု မြင်ရပါလိမ့်မယ်...

ကိုယ်ကြိုက်တဲ့ပုံကို browse လုပ်ပြီး ပြောင်းလိုက်ရုံပါပဲ...
ဒီပုံမှာမြင်ရသလို သူ့ဆီကို suggest message ပို့မှာလား..ကိုယ့်ဆီမှာပဲပြောင်းမှာလားဆိုတဲ့ မေးခွန်းမျိုးမြင်ရမှာပါ..
ကိုယ်ကြိုက်တာကို click လုပ်လိုက်ရုံပါပဲ...


ဘာပုံမှ မမြင်ချင်ရင်လည်း No Picture ကိုရွေးလို့ရပါတယ်...
နောက်ပြီး သူ့ပုံသူပြန်မြင်ချင်ရင်လည်း Their Picture ကိုပြန်ရွေးပေးလိုက်ရုံပါပဲ...

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ...

ဆက်ဖတ်ရန်...

ကျိန်စာ

Posted by ဖက်တီးလေး at 2:14 PM

Saturday, March 14, 2009

နင်ဘာဖြစ်နေလဲလို့
ငါမမေးဝံ့ပါဘူး
မေးပိုင်ခွင့်တွေလဲ
ငါပဲ ရုတ်သိမ်းထားခဲ့တာပဲလေ ...

နင် ငါ့ကို သတိမရဘူးလားလို့
ငါမစဉ်းစားဝံ့ပါဘူး
တမ်းတခွင့်တွေလဲ
ငါပဲ တားမြစ်ထားခဲ့တာပဲလေ ...

ငါတို့တွေမဆုံကြတော့ဘူးလားလို့
မှန်းဆမကြည့်ဝံ့ပါဘူး
ဆုံနိုင်ခွင့်လမ်းတစ်ခုကို
ငါကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့တာပဲလေ ...

"ရင်ခွင်သစ်"မှာ ပျော်သူရေ
ကြုံလာမဲ့ အလွမ်းများစွာအတွက်
နှလုံးသားကို ကြိုတင်ဒဏ်ခတ်ခဲ့တဲ့ ငါ့ကို
မမေ့ပါနဲ့လို့ မတောင်းဆိုဝံ့သူ ငါ ..
ဝေးဝေးကနေပဲ လွမ်းမှာပါ ...............

December Cinderella

ဆက်ဖတ်ရန်...

မင်းနဲ့ဝေးတဲ့ငါ့ရဲ့နေ့တွေ...

Posted by ဖက်တီးလေး at 2:06 PM

မင်းကြောင့်ရတဲ့ ဒဏ်ရာတွေ
ဖြေသာနိုင်ပြီလို့ ထင်ရင်
သံယောဇဉ်ဆိုတဲ့စကား
ရာဇ၀င်မှာ ရှိခဲ့မှာမဟုတ်ဘူး ...

အချစ်ကြောင့် ဖြစ်တဲ့အလွမ်းတွေ
ကုန်ခမ်းသွားပြီလို့ မြင်ရင်
ဝမ်းနည်းမှတ်တမ်းသီချင်းတွေ
ထပ်ရေးဖွဲ့ကြမှာ မဟုတ်ဘူး ...

မင်းအတွက်"ငါ"
ဖြစ်တည်ခဲ့ဖူးတာတွေ
လွယ်လွယ်မေ့လိုက်နိုင်တယ်ဆိုရင်
အငိုနဲ့ အဆုံးသတ်တတ်တဲ့ညတွေ
ငါ့ဘ၀ကို ဒီလိုနှိပ်စက်နေမှာ မဟုတ်ဘူး ........

December Cinderella

ဆက်ဖတ်ရန်...

YouTube downloader

Posted by ဖက်တီးလေး at 5:40 PM

Friday, March 6, 2009

အခုပြောပြမှာလေးက youtube downloader လေးပါ...
youtube မှာ video, music နဲ့ တခြား နည်းပညာ files လေးတွေ အများကြီးရှိပါတယ်...
တခါတလေ အဲဒီ files တချို့ကို youtube ကနေ download လုပ်ပြီး သိမ်းထားချင်တဲ့အခါမျိုးမှာ ဒီ freeware လေးက တော်တော်လေးကို အသုံးဝင်ပါတယ်...

တချို့ downloader တွေက avi format အနေနဲ့သာ download လုပ်နိုင်တာမို့ ကိုယ်လိုချင်တဲ့ format ရဖို့ နောက်တဆင့် ပြန်ပြောင်းပေးရတာမျိုးတွေ ရှိပါတယ်...
ဒီ Freeware လေးကတော့ support လုပ်တဲ့ format တွေက avi, wav, wmv, mp3, mpeg...စသဖြင့် တော်တော်များတာကြောင့် သုံးရတာ အဆင်ပြေပါတယ်...
ပထမဆုံး Next Video Converter ဆိုတဲ့ Freeware လေးကို
ဒီနေရာမှာ download လုပ်ယူပြီး install လုပ်လိုက်ပါ...
ပြီးရင် ဒီပုံမှာ မြင်ရသလို "YouTube Download" ဆိုတဲ့ button လေးကိုနှိပ်ပြီး ကိုယ် download လုပ်ချင်တဲ့ url link (http://www.youtube.com/watch?v=HvIJypyrXmw) ကို ထည့်ပေးရမှာ ဖြစ်ပါတယ်...


download လုပ်နေတာကို ခဏစောင့်ပြီးရင် ဒီမှာမြင်ရသလို ဘယ်လို file အမျိုးအစားနဲ့ save ချင်လဲဆိုတာကို မေးတဲ့ dialog box တစ်ခု မြင်ရမှာဖြစ်ပါတယ်...

အဲဒီမှာ ကိုယ်လိုချင်တဲ့ format ကိုရွေးပေးလိုက်ပါ...
ကိုယ် download လုပ်ထားတဲ့ file ကို preview ကြည့်လို့လဲ ရပါတယ်..
File ကို save လုပ်မဲ့ destination folder ကိုလဲ ပြောင်းချင်ရင်ပြောင်းပေးလို့ ရပါတယ်..
ပြီးရင်တော့ ဒီပုံမှာမြင်ရသလို Start button ကို နှိပ်လိုက်ရုံပါပဲ...


နောက်တစ်ခုက ဒီ Next Video Converter ကို
ကိုယ့်မှာရှိတဲ့ Movie file ကို format တစ်ခုကနေနောက်တစ်ခုကို ပြောင်းဖို့ အတွက်လည်း သုံးလို့ရပါတယ်...
"Add Movie" button ကိုနှိပ်ပြီး ပြောင်းချင်တဲ့ Movie File ကို browse လုပ်ပါ...
ပြီးရင် အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်လိုချင်တဲ့ format ကိုရွေးပေးလိုက်ရုံပါပဲ...
အားလုံးပဲ စိတ်ချမ်းသာပျော်ရွှင်နိုင်ကြပါစေ...

ဆက်ဖတ်ရန်...

Happy Valentine Day !!!

Posted by ဖက်တီးလေး at 12:05 AM

Saturday, February 14, 2009






ချစ်သူများနေ့မှာ အားလုံးအတွက် ပျော်ရွှင်ကြည်နူးစရာ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့...

ဆက်ဖတ်ရန်...

Sutekidane すてきだね

Posted by ဖက်တီးလေး at 1:20 AM

Thursday, February 12, 2009

ဂျပန်သီချင်းလေးတစ်ပုဒ်ပါ...

ဆက်ဖတ်ရန်...

Top of the World

Posted by ဖက်တီးလေး at 4:14 AM

Wednesday, February 11, 2009

I'm on the top of the world...
looking down on creation...
and the only explanation I can find...
....
Your Love put me on the top of the world...

ဆက်ဖတ်ရန်...

You are the LOVE of my Life

Posted by ဖက်တီးလေး at 1:27 AM

Tuesday, February 10, 2009

One thing I'm sure of...
You are the LOVE of my Life...
I'll spend the rest of my days...
Just Loving you !!!

ဆက်ဖတ်ရန်...

Mouse Love Rice

Posted by ဖက်တီးလေး at 1:12 AM

Monday, February 9, 2009

You are always on my mind...
Even though I just can think about you...
......
I just want you be happy...
Everything I do is for you...


ဆက်ဖတ်ရန်...

Lover's Concerto

Posted by ဖက်တီးလေး at 12:49 AM

Sunday, February 8, 2009

Don't ever make me cry...
Through long lonely nights without love...
Be always true to me...
Keep this day in your heart eternally...


ဆက်ဖတ်ရန်...

Cry on My Shoulder

Posted by ဖက်တီးလေး at 12:38 PM

Saturday, February 7, 2009

I will always stay by your side..
I promise you !!!
I'll never hide...
But if you wanna cry... Cry on my shoulder....


ဆက်ဖတ်ရန်...

Lock ဖြစ်နေတဲ့ File, Folder, Device တွေအတွက် Unlocker...

Posted by ဖက်တီးလေး at 3:47 PM

Friday, February 6, 2009

ဒီ Unlocker ဆိုတဲ့ Freeware လေးကတော့ တော်တော်လေး အသုံးဝင်ပါတယ်...
တခါတလေ ကိုယ်ဖျက်ချင်တဲ့ File တွေ၊ Folder တွေကို အလွယ်တကူဖျက်လို့ မရတာမျိုး ကြုံဖူးကြမှာပါ...
ဒီလို error message မျိုးလေးမြင်ရတတ်တယ်လေ...


တကယ်က အဲဒီ file (folder) ကို လက်ရှိ ဖွင့်ထားတာ...သုံးနေတာလည်း မဟုတ်ပဲနဲ့...
အဲလို ပြသနာလေးတွေကို ဒီ Unlocker ကိုသုံးပြီး အလွယ်တကူ ဖြေရှင်းလို့ရပါတယ်...
ပထမဆုံး ဒီနေရာမှာ software လေးကို download လုပ်ပြီး install လုပ်လိုက်ပါ...
နောက်..ကိုယ်ဖျက်ချင်ပြီး ဖျက်လို့မရဖြစ်နေတဲ့ file (folder)ပေါ်ကို right-click လုပ်ပြီး "Unlocker"ကိုရွေးလိုက်ပါ...

အဲဒီ file (folder)မှာ locked ဖြစ်နေတဲ့ Files list ကိုပြတဲ့ window တစ်ခုကို ပုံမှာပြထားတဲ့အတိုင်း မြင်ရပါလိမ့်မယ်...

error မရှိတဲ့ file (folder)အတွက်တော့ ဘာမှမြင်ရမှာ မဟုတ်ပါဘူး...
အဲဒီမှာ Unlock ဆိုတဲ့ button ကို click လုပ်လိုက်ရုံပါပဲ...
နောက်ကိုယ်ဖျက်ချင်တဲ့ file (folder)ကို delete ပြန်လုပ်ကြည့်ပါ...
အလွယ်တကူဖျက်လို့ရသွားမှာဖြစ်ပါတယ်...


ဒီ Unlocker ကိုပဲ နောက်တစ်မျိုးသုံးလို့ရပါသေးတယ်...
အဲဒါကတော့ USB device(Memory Stick) တွေကို Safely Removed လုပ်လို့မရတဲ့အခါမျိုးတွေမှာပါ အပေါ်မှာ ပြောခဲ့တဲ့ နည်းအတိုင်းဖြေရှင်းလို့ ရပါတယ်...
အဲဒီ device letter (eg. E:, F:) ပေါ်မှာ right-click လုပ်၊ "Unlocker"ကိုရွေးပြီး နောက်တစ်ကြိမ် remove လုပ်ကြည့်ရင် Safely Removed လုပ်လို့ရသွားမှာဖြစ်ပါတယ်...

အားလုံးပဲ စိတ်၏ချမ်းသာခြင်း..ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ...

ဆက်ဖတ်ရန်...

PDF ကနေ Word ကို ပြောင်းချင်ရင်...

Posted by ဖက်တီးလေး at 12:15 AM

Wednesday, February 4, 2009

အခုပြောပြမှာကတော့ pdf ဖိုင်လေးတွေကို word ဖိုင်ကို ပြောင်းလို့ရတဲ့ (PDF to Word Converter)နည်းလေးတွေပဲ ဖြစ်ပါတယ်...

ပထမတစ်နည်းကတော့ pdf2word ဆိုတဲ့ freeware လေးကိုသုံးပြီးပြောင်းတဲ့နည်းပါ...
ဒါပေမဲ့ freeware ဖြစ်တဲ့အတွက်ကြောင့် figure တွေ၊ table တွေကိုတော့ quality ကောင်းကောင်း ပြောင်းမပေးနိုင်ပါဘူး...
လိုချင်ရင်
ဒီနေရာမှာ download လုပ်ယူပါ...

ဒုတိယတစ်နည်း ကတော့ online converter ကိုသုံးပြီးပြောင်းတဲ့နည်းဖြစ်ပါတယ်...
စိတ်ဝင်စားရင်
ဒီလင့်ခ်လေးကတဆင့် သွားရောက်စမ်းသပ်အသုံးပြုနိုင်ပါတယ်...

ပုံမှာမြင်သလိုပဲ Word, Excel နဲ့ Rich Text Format (rtx) တွေကိုပြောင်းပေးနိုင်ပါတယ်...
JPG နဲ့ PNG image တွေကိုလည်း extract လုပ်ယူနိုင်ပါတယ်...
သူကတော့ freeuser နဲ့ membership ဆိုပြီး user ၂-မျိုးခွဲထားပြီး ပေးတဲ့ services တွေလဲမတူပါဘူး..
free user တွေအတွက်ကတော့ limitation လေးတွေရှိပါတယ်...
အဲဒါကတော့ maximum 2-pages ပဲပြောင်းလို့ရပါတယ်...
ရလာတဲ့ quality ကတော့ အရမ်းကိုကောင်းပါတယ်...figure တွေ၊ table တွေအကုန်ပြောင်းပေးနိုင်တယ်...
အဲဒါကြောင့် ကိုယ့်အတွက် အရမ်းလိုအပ်တယ်ဆိုရင်တော့ member ကြေးပေးပြီးလည်းသုံးပျော်ပါတယ်...သိပ်မများလှပါဘူး...
ကိုယ့်မှာ ပြောင်းချင်တဲ့ file ကလဲmembership ကြေးပေးရလောက်အောင် သိပ်မများဘူး...နောက်ပြီး ပိုက်ဆံလဲမကုန်ချင်ဘူးဆိုရင်တော့...
pdf file ကို 2-page ဆီရှိတဲ့ ဖိုင်လေးတွေအနေနဲ့ ခွဲသိမ်းပြီး တစ်ဖိုင်ချင်းပြောင်းသွားရင်လဲရပါတယ်..
ဒါပေမဲ့ ဖိုင်တစ်ခုပြောင်းပြီးနောက်တစ်ခုပြောင်းဖို့တော့ နာရီဝက်(မိနစ် ၃၀) စောင့်ဖို့လိုပါတယ်...
ဘယ်လိုပဲဖြစ်ဖြစ်..အားလုံးအဆင်ပြေပျော်ရွှင်စရာအချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ...

ဆက်ဖတ်ရန်...

အသုံးဝင်သော Web page လေးများ....

Posted by ဖက်တီးလေး at 12:05 AM

Tuesday, February 3, 2009

အခု ဒီပို့စ်လေးမှာတော့ တချို့ အသုံးဝင်မယ်လို့ ထင်ရတဲ့ web site လေးတွေကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်...
ကိုယ်တိုင်လဲ မှတ်စုသဘောမျိုးလေး လုပ်ချင်လို့ပါ...
တခါတလေ ကိုယ်လိုချင်တဲ့ အချိန်မှာ အလွယ်တကူ ရှာလို့မရနိုင်တာမျိုးလေးတွေ ကြုံဖူးလို့ သူငယ်ချင်းတွေကို လွယ်လွယ်ကူကူ အသုံးပြုနိုင်အောင်လို့ သိသလောက်လေးတွေ ပြောပြသွားမှာဖြစ်ပါတယ်...
တော်တော်များများကတော့ သိပြီးသားလေးတွေ ဖြစ်ကြမှာပါ...

File Transferring Site
http://www.fileflyer.com/

File Sharing/ Hosting
http://skydrive.live.com/ (up to 25 GB)
http://www.fileden.com/ (up to 1 GB)
http://www.scribd.com/
http://www.imeem.com/ (For Music, Movie, Photo)
http://tinypic.com/ (For Images & Videos)
http://www.youtube.com/
http://www.filefactory.com/ (Upload up to 25 files at once. 300MB limit per file)
http://zshare.net/
http://www.free-webhosts.com/free-file-hosting.php
http://www.hotlinkfiles.com

Photo Sharing
http://www.slide.com (To make Slide Show)

Bypass Proxy
http://gpass1.com/gpass/
http://www.bypassglobal.com/

Weather Forecast
http://www.weatherstudio.com/

Books for Knowledge
http://gigapedia.com/
http://www.books-hive.com/library/
http://knowfree.net/

Entertainment
Books
http://www.ainmat.com/
http://www.scribd.com/groups/documents/11436-weenyinthit-bookshelf
http://ebooks.mmblogs.net/
http://shweone.wordpress.com/
http://www.books-hive.com/

Videos
http://www.shwedream.com/index.php?action=privacy
http://www.myanmar-movie.net/pocle/index.html
http://67.202.93.173/FMV_Dedicated_server/index1.php?d=36167

Music
http://myanmarmp3.net/
http://mp3.mmblogs.net/
http://music.all-channel.com/
http://www.flashband.net/flash_videos/music_video.php
http://www.apytz.net/
http://alinkarmusicjournal.com/alinkar/
http://www.imeem.com/
http://mangamnhac.net/
http://www.petalia.org/Songs/
http://www.myanmarworld.com/Audio/
http://www.naytthit.com/music.html
http://rhythmcorner.blogspot.com/

Lyric
http://lyric.pikay.org/
http://www.mmlyrics.com/

Karaoke/ Recording
http://singforyou.net/index.php

To find ZIP code
http://www.embassyworld.com/data/Zip_Codes.html

Currency Converter
http://www.xe.com/
http://www.oanda.com/convert/classic
http://finance.yahoo.com/currency-converter
http://www.x-rates.com/calculator.html

Online Converter from one unit to another (eg. kg <-> lb)
http://www.onlineconversion.com/
http://www.convertunits.com/

ဒါကတော့ ဂျပန်-အင်္ဂလိပ် translation site လေးတွေဖြစ်ပါတယ်...
grammar အရ ၁၀၀% မမှန်ပေမဲ့ တော်တော်လေးအသုံးဝင်ပါတယ်...

Translator (Japanese-English)
http://translation.infoseek.co.jp/
http://nihongo.j-talk.com/parser/index.php
http://babelfish.yahoo.com/
http://honyaku.yahoo.co.jp/transtext

Dictionary (Japanese-English)
http://eow.alc.co.jp/authorize/UTF-8/?ref=sa
http://jisho.org/words?jap=&eng=authorize&dict=edict

Shopping (Japanese Only)
http://kakaku.com/

Travel Guide (Bus Fares and Time around in Japan)
http://www.japan-guide.com/

ဆက်ဖတ်ရန်...

Object Dock Tool လေးသုံးချင်ရင်....

Posted by ဖက်တီးလေး at 12:12 AM

Monday, February 2, 2009

ဒီပို့စ်လေးကတော့ ကိုယ်သုံးနေကျ Program တွေ၊ application တွေရဲ့ Shortcuts တွေကို (Apple Mac Book တွေမှာမြင်ရသလိုမျိုး) Window OS တွေမှာ Object Dock လေးထည့်တဲ့ နည်းလေးပါ။
animated dock လေးတွေနဲ့ဆိုတော့ ကိုယ့်ရဲ့ desktop လေးကိုပိုပြီး စိတ်ဝင်စားစရာ ပုံစံအသစ်တစ်မျိုးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်...

စိတ်ဝင်စားရင် ဒီနေရာမှာ download လုပ်ယူနိုင်ပါတယ်...
installation ပြီးသွားရင် Start-> All Programs -> StarDock -> ObjectDock ကို click လုပ်လိုက်ပါ....
Desktop ပေါ်မှာအခုလို မြင်ရမှာဖြစ်ပါတယ်...

icon တစ်ခုခုပေါ် right-click လုပ်ပြီး This Dock-> dock setting ကိုရွေးလိုက်ပါ...
ObjectDock Properties မှာ Theme, Appearance, Positioning, Effects, Dock Contents စတာတွေကို စိတ်ကြိုက်ပြောင်းကြည့်နိုင်ပါတယ်...


mouse over လုပ်ကြည့်ရင် အခုလို animation လေးတွေမြင်ရမှာဖြစ်ပါတယ်...

System Requirement တွေကတော့...
Windows Vista/XP/2003/2000 (32-bit)
20MB free drive space
256MB RAM
ရှိဖို့ပဲလိုပါတယ်...

အားလုံးပဲ animated ObjectDock လေးသုံးရင် ပျော်ရွှင်နိုင်ကြပါစေ...

ဆက်ဖတ်ရန်...

LoveClock ...

Posted by ဖက်တီးလေး at 12:05 AM

Sunday, February 1, 2009

ဒီ LoveClock ဆိုတာလေးက ကိုယ့်အတွက် အမှတ်တရကိစ္စတစ်ခုခု ဖြစ်ခဲ့တဲ့ အချိန်ကာလနေ့စွဲလေးကို ပေးလိုက်တာနဲ့ အဲဒီအဖြစ်အပျက်လေးဖြစ်ခဲ့တာ အခုအချိန်မှာဆို ဘယ်လောက်ကြာပြီဆိုတာကို အမြဲတမ်း ဖော်ပြပေးနေမဲ့ Software လေးဖြစ်ပါတယ်...

ပုံမှာပြထားသလိုပေါ့...
ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးပါ...


လိုချင်ရင် ဒီမှာ download လုပ်ယူနော်...
installation ပြီးသွားရင် ကွန်ပျူတာ ညာဘက်အောက်ခြေထောင့်နားက system tray ထဲမှာ အနီရောင်အသည်းပုံ icon လေးတွေ့ရမှာပါ...
အဲဒီ icon လေးပေါ် right-click နှိပ်ပြီး Setting ကိုရွေးလိုက်ပါ..
နောက်..Love Clock Setting မှာ Start Date & Time နဲ့ ကိုယ်ပေါ်ချင်တဲ့ message စာသားလေးတွေရယ်ရေးပြီး OK နှိပ်လိုက်ရုံပါပဲ...
ကွန်ပျူတာ စဖွင့်တိုင်း အလုပ်လုပ်စေချင်တယ်ဆိုရင်တော့ Run Love Clock at Startup ကို check လုပ်ထားဖို့လိုပါတယ်...


အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်လေး ဖြစ်ပါစေ...

ဆက်ဖတ်ရန်...

ကွန်ပျူတာမှာ Alarm Clock လေးသုံးချင်ရင်...

Posted by ဖက်တီးလေး at 1:11 AM

Saturday, January 31, 2009

အခုပြောပြမှာကတော့ ကွန်ပျူတာကို အသုံးပြုပြီး Alarm ပေးလို့ရတဲ့ AlarmClock ဆိုတဲ့ Software လေးပါ...
သူများတွေတော့ မသိဘူး...ကိုယ်ကတော့ ခဏခဏ သတိမေ့တတ်လွန်းလို့ တချို့ကိစ္စလေးတွေဆို Alarm ပေးထားရတယ်...
ဥပမာ... ၁၀-မိနစ်လောက်ပစ်ထားလို့ရတဲ့ ဟင်းအိုးမျိုးကို တည်ထားခဲ့ပြီး တခြားဟာလုပ်နေမိလို့ ဟင်းအိုးတူးသွားတာမျိုး...
အ၀တ်လျှော်စက်ထဲ အ၀တ်ထည့်လျှော်ထားခဲ့ပြီး ပြန်ထုတ်ယူဖို့ မေ့သွားတာမျိုး...
အဲလိုမျိုး ကိစ္စလေးတွေအတွက်တော့ ဒီ Alarm လေးကတော်တော်အဆင်ပြေတယ်...


အရင်ကတော့ ဖုန်းတို့...နာရီတို့ကို သုံးပြီး Alarm ပေးခဲ့ရတယ်...
ဒါပေမဲ့ များသောအားဖြင့်ကတော့ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်နေမိတတ်တာမို့ ဒီ AlarmClock ဆော့ဖ်ဝဲလ်လေးကို သုံးရတာ ပိုအဆင်ပြေတယ်လို့ ထင်မိတာပဲ...


ပုံမှာမြင်ရသလိုပဲ ပထမဆုံး ကိုယ် Alarm ပေးချင်တဲ့ Date and Time ကိုရွေးရပါမယ်...
event တစ်ခုတည်းကိုပဲ Daily, Weekly, Monthly, Annual စတာတွေရွေးပြီး repeat alarm လုပ်လို့လည်းရတယ်...
repeatation မလုပ်ချင်ရင် None ကိုရွေးထားလိုက်ပါ...
Alarm အတွက်အသံကို mp3, wav, wma, avi, mpg အစရှိတဲ့ အသံဖိုင်လေးတွေ ကြိုက်တာရွေးထားလို့လည်းရတယ်...
ဘာမှ မရွေးထားခဲ့ရင်လည်း default အသံနဲ့ Alarm မြည်လာမှာပါ...
နောက်ပြီး ကိုယ်ပေါ်စေချင်တဲ့ message လေးကို ရေးပြီးတာနဲ့..."Set Alarm" ဆိုတဲ့ button လေးကိုနှိပ်လိုက်ရုံပါပဲ...
ကိုယ်သတ်မှတ်ထားတဲ့အချိန်ရောက်လာရင် ပုံမှာမြင်ရသလို ကိုယ်ရေးတာတဲ့ message လေးကို ကိုယ်ရွေးချယ်ထားတဲ့ သီချင်းလေး (အသံ) နဲ့ အတူ မြင်တွေ့ရမှာဖြစ်ပါတယ်...
Alarm အသံကြားရမယ့် duration time ကိုလဲ သတ်မှတ်ပေးလို့ရပါတယ်...

နောက်တစ်ခုက ကိုယ့်ရဲ့ကွန်ပျူတာကို သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ Shutdown, Reboot, Hibernation, Logoff လုပ်ဖို့ Alarm ပေးထားလို့လည်း ရပါတယ်...
တခါတလေ..အပြင်သွားခါနီး ကွန်ပျူတာမှာ လုပ်လက်စအလုပ် (eg. downloading, software updating, virus scanning ) ကမပြီးသေးလို့ စောင့်နေရတာမျိုး ကြုံဖူးကြမှာပါ...
အဲလိုမျိုးဆိုလဲ အဲဒီ task ပြီးလောက်မဲ့ အချိန်ကိုမှန်းကြည့်ပြီး Shutdown လုပ်ဖို့ Alarm ပေးထားခဲ့လို့ရပါတယ်...
"Reaction at Alarm" မှာ "Shutdown" ကိုရွေးလိုက်ပါ...နောက်..မြင်ရတဲ့ Option ၄-ခုထဲက ကိုယ်နှစ်သက်ရာ action (eg. Shutdown) ကိုရွေးလိုက်ပါ...

နေ့စဉ်နေ့တိုင်း သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ ကွန်ပျူတာကို shutdown လုပ်ချင်ရင်တော့ repetition မှာ daily ကိုရွေးထားရုံပါပဲ...
စိတ်ဝင်စားတယ်ဆိုရင်
ဒီနေရာမှာ download လုပ်ယူနော်...
အားလုံးပဲ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို အချိန်အမှားအယွင်းမရှိပဲ လုပ်ဆောင်ကြရင်း စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...

ဆက်ဖတ်ရန်...

တရုတ်နှစ်သစ်ကူး အမှတ်တရ...

Posted by ဖက်တီးလေး at 8:59 PM

Monday, January 26, 2009

မနေ့ (၂၅.၁.၂၀၀၉)က တရုတ်နှစ်သစ်ကူးနေ့ ဖြစ်တာကြောင့် အမှတ်တရအနေနဲ့ Nabe(နဘဲ) ချက်စားရအောင်လို့ တစ်ဆောင်တည်းနေ တရုတ်မလေးက အဆိုပြုပါတယ်...
နောက်ပြီး တခြားသူတွေက ဖက်တီးလေးကို Green Tea Salad (လက္ဘက်သုပ်) သုပ်ပေးဖို့တောင်းဆိုကြတာကြောင့် တရုတ် နဘဲ ရယ်၊ မြန်မာ လက္ဘက်သုပ်ရယ်၊ ဂျပန် ဆာရှိမိ (ငါးစိမ်း) ကိုလုပ်စားဖြစ်ကြပါတယ်...


ပုံမှာမြင်ရင်သိသာပါတယ်...လက္ဘက်သုပ်က သိပ်မကောင်းလှဘူးဆိုတာ...
ဒါပေမဲ့..အဲဒီ အဆာပလာမစုံမလင်နဲ့ လက္ဘက်သုပ်ကိုပဲ သူတို့က အရမ်းကြိုက်နှစ်သက်နေကြပြီး မြန်မာပြည်ကို လက္ဘက်မှာပေးပါ လုပ်နေကြသေးတယ်... :P
နောက်ပြီး လက္ဘက်သုပ်နည်းကို အသေးစိတ်မေးနေကြပြီး ပါဝင်တဲ့ပစ္စည်းအချိုးအစားတွေကိုပါ အတိအကျမေးနေတာကြောင့် တော်တော်လေး စိတ်ညစ်သွားမိသေးတယ်...
သိတဲ့အတိုင်းပဲလေ...မြန်မာတွေက လက်မှန်းနဲ့ အဆင်ပြေသလို ထည့်သွားတာပဲလေ..အဲဒါကို ဘယ်လောက် ဂရမ်လဲဘာလဲဆိုတော့... စိတ်ကိုညစ်ရော... :(

တရုတ် နဘဲကတော့ တော်တော်လေးကို စားလို့ကောင်းတယ်...အဲဒီတရုတ်မလေးတစ်ယောက်တည်းချက်သွားတာ...
ကိုယ်မှတ်မိသလောက်တော့... ကြက်သားအချိုရည်ရယ်၊ တိုးဘန်းချန် လို့ခေါ်တဲ့ ပဲငပိစပ်လိုမျိုးရယ်၊ အသားလွှာလေးတွေရယ်
(၀က်သား၊ အမဲသား)၊ ကြက်သားလုံးလေးတွေရယ် ကို ရေထည့်ပြီး အရင်တည်ထားလိုက်တယ်...
နောက်ပြီး အသီးအရွက်ကတော့ အစုံပဲ... အာလူးသီး၊ ကြာစွယ်၊ မှို၊ မုန်ညင်း၊ ဂေါ်ဖီ၊ ပဲပြား၊ ပဲပင်ပေါက် အဲတာတွေထည့်...
ပြီးတော့... (Raman) လားမန်းခေါက်ဆွဲရယ်..ကြာဇံဖတ်လိုမျိုးလေးတွေထည့်...
ကြက်ဥလည်း အလုံးလိုက်ဖောက်ထည့်လိုက်သေးတယ်...
အဲလောက်ထည့်ထားမှတော့ စားလို့မကောင်းဘဲနေပါတော့မလား...:P

နောက်..ဆာရှိမိကတော့ Octopus ရယ်၊ Shrimp ရယ်၊ နောက်ပြီး ငါးကတော့ ၂-မျိုး (နာမည်တွေမသိ)ရယ်...
ကိုယ့်ကို ဆာရှိမိစားနိုင်လို့ဆိုပြီး သူတို့က အံ့သြနေကြသေးတယ်...
ဆာရှိမိက ငါးစိမ်းဆိုပေမယ့် ကိုယ့်အတွက်တော့ ဘယ်လိုမှမနေဘူး..ညှီလဲမညှီဘူး... :P






ဆက်ဖတ်ရန်...

Firefox မှာ Transparency Gmail Background လေးသုံးချင်ရင်...

Posted by ဖက်တီးလေး at 9:40 AM

Sunday, January 25, 2009

အခုပြောပြမှာကတော့ Firefox User တွေ အတွက် Transparency Gmail Background လေးပါ...
ပုံမှာမြင်ရသလို Firefoxမှာ မိုးပြာရောင်ရင့်ရင့် Gmail background လေးလိုချင်တယ်ဆိုရင်တော့ ဒီနေရာကနေတဆင့် Stylish လေးကို add လုပ်ယူလို့ရပါတယ်...


မှတ်ချက်။ ။ Window XP အတွက်အဆင်ပြေသော်လည်း Vista တွင်ပြောင်းလို့မရပါ။

ဆက်ဖတ်ရန်...

Window Vista ရဲ့ Administrator Account ကို enable လုပ်ချင်ရင်...

Posted by ဖက်တီးလေး at 9:01 PM

Saturday, January 24, 2009

အားလုံးလဲသိပြီးသားဖြစ်မှာပါ...
Window Vista မှာ default အနေနဲ့ Administrator Account ကို သုံးလို့မရပါဘူး...
Window XP နဲ့ တခြား OS တွေမှာတုန်းကတော့ OS တစ်ခုကို install လုပ်တယ်ဆိုတာနဲ့ Administrator Account တစ်ခုကို default ရရှိမှာဖြစ်ပါတယ်...
Window Vista မှာလည်း Administrator Account ကတကယ်တော့ရှိပြီးသားပါ..
ဒါပေမဲ့ သူ့ကို disable လုပ်ထားတာကြောင့် default account က user ဖြစ်နေတာပါ...


user right ဖြစ်နေတော့ တခါတလေ software installation တွေလုပ်တဲ့အခါမျိုးမှာ administrator right တောင်းတဲ့ message မျိုး ခဏခဏမြင်နေရမှာပါ..
အဲဒါမျိုးမဖြစ်ချင်ရင်တော့ Administrator Account ကို enable လုပ်ထားဖို့လိုပါတယ်...
တကယ်လို့ Window Vista မှာ Administrator Account ကို enable လုပ်ချင်ရင်တော့ အခုလို လုပ်နိုင်ပါတယ်...
enable လုပ်ဖို့အတွက် ပထမဆုံးအနေနဲ့ ပုံမှာပြထားတဲ့အတိုင်း "Command Prompt" command (start-> All Programs -> Accessories)မှာ right-click လုပ်ပြီး "Run as Administrator" ကို ရွေးပေးရမှာ ဖြစ်ပါတယ်...

ပြီးရင် command prompt မှာ net user administrator /active:yes လို့ ရိုက်ထည့်လိုက်ပါ...

"The command completed successfully" ဆိုတဲ့ message ကိုမြင်ရမှာဖြစ်ပါတယ်...
အဲဒါဆိုရင်တော့ administrator account ကို enable လုပ်လို့ပြီးသွားပြီဖြစ်ပါတယ်...
Log out လုပ်ကြည့်လိုက်ပါ...
ပုံမှာမြင်ရသလို Log in Window မှာ Administrator account တစ်ခုတိုးလာတာကိုမြင်ရမှာပါ...


နဂိုမူလအတိုင်း disable ပြန်လုပ်ချင်ရင်တော့...
command prompt ကိုဖွင့်ပြီး net user administrator /active:no လို့ ပြန်ရိုက်ပေးရုံပါပဲ...

အားလုံးပဲ စိတ်ပျော်ရွှင်နိုင်ကြပါစေ...

ဆက်ဖတ်ရန်...