မိတ်ကပ်..ဆံပင် အလှပြင်ရအောင်...

Posted by ဖက်တီးလေး at 10:48 PM

Wednesday, August 26, 2009

အခုတလော ဘာတွေနဲ့ရှုပ်နေမှန်းကို မသိဘူး...
ဘလော့ဂ်လေးမှာ ပို့စ်အသစ်မတင်နိုင်တာ တော်တော်လေးတောင် ကြာသွားပြီ...
ရှားရှားပါးပါး လာလည်နေကြတဲ့ သူငယ်ချင်းတွေကိုလည်း အရမ်းကို အားနာမိပါတယ်...
ဒါကြောင့် အပျင်းပြေ ဆော့လို့ရတဲ့ web site လေးတစ်ခုကို ပြောပြမယ်နော်... :)

လူတိုင်းမှာ ဆံပင်ပုံစံက တော်တော်အရေးပါတယ်လို့ ထင်မိတာပဲ...
တစ်ခါတစ်လေ သူများညှပ်ထားတာမြင်လို့ ကိုယ်နဲ့လိုက်မလားထင်ပြီး ညှပ်လိုက်မိကာမှ တော်တော်လေး ကြည့်ရဆိုးသွားတာ မျိုးတွေလဲ တွေ့ဖူးတယ်...
ကိုယ်နဲ့လိုက်..မလိုက်ဆိုတာကလဲ ဘယ်လိုကြိုသိနိုင်မလဲနော်...
တစ်ချို့နာမည်ကြီးတဲ့ အလှပြင်ဆိုင်တွေမှာဆိုရင်တော့ ကိုယ့်မျက်နှာနဲ့လိုက်ဖက်မယ့် ဆံပင်ပုံလေးတွေကို computer effect သုံးပြီး အမျိုးမျိုးစမ်းသပ်ကြည့်ပေးပြီးမှ ကိုယ့်စိတ်ကြိုက်(ကိုယ်နဲ့လိုက်ဖက်တဲ့)ပုံလေးတွေ ညှပ်ပေးတယ်လို့ ကြားဖူးတာပဲ...
ဒါပေမယ့် ဆံပင်ညှပ်ဆိုင်တိုင်းတော့ အဲလိုလုပ်မပေးနိုင်သေးဘူး ထင်တယ်နော်...
အဲဒီတော့ ကိုယ့်ဓာတ်ပုံလေးနဲ့ ကိုယ့်ဟာကိုယ် စမ်းမကြည့်ချင်ကြဘူးလားဟင်...
အဲလို စမ်းသပ်ကြည့်ချင်ရင်တော့ ဒီlink လေးကနေတဆင့် စိတ်ကြိုက်စမ်းသပ်ကြည့်နိုင်ပါတယ်လို့ သတင်းကောင်း ပါးလိုက်ပါတယ်နော်...

ဖက်တီးလေးတော့ ကိုယ့်ဓာတ်ပုံနဲ့ မိတ်ကပ်၊ ဆံပင် ပုံစံအမျိုးမျိုးပြောင်းကြည့်နေတာ တော်တော်ရီရတယ်.. ပျော်စရာလဲကောင်းတယ်...
အားလုံးပဲ မိမိနဲ့လိုက်ဖက်မယ့် မိတ်ကပ်၊ ဆံပင်ပုံစံလေးတွေကို ရှာဖွေရင်း ပျော်ရွှင်စရာနေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့...

ဆက်ဖတ်ရန်...

Don't Leave Home- Dido

Posted by ဖက်တီးလေး at 8:12 AM

Wednesday, August 12, 2009


ဆက်ဖတ်ရန်...