အမှတ်တရ လက်ဆောင်လေးတစ်ခု...

Posted by ဖက်တီးလေး at 12:05 AM

Wednesday, May 27, 2009

ဒီနေ့အမှတ်တရအနေနဲ့ တစ်ခုခုရေးဖို့ ဘာရေးရမှန်းစဉ်းစားလို့မရဘူး...
နောက်မှ အခုလောလောဆယ်ကောက်ရထားတဲ့ သူငယ်ချင်းအသစ်လေးပို့ပေးထားတဲ့ လက်ဆောင်လေးတွေကို အမှတ်တရအနေနဲ့ ပို့စ်တင်ဖို့ စိတ်ကူးရသွားတယ်..

တစ်ရက်... ကိုယ့်ရဲ့ cbox ထဲမှာ “လာလည်ပါတယ်... ဝကစ်လေး... Link လုပ်ပေးထားပါတယ်...” ဆိုတဲ့ msg လေးကစလို့ ဒီနေရာလေးကို ရောက်သွားခဲ့တယ်...
အဲဒီမှာပဲ ပန်းချီပုံလေးတွေကိုမြင်တော့...အရမ်းသဘောကျတာနဲ့ comment လေးတွေရေးခဲ့မိတယ်..
နောက်တစ်နေ့ ကိုယ့်ရဲ့ cbox မှာ “မမဝကစ်ရဲ့ပုံ သားဆွဲကြည့်ပေးမယ်လေ...” ဆိုတဲ့ msg လေးထပ်ရောက်လာတယ်...
ဒါနဲ့ နောက်တစ်ခေါက် သူ့ဘလော့ဂ်လေးကို အလည်ထပ်ရောက်တော့ “ပုံဆွဲပေးမယ်ဆို..ဆွဲပေးလေ...” လို့ ရေးခဲ့တော့..
နောက်နေ့..“ဟိတ် ဝကစ်.. Request လုပ်ထားတယ်ဟုတ်? သားငယ်ကိုဖုန်းဆက်ထားသေးလား မသိဘူး.. ;p” ဆိုပြီး ကိုယ့် cbox မှာ လာရေးသွားပြန်ရော...
ကိုယ်လည်း ဖုန်းမဆက်ထားဘူးဆိုတော့ တစ်ယောက်ယောက်နဲ့မှားနေတာများလားဆိုပြီးး.. သူ့ဘလော့ဂ်လေးကို ထပ်ရောက်သွားခဲ့ပြန်တယ်...
အဲဒီမှာပဲ ဒီပို့စ်လေးကို ဖတ်မိပြီး ရီလိုက်ရတာ...
စစဖတ်ခြင်းတုန်းကတော့ သိပ်နားမလည်ဘူး..ပုံလေးတွေကိုမြင်တော့မှ နားလည်သွားတာ..
နောက်ပြီး...ကိုယ်တိုင်သာမဆွဲတတ်တာ...ကိုယ်က ပန်းချီပုံလေးတွေဆို အရမ်းသဘောကျတယ်...
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အတွက် ဒီပုံလေးတွေက အမှတ်တရပါပဲ...
ခင်မင်တာ သိပ်မကြာသေးပေမယ့် အခုလိုချက်ချင်းပုံဆွဲပေးခဲ့တာဆိုတော့ အရမ်းကို သဘောကောင်းတဲ့ ကောင်လေးဖြစ်မှာပဲနော်...
လုံးဝထင်မထားဘူး... အဲလိုချက်ချင်းဆွဲပေးလိမ့်မယ်လို့...
(ကိုယ့်ကိုပုံဆွဲပေးထားတာ..ဒီလောက်တော့ မြှောက်ထားရမှာပေါ့...:P )




တကယ်လို့ သဘောကျလို့ ပုံတူဆွဲဖို့ အပ်ချင်ရင်တော့ ဒီနေရာလေးမှာ သွားရောက်တောင်းဆိုနိုင်ပါတယ်..
အခန့်မသင့်ရင်တော့.. သူကိုယ်တိုင်ဇာတ်ညွှန်းရေး..သူကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့ ပေါက်ကရဇာတ်လမ်းတွေမှာ ဇာတ်ကောင်တစ်ခုအနေနဲ့တော့ ပါသွားနိုင်တာပေါ့လေ...
ပုံလေးတွေကို ကြိုတင်ခွင့်မတောင်းပဲယူသုံးမိတာ စိတ်မဆိုးလောက်ပါဘူးနော်...သားငယ်... :P
ps. ကိုယ့်နာမည်က “ဖက်တီးလေး” ပါပဲ..“၀ကစ်” ဆိုတာ သူ့ဟာသူ ဘယ်လိုကဘယ်လို စိတ်ကူးရလို့ခေါ်နေတယ် မသိဘူး.. :P

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ..ကိုယ်၏ကျန်းမာခြင်းနဲ့ပြည်စုံတဲ့ ပျော်ရွှင်စရာနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့...

1 comments:

Han Thu said...

ဒီ...
အမှတ်တရ ပို့စ်လေးကို
အမှတ်တရ သူငယ်ချင်းလေးတစ်ယောက်ပေးထားတဲ့
အမှတ်တရ လက်ဆောင်တစ်ခုအဖြစ်
အမှတ်တရ အမြဲရှိနေမှာပါ...

အမှတ်တရ
ဟန်သူ