ကိုယ့်ရဲ့ gtalk contact ထဲကသူတွေရဲ့ ပုံတွေကို ပြောင်းချင်ရင်...

Posted by ဖက်တီးလေး at 2:18 PM

Tuesday, March 31, 2009

တကယ်တော့ GTalk ရဲ့ ဒီ Change Picture ဆိုတဲ့ feature လေးကို တွေ့နေတာတော့ ကြာပါပြီ...
ဒါပေမဲ့... သူများတွေရဲ့ပုံကိုဘာလို့ပြောText Colorင်Text Colorးရမှာလဲ...ဆိုပြီး သိပ်စိတ်မ၀င်စားခဲ့မိဘူး...
GTalk ကလဲ ဘာ feature တွေ support လုပ်နေပါလိမ့်... ကိုယ့်ပုံကို သူများတွေက မဟုတ်တရုတ်ပုံတွေ ပြောင်းသွားရင်တော့ ဒုက္ခပါပဲလို့တောင် စဉ်းစားနေခဲ့မိသေးတာ... :P

စိတ်ထဲမှာလည်း ကိုယ်က တစ်ယောက်ယောက်ရဲ့ပုံကို ပြောင်းလိုက်ရင် သူ့ဆီမှာရော... နောက်ပြီး သူရဲ့ contact list ထဲက လူအားလုံးဆီမှာပါ ပြောင်းသွားမယ်လို့ထင်ခဲ့မိတာကိုး...
ဒါပေမဲ့ ဟိုတစ်နေ့ကတော့ ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ပုံက ကိုယ့်ကို တော်တော်လေး စိတ်အနှောက်အယှက်ပေးနေတာ...ကြာပြီ...
သူကတော့ သူ့ဘာသာ ရိုးရိုးသားသားတင်ထားတာပါ..ကိုယ့်မှာသာ တစ်ဖက်သတ် ခံစားနေရတာဆိုတော့ သူ့ကို ပုံပြောင်းပေးပါလို့လဲ မပြောချင်ဘူးလေ... (သူများကိုယ်ရေးကိုယ်တာကို ၀င်မစွက်ဖက်သင့်ဘူးလို့လဲ ထင်လို့ပါ...)
ဒါနဲ့ပဲ GTalk ရဲ့ ဒီ feature လေးကို စမ်းကြည့်ဦးမယ်ဆိုပြီး ပြောင်းကြည့်လိုက်တာ...
တော်သေးတယ်...ကိုယ်ပြောင်းလိုက်တဲ့ပုံက ကိုယ့်ရဲ့ list ထဲမှာပဲ ပြောင်းပြီး ဘယ့်သူ့မှာမှ effect မရှိဘူးလေ...
ကောင်းလိုက်တာနော်...ကိုယ်လဲ ကိုယ်မမြင်ချင်တဲ့ပုံမမြင်ရတော့ဘူး..
ပြောင်းချင်ရင်တော့ လွယ်ပါတယ်...
chat list ထဲမှာ ကိုယ်ပြောင်းချင်တဲ့ လူရဲ့ပုံပေါ်ကို mouse (hover) နဲ့ ထောက်ကြည့်လိုက်ရင် ဒီပုံမှာမြင်ရသလို "change picture" ဆိုတာလေးကို မြင်ရမှာပါ...

အဲဒါကို click လုပ်လိုက်ရင် contact list window ကိုတွေ့ရမှာပါ...
( Gmail Main Page က Contacts ကို click လုပ်ရင်ပြီး ကိုယ်ပြောင်းချင်တဲ့လူကို ရွေးလို့လဲရပါတယ်...)
အဲဒီမှာမှ သူ့ပုံပေါ်မှာ mouse နဲ့ထောက်ပြီး change picture ကို click လိုက်ရင် ဒီမှာမြင်ရသလို window အသစ်တစ်ခု မြင်ရပါလိမ့်မယ်...

ကိုယ်ကြိုက်တဲ့ပုံကို browse လုပ်ပြီး ပြောင်းလိုက်ရုံပါပဲ...
ဒီပုံမှာမြင်ရသလို သူ့ဆီကို suggest message ပို့မှာလား..ကိုယ့်ဆီမှာပဲပြောင်းမှာလားဆိုတဲ့ မေးခွန်းမျိုးမြင်ရမှာပါ..
ကိုယ်ကြိုက်တာကို click လုပ်လိုက်ရုံပါပဲ...


ဘာပုံမှ မမြင်ချင်ရင်လည်း No Picture ကိုရွေးလို့ရပါတယ်...
နောက်ပြီး သူ့ပုံသူပြန်မြင်ချင်ရင်လည်း Their Picture ကိုပြန်ရွေးပေးလိုက်ရုံပါပဲ...

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ...

ဆက်ဖတ်ရန်...

ကျိန်စာ

Posted by ဖက်တီးလေး at 2:14 PM

Saturday, March 14, 2009

နင်ဘာဖြစ်နေလဲလို့
ငါမမေးဝံ့ပါဘူး
မေးပိုင်ခွင့်တွေလဲ
ငါပဲ ရုတ်သိမ်းထားခဲ့တာပဲလေ ...

နင် ငါ့ကို သတိမရဘူးလားလို့
ငါမစဉ်းစားဝံ့ပါဘူး
တမ်းတခွင့်တွေလဲ
ငါပဲ တားမြစ်ထားခဲ့တာပဲလေ ...

ငါတို့တွေမဆုံကြတော့ဘူးလားလို့
မှန်းဆမကြည့်ဝံ့ပါဘူး
ဆုံနိုင်ခွင့်လမ်းတစ်ခုကို
ငါကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့တာပဲလေ ...

"ရင်ခွင်သစ်"မှာ ပျော်သူရေ
ကြုံလာမဲ့ အလွမ်းများစွာအတွက်
နှလုံးသားကို ကြိုတင်ဒဏ်ခတ်ခဲ့တဲ့ ငါ့ကို
မမေ့ပါနဲ့လို့ မတောင်းဆိုဝံ့သူ ငါ ..
ဝေးဝေးကနေပဲ လွမ်းမှာပါ ...............

December Cinderella

ဆက်ဖတ်ရန်...

မင်းနဲ့ဝေးတဲ့ငါ့ရဲ့နေ့တွေ...

Posted by ဖက်တီးလေး at 2:06 PM

မင်းကြောင့်ရတဲ့ ဒဏ်ရာတွေ
ဖြေသာနိုင်ပြီလို့ ထင်ရင်
သံယောဇဉ်ဆိုတဲ့စကား
ရာဇ၀င်မှာ ရှိခဲ့မှာမဟုတ်ဘူး ...

အချစ်ကြောင့် ဖြစ်တဲ့အလွမ်းတွေ
ကုန်ခမ်းသွားပြီလို့ မြင်ရင်
ဝမ်းနည်းမှတ်တမ်းသီချင်းတွေ
ထပ်ရေးဖွဲ့ကြမှာ မဟုတ်ဘူး ...

မင်းအတွက်"ငါ"
ဖြစ်တည်ခဲ့ဖူးတာတွေ
လွယ်လွယ်မေ့လိုက်နိုင်တယ်ဆိုရင်
အငိုနဲ့ အဆုံးသတ်တတ်တဲ့ညတွေ
ငါ့ဘ၀ကို ဒီလိုနှိပ်စက်နေမှာ မဟုတ်ဘူး ........

December Cinderella

ဆက်ဖတ်ရန်...

YouTube downloader

Posted by ဖက်တီးလေး at 5:40 PM

Friday, March 6, 2009

အခုပြောပြမှာလေးက youtube downloader လေးပါ...
youtube မှာ video, music နဲ့ တခြား နည်းပညာ files လေးတွေ အများကြီးရှိပါတယ်...
တခါတလေ အဲဒီ files တချို့ကို youtube ကနေ download လုပ်ပြီး သိမ်းထားချင်တဲ့အခါမျိုးမှာ ဒီ freeware လေးက တော်တော်လေးကို အသုံးဝင်ပါတယ်...

တချို့ downloader တွေက avi format အနေနဲ့သာ download လုပ်နိုင်တာမို့ ကိုယ်လိုချင်တဲ့ format ရဖို့ နောက်တဆင့် ပြန်ပြောင်းပေးရတာမျိုးတွေ ရှိပါတယ်...
ဒီ Freeware လေးကတော့ support လုပ်တဲ့ format တွေက avi, wav, wmv, mp3, mpeg...စသဖြင့် တော်တော်များတာကြောင့် သုံးရတာ အဆင်ပြေပါတယ်...
ပထမဆုံး Next Video Converter ဆိုတဲ့ Freeware လေးကို
ဒီနေရာမှာ download လုပ်ယူပြီး install လုပ်လိုက်ပါ...
ပြီးရင် ဒီပုံမှာ မြင်ရသလို "YouTube Download" ဆိုတဲ့ button လေးကိုနှိပ်ပြီး ကိုယ် download လုပ်ချင်တဲ့ url link (http://www.youtube.com/watch?v=HvIJypyrXmw) ကို ထည့်ပေးရမှာ ဖြစ်ပါတယ်...


download လုပ်နေတာကို ခဏစောင့်ပြီးရင် ဒီမှာမြင်ရသလို ဘယ်လို file အမျိုးအစားနဲ့ save ချင်လဲဆိုတာကို မေးတဲ့ dialog box တစ်ခု မြင်ရမှာဖြစ်ပါတယ်...

အဲဒီမှာ ကိုယ်လိုချင်တဲ့ format ကိုရွေးပေးလိုက်ပါ...
ကိုယ် download လုပ်ထားတဲ့ file ကို preview ကြည့်လို့လဲ ရပါတယ်..
File ကို save လုပ်မဲ့ destination folder ကိုလဲ ပြောင်းချင်ရင်ပြောင်းပေးလို့ ရပါတယ်..
ပြီးရင်တော့ ဒီပုံမှာမြင်ရသလို Start button ကို နှိပ်လိုက်ရုံပါပဲ...


နောက်တစ်ခုက ဒီ Next Video Converter ကို
ကိုယ့်မှာရှိတဲ့ Movie file ကို format တစ်ခုကနေနောက်တစ်ခုကို ပြောင်းဖို့ အတွက်လည်း သုံးလို့ရပါတယ်...
"Add Movie" button ကိုနှိပ်ပြီး ပြောင်းချင်တဲ့ Movie File ကို browse လုပ်ပါ...
ပြီးရင် အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်လိုချင်တဲ့ format ကိုရွေးပေးလိုက်ရုံပါပဲ...
အားလုံးပဲ စိတ်ချမ်းသာပျော်ရွှင်နိုင်ကြပါစေ...

ဆက်ဖတ်ရန်...