ကွန်ပျူတာမှာ Alarm Clock လေးသုံးချင်ရင်...

Posted by ဖက်တီးလေး at 1:11 AM

Saturday, January 31, 2009

အခုပြောပြမှာကတော့ ကွန်ပျူတာကို အသုံးပြုပြီး Alarm ပေးလို့ရတဲ့ AlarmClock ဆိုတဲ့ Software လေးပါ...
သူများတွေတော့ မသိဘူး...ကိုယ်ကတော့ ခဏခဏ သတိမေ့တတ်လွန်းလို့ တချို့ကိစ္စလေးတွေဆို Alarm ပေးထားရတယ်...
ဥပမာ... ၁၀-မိနစ်လောက်ပစ်ထားလို့ရတဲ့ ဟင်းအိုးမျိုးကို တည်ထားခဲ့ပြီး တခြားဟာလုပ်နေမိလို့ ဟင်းအိုးတူးသွားတာမျိုး...
အ၀တ်လျှော်စက်ထဲ အ၀တ်ထည့်လျှော်ထားခဲ့ပြီး ပြန်ထုတ်ယူဖို့ မေ့သွားတာမျိုး...
အဲလိုမျိုး ကိစ္စလေးတွေအတွက်တော့ ဒီ Alarm လေးကတော်တော်အဆင်ပြေတယ်...


အရင်ကတော့ ဖုန်းတို့...နာရီတို့ကို သုံးပြီး Alarm ပေးခဲ့ရတယ်...
ဒါပေမဲ့ များသောအားဖြင့်ကတော့ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်နေမိတတ်တာမို့ ဒီ AlarmClock ဆော့ဖ်ဝဲလ်လေးကို သုံးရတာ ပိုအဆင်ပြေတယ်လို့ ထင်မိတာပဲ...


ပုံမှာမြင်ရသလိုပဲ ပထမဆုံး ကိုယ် Alarm ပေးချင်တဲ့ Date and Time ကိုရွေးရပါမယ်...
event တစ်ခုတည်းကိုပဲ Daily, Weekly, Monthly, Annual စတာတွေရွေးပြီး repeat alarm လုပ်လို့လည်းရတယ်...
repeatation မလုပ်ချင်ရင် None ကိုရွေးထားလိုက်ပါ...
Alarm အတွက်အသံကို mp3, wav, wma, avi, mpg အစရှိတဲ့ အသံဖိုင်လေးတွေ ကြိုက်တာရွေးထားလို့လည်းရတယ်...
ဘာမှ မရွေးထားခဲ့ရင်လည်း default အသံနဲ့ Alarm မြည်လာမှာပါ...
နောက်ပြီး ကိုယ်ပေါ်စေချင်တဲ့ message လေးကို ရေးပြီးတာနဲ့..."Set Alarm" ဆိုတဲ့ button လေးကိုနှိပ်လိုက်ရုံပါပဲ...
ကိုယ်သတ်မှတ်ထားတဲ့အချိန်ရောက်လာရင် ပုံမှာမြင်ရသလို ကိုယ်ရေးတာတဲ့ message လေးကို ကိုယ်ရွေးချယ်ထားတဲ့ သီချင်းလေး (အသံ) နဲ့ အတူ မြင်တွေ့ရမှာဖြစ်ပါတယ်...
Alarm အသံကြားရမယ့် duration time ကိုလဲ သတ်မှတ်ပေးလို့ရပါတယ်...

နောက်တစ်ခုက ကိုယ့်ရဲ့ကွန်ပျူတာကို သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ Shutdown, Reboot, Hibernation, Logoff လုပ်ဖို့ Alarm ပေးထားလို့လည်း ရပါတယ်...
တခါတလေ..အပြင်သွားခါနီး ကွန်ပျူတာမှာ လုပ်လက်စအလုပ် (eg. downloading, software updating, virus scanning ) ကမပြီးသေးလို့ စောင့်နေရတာမျိုး ကြုံဖူးကြမှာပါ...
အဲလိုမျိုးဆိုလဲ အဲဒီ task ပြီးလောက်မဲ့ အချိန်ကိုမှန်းကြည့်ပြီး Shutdown လုပ်ဖို့ Alarm ပေးထားခဲ့လို့ရပါတယ်...
"Reaction at Alarm" မှာ "Shutdown" ကိုရွေးလိုက်ပါ...နောက်..မြင်ရတဲ့ Option ၄-ခုထဲက ကိုယ်နှစ်သက်ရာ action (eg. Shutdown) ကိုရွေးလိုက်ပါ...

နေ့စဉ်နေ့တိုင်း သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ ကွန်ပျူတာကို shutdown လုပ်ချင်ရင်တော့ repetition မှာ daily ကိုရွေးထားရုံပါပဲ...
စိတ်ဝင်စားတယ်ဆိုရင်
ဒီနေရာမှာ download လုပ်ယူနော်...
အားလုံးပဲ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို အချိန်အမှားအယွင်းမရှိပဲ လုပ်ဆောင်ကြရင်း စိတ်ချမ်းသာ ပျော်ရွှင်နိုင်ကြပါစေ...

ဆက်ဖတ်ရန်...

တရုတ်နှစ်သစ်ကူး အမှတ်တရ...

Posted by ဖက်တီးလေး at 8:59 PM

Monday, January 26, 2009

မနေ့ (၂၅.၁.၂၀၀၉)က တရုတ်နှစ်သစ်ကူးနေ့ ဖြစ်တာကြောင့် အမှတ်တရအနေနဲ့ Nabe(နဘဲ) ချက်စားရအောင်လို့ တစ်ဆောင်တည်းနေ တရုတ်မလေးက အဆိုပြုပါတယ်...
နောက်ပြီး တခြားသူတွေက ဖက်တီးလေးကို Green Tea Salad (လက္ဘက်သုပ်) သုပ်ပေးဖို့တောင်းဆိုကြတာကြောင့် တရုတ် နဘဲ ရယ်၊ မြန်မာ လက္ဘက်သုပ်ရယ်၊ ဂျပန် ဆာရှိမိ (ငါးစိမ်း) ကိုလုပ်စားဖြစ်ကြပါတယ်...


ပုံမှာမြင်ရင်သိသာပါတယ်...လက္ဘက်သုပ်က သိပ်မကောင်းလှဘူးဆိုတာ...
ဒါပေမဲ့..အဲဒီ အဆာပလာမစုံမလင်နဲ့ လက္ဘက်သုပ်ကိုပဲ သူတို့က အရမ်းကြိုက်နှစ်သက်နေကြပြီး မြန်မာပြည်ကို လက္ဘက်မှာပေးပါ လုပ်နေကြသေးတယ်... :P
နောက်ပြီး လက္ဘက်သုပ်နည်းကို အသေးစိတ်မေးနေကြပြီး ပါဝင်တဲ့ပစ္စည်းအချိုးအစားတွေကိုပါ အတိအကျမေးနေတာကြောင့် တော်တော်လေး စိတ်ညစ်သွားမိသေးတယ်...
သိတဲ့အတိုင်းပဲလေ...မြန်မာတွေက လက်မှန်းနဲ့ အဆင်ပြေသလို ထည့်သွားတာပဲလေ..အဲဒါကို ဘယ်လောက် ဂရမ်လဲဘာလဲဆိုတော့... စိတ်ကိုညစ်ရော... :(

တရုတ် နဘဲကတော့ တော်တော်လေးကို စားလို့ကောင်းတယ်...အဲဒီတရုတ်မလေးတစ်ယောက်တည်းချက်သွားတာ...
ကိုယ်မှတ်မိသလောက်တော့... ကြက်သားအချိုရည်ရယ်၊ တိုးဘန်းချန် လို့ခေါ်တဲ့ ပဲငပိစပ်လိုမျိုးရယ်၊ အသားလွှာလေးတွေရယ်
(၀က်သား၊ အမဲသား)၊ ကြက်သားလုံးလေးတွေရယ် ကို ရေထည့်ပြီး အရင်တည်ထားလိုက်တယ်...
နောက်ပြီး အသီးအရွက်ကတော့ အစုံပဲ... အာလူးသီး၊ ကြာစွယ်၊ မှို၊ မုန်ညင်း၊ ဂေါ်ဖီ၊ ပဲပြား၊ ပဲပင်ပေါက် အဲတာတွေထည့်...
ပြီးတော့... (Raman) လားမန်းခေါက်ဆွဲရယ်..ကြာဇံဖတ်လိုမျိုးလေးတွေထည့်...
ကြက်ဥလည်း အလုံးလိုက်ဖောက်ထည့်လိုက်သေးတယ်...
အဲလောက်ထည့်ထားမှတော့ စားလို့မကောင်းဘဲနေပါတော့မလား...:P

နောက်..ဆာရှိမိကတော့ Octopus ရယ်၊ Shrimp ရယ်၊ နောက်ပြီး ငါးကတော့ ၂-မျိုး (နာမည်တွေမသိ)ရယ်...
ကိုယ့်ကို ဆာရှိမိစားနိုင်လို့ဆိုပြီး သူတို့က အံ့သြနေကြသေးတယ်...
ဆာရှိမိက ငါးစိမ်းဆိုပေမယ့် ကိုယ့်အတွက်တော့ ဘယ်လိုမှမနေဘူး..ညှီလဲမညှီဘူး... :P






ဆက်ဖတ်ရန်...

Firefox မှာ Transparency Gmail Background လေးသုံးချင်ရင်...

Posted by ဖက်တီးလေး at 9:40 AM

Sunday, January 25, 2009

အခုပြောပြမှာကတော့ Firefox User တွေ အတွက် Transparency Gmail Background လေးပါ...
ပုံမှာမြင်ရသလို Firefoxမှာ မိုးပြာရောင်ရင့်ရင့် Gmail background လေးလိုချင်တယ်ဆိုရင်တော့ ဒီနေရာကနေတဆင့် Stylish လေးကို add လုပ်ယူလို့ရပါတယ်...


မှတ်ချက်။ ။ Window XP အတွက်အဆင်ပြေသော်လည်း Vista တွင်ပြောင်းလို့မရပါ။

ဆက်ဖတ်ရန်...

Window Vista ရဲ့ Administrator Account ကို enable လုပ်ချင်ရင်...

Posted by ဖက်တီးလေး at 9:01 PM

Saturday, January 24, 2009

အားလုံးလဲသိပြီးသားဖြစ်မှာပါ...
Window Vista မှာ default အနေနဲ့ Administrator Account ကို သုံးလို့မရပါဘူး...
Window XP နဲ့ တခြား OS တွေမှာတုန်းကတော့ OS တစ်ခုကို install လုပ်တယ်ဆိုတာနဲ့ Administrator Account တစ်ခုကို default ရရှိမှာဖြစ်ပါတယ်...
Window Vista မှာလည်း Administrator Account ကတကယ်တော့ရှိပြီးသားပါ..
ဒါပေမဲ့ သူ့ကို disable လုပ်ထားတာကြောင့် default account က user ဖြစ်နေတာပါ...


user right ဖြစ်နေတော့ တခါတလေ software installation တွေလုပ်တဲ့အခါမျိုးမှာ administrator right တောင်းတဲ့ message မျိုး ခဏခဏမြင်နေရမှာပါ..
အဲဒါမျိုးမဖြစ်ချင်ရင်တော့ Administrator Account ကို enable လုပ်ထားဖို့လိုပါတယ်...
တကယ်လို့ Window Vista မှာ Administrator Account ကို enable လုပ်ချင်ရင်တော့ အခုလို လုပ်နိုင်ပါတယ်...
enable လုပ်ဖို့အတွက် ပထမဆုံးအနေနဲ့ ပုံမှာပြထားတဲ့အတိုင်း "Command Prompt" command (start-> All Programs -> Accessories)မှာ right-click လုပ်ပြီး "Run as Administrator" ကို ရွေးပေးရမှာ ဖြစ်ပါတယ်...

ပြီးရင် command prompt မှာ net user administrator /active:yes လို့ ရိုက်ထည့်လိုက်ပါ...

"The command completed successfully" ဆိုတဲ့ message ကိုမြင်ရမှာဖြစ်ပါတယ်...
အဲဒါဆိုရင်တော့ administrator account ကို enable လုပ်လို့ပြီးသွားပြီဖြစ်ပါတယ်...
Log out လုပ်ကြည့်လိုက်ပါ...
ပုံမှာမြင်ရသလို Log in Window မှာ Administrator account တစ်ခုတိုးလာတာကိုမြင်ရမှာပါ...


နဂိုမူလအတိုင်း disable ပြန်လုပ်ချင်ရင်တော့...
command prompt ကိုဖွင့်ပြီး net user administrator /active:no လို့ ပြန်ရိုက်ပေးရုံပါပဲ...

အားလုံးပဲ စိတ်ပျော်ရွှင်နိုင်ကြပါစေ...

ဆက်ဖတ်ရန်...

Weather Forcast Tools လေးတွေသုံးချင်ရင်...

Posted by ဖက်တီးလေး at 2:12 AM

Monday, January 19, 2009

ဟိုအရင်က "Weather Studio Desktop Toolbar လေးသုံးချင်ရင်" ဆိုတဲ့ခေါင်းစဉ်နဲ့ weather desktop toolbar လေးတစ်ခု အကြောင်းရေးခဲ့ဖူးပါတယ်...
ဒါပေမဲ့ အဲဒါက Window Vista မှာဆို အဆင်မပြေပါဘူး...
အခုပြောပြမယ့် AccuWeather ဆိုတဲ့ weather forcast လေးကတော့ နေရာတော်တော်များများမှာ သုံးလို့ရပါတယ်...


ဥပမာ...Vista Gadgets, IE Toolbar, Firefox Toolbar,Weather Widget for Yahoo နဲ့ ကိုယ့်ရဲ့ blog ပေါ်မှာလည်း သုံးလို့ရပါတယ်...

စိတ်ဝင်စားရင် ဒီနေရာမှာ သွားရောက် download လုပ်ယူနိုင်ပါတယ်...

ဆက်ဖတ်ရန်...

Shift+ Delete နဲ့ ဖျက်မိတဲ့ files တွေကို ပြန်ပြီး recover လုပ်ချင်ရင်...

Posted by ဖက်တီးလေး at 4:35 AM

Sunday, January 18, 2009

တခါတလေမှာ files တွေကို မှားဖျက်လိုက်မိတာမျိုး...ဖျက်ပြီးမှပြန်လိုချင်မိတာမျိုး ရှိတတ်ကြပါတယ်...
သာမန် delete လောက်ပဲ လုပ်မိရင်တော့ recycle bin ထဲကနေ recover ပြန်လုပ်လို့ရပေမယ့် Shift+ Delete နဲ့ ဖျက်ပစ်လိုက်မိရင်တော့ ပြန်ရဖို့ သိပ်မလွယ်ကူတော့ပါဘူး...
အခုပြောပြမယ့် Recuva ဆိုတဲ့ freeware လေးက Shift+ Delete နဲ့ ဖျက်ပစ်လိုက်မိတဲ့ထဲက တချို့ files တွေကို recover ပြန်လုပ်ပေးနိုင်ပါတယ်...


စိတ်ဝင်စားတယ်ဆိုရင် ဒီနေရာမှာ download လုပ်ယူနိုင်ပါတယ်...
recover လုပ်ပေးနိုင်တဲ့ file အမျိုးအစားတွေကတော့ Pictures, Music, Documents, Video, နဲ့ Compressed file types တွေပဲဖြစ်ပါတယ်...
ကိုယ့်ရဲ့ File Location ကို အတိအကျသိခဲ့ရင် drive letter (eg. C:, D:) သတ်မှတ်ပြီး scan လုပ်ယူလို့လဲ ရပါတယ်...
ပုံမှာပြထားသလို ရှာလို့တွေ့တဲ့ files တွေကို recover ပြန်လုပ်လို့ရနိုင်တဲ့ အခြေအနေပေါ်လိုက်ပြီး အရောင် (၃)မျိုးနဲ့ (အစိမ်း၊ အ၀ါ၊ အနီ) နဲ့ ဖော်ပြထားမှာပါ...



မိမိလိုချင်တဲ့ files တွေရဲ့ဘေးက check box လေးမှာ select လုပ်ပြီး Recover ဆိုတဲ့ button လေးကို click လိုက်ပါ..
နောက်ပြီး recover လုပ်မဲ့ location ကိုရွေးလိုက်တာနဲ့ မိမိလိုချင်တဲ့ files တွေကို ပြန်လည်ရရှိမှာဖြစ်ပါတယ်...

မှတ်ချက်။ ။ တချို့ files တွေကို မူလအတိုင်းပြန်လည်ရရှိပေမဲ့ တချို့ကိုတော့ ပြန်မရပါဘူး...

အားလုံးပဲ အစစအရာရာ အဆင်ပြေချောမွေ့နိုင်ကြပါစေ...

ဆက်ဖတ်ရန်...

Linux OS တွေမှာ Zawgyi Font install လုပ်ချင်ရင်...

Posted by ဖက်တီးလေး at 9:02 PM

Saturday, January 17, 2009

ဒီနေ့ Ubuntu OS မှာ မြန်မာလို မမြင်ရတာနဲ့ Zawgyi Font သွင်းချင်လို့ လိုက်ရှာလိုက်တာ စေတန်ဂေါ့ ရဲ့site မှာ နည်းပညာနဲ့ပတ်သက်တဲ့ post တော်တော်များများကို တွေ့လိုက်ရတယ်...
အသေးစိတ်သိချင်ရင်တော့ သူ့ရဲ့ ဘလော့ဂ်မှာ သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်...
ဒီနေရာမှာတော့ Linux OS တွေမှာ Zawgyi Font install လုပ်တာကို ပြောပြပေးသွားမှာပါ...

Linux OS တွေမှာ တချို့က Debian software package (deb) ကိုသုံးပြီး တချို့က RedHat Package Manager (rpm) ကိုသုံးကြပါတယ်...
အဲဒီတော့ Zawgyi ကို deb package ကိုသုံးတဲ့ Ubuntu လိုမျိုး OS မှာ install လုပ်မယ်ဆိုရင် ဒီနေရာမှာ tar file ကို အရင် download လုပ်ပါ...
အဲဒီနောက် Zawgyi.tar.gz file ကို extract လုပ်ပြီးရင် terminal မှာ
$sh install.sh ဆိုရင်ရပါပြီ...

rpm package ကိုသုံးတဲ့ Fedora လို၊ OpenSUSE လို OS မျိုးဖြစ်ခဲ့ရင်တော့ rpm package ကို ဒီနေရာမှာ download လုပ်ပါ။
ပြီးရင် terminal မှာ #rpm -i –force zawgyikb-1.1-1.i386.rpm ဆိုရင်ရပါပြီ...

အားလုံးပဲ မိမိအသုံးပြုနေသော Operating System များတွင် မြန်မာလို အသုံးပြုနိုင်ကြပါစေ...
ကိုစေတန်ဂေါ့ကို အထူးကျေးဇူးတင်ရှိပါတယ်...

ဆက်ဖတ်ရန်...

အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်...

Posted by ဖက်တီးလေး at 6:08 PM

Friday, January 16, 2009

ဒီကနေ့ email ကနေ အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်လေးတစ်ခုရပါတယ်...
အဲဒီ ပြက္ခဒိန်လေးရဲ့နောက်ဆုံးစာမျက်နှာမှာ နိုင်ငံရပ်ခြားမှာရောက်ရှိနေကြတဲ့ မြန်မာများအတွက် အဓိကရည်ရွယ်ပြီး အခမဲ့မေတ္တာဖြင့် ဖြန့်ဝေခြင်းဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်...
နောက်ပြီး ကိုယ့်ရဲ့သူငယ်ချင်းတွေကို email ကနေတဆင့် ထပ်ဆင့်ဖြန့်ဝေခွင့်လဲပြုထားပါတယ်..
ဒါပေမယ့်..blog မှာတင်ချင်ခဲ့ရင်တော့ suuchitthu.blogspot.com မှတဆင့်ရရှိပါသည်ဟု ဖော်ပြပေးပါလို့ ပါရှိပါတယ်...
အဲဒီပြက္ခဒိန်လေးမှာ တခြားပြက္ခဒိန်တွေမှာတောင်မတွေ့နိုင်တဲ့ အမှတ်တရနေ့စွဲလေးတွေကိုပါ တွေ့နိုင်ပါတယ်...
အရမ်းနှစ်သက်စရာကောင်းတဲ့ ပြက္ခဒိန်လေးကို သူငယ်ချင်းတွေကို ထပ်ပြီးမျှဝေပေးလိုက်ပါတယ်...

2009 English-Myanmar Calendar_Classic Poems



ဆက်ဖတ်ရန်...

အချိန်ပေးပါ...

Posted by ဖက်တီးလေး at 5:11 PM

Sunday, January 4, 2009

တချို့အမှန်တရားတွေက လက်မခံချင်လောက်အောင် ခါးသီးလွန်းတယ်...
အဲဒီခါးသီးတဲ့ အမှန်တရားတစ်ခုကို လက်မခံနိုင်သေးသမျှ ငါပူလောင်နေရဦးမှာပဲ...
တကယ်လို့သာ အဲဒီအမှန်တရားကို ကျေကျေနပ်နပ် လက်ခံနိုင်ခဲ့မယ်ဆိုရင် ဒီပူလောင်မှုတွေ မရှိတော့ဘူး သေချာတယ်...

အချိန်ဟာ အရာအားလုံးကို ပြောင်းလဲစေတယ်...
အချိန်ဟာ အရာအားလုံးကို ကုသပေးနိုင်တဲ့ အကောင်းဆုံး သမားတော်ဆိုတာ ...ငါယုံပါတယ်...
ငါ့ကို လုံလောက်တဲ့ အချိန်တစ်ခုပဲပေးပါ...
ငါ အရာအားလုံးကို အတိုင်းအတာတစ်ခုအထိ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်...
အဲဒီ အချိန်ဟာ ၁-လ လား...၁-နှစ် လား...၁၀-နှစ်လား...ငါမသိပါဘူး...
ဒါပေမယ့်..ငါ့ကို လုံလောက်တဲ့ အချိန်တစ်ခုပဲပေးပါ..
တကယ်တော့ ငါဟာ လွတ်မြောက်ဖို့ ကြိုးစားရင်း အချိန်တန်ရင် လှောင်အိမ်ရှိရာကို ပြန်လာမိနေတဲ့ အကျင့်ပါနေတဲ့ ငှက်တစ်ကောင်လိုပဲလား...

ဆက်ဖတ်ရန်...