iPhone 3GS HeadPhone

Posted by ဖက်တီးလေး at 6:26 PM

Sunday, February 21, 2010


အခုပြောချင်တာက iPhone 3GS HeadPhone လေးအကြောင်းပါ..
iPhone 3G နဲ့ 3GS မှာ ကွာခြားချက်လေးတွေ နဲနဲရှိပါတယ်…
ဥပမာ.. 3GS မှာ Voice Control တို့ Video Recording တို့ ပါလာတာမျိုးပေါ့…
အဲဒီ Voice Control အတွက် 3GS ရဲ့ HeadPhone မှာ ပုံမှာမြင်ရသလို Voice Control button လေးပါပါတယ်…
( iPhone 3G တွေမှာ မပါပါဘူး)

အစကတော့ အဲဒီ HeadPhone လေးကို သီချင်းနားထောင်ရင်တပ်ထားပြီး အသံ အတိုး/အလျော့လောက်သာ လုပ်နေတာ..
အဲဒီ Voice Control button လေးရဲ့ အလယ်က အချိုင့်လေးကို နှိပ်ကို မကြည့်မိတာ..
သီချင်းဖွင့်ချင်/ ပိတ်ချင်/ ရပ်ချင်/ ကျော်ချင်.. ဘာလုပ်ချင်ချင် ဖုန်းကို ထုတ်ပြီး screen ကို tap လုပ်လုပ်ပြီးပဲ သုံးနေမိတာ…
နောက်တော့ ချမ်းရအေးရတဲ့အထဲ ခဏခဏ လက်အိတ်ကို ချွတ်ရစွပ်ရ လုပ်နေရတော့ မဟုတ်သေးပါဘူးဆိုပြီး ရှာကြည့်လိုက်မှ အဲဒီ button လေးကိုသုံးပြီး တော်တော်များများလုပ်လို့ရတာကို သွားတွေ့တယ်..
အခုဆို တော်ရုံတန်ရုံ ဖုန်းကို ထုတ်စရာကို မလိုတော့ဘူး…

အဲဒီ button လေးမှာ ပါတဲ့ + နဲ့ - ကတော့ အသံအတိုး/ အလျော့ လုပ်လို့ရတယ်ဆိုတာတော့ ပြောမနေတော့ပါဘူး..
အလယ်က အချိုင့်လေးနေရာကတော့ အခုလိုမျိုးလေးတွေ သုံးလို့ရပါတယ်နော်..

အဲဒီနေရာလေးကို

  • - ၁-ချက်ဖိလိုက်ရင် iPod ထဲကသီချင်းကို Play လုပ်ပေးပါတယ်..
  • - နောက် ၁-ချက်ပြန်နှိပ်မယ်ဆိုရင်တော့ Pause ပေါ့…
( ၁ချက် = Play/Pause )
  • - ၂-ချက် ဆက်တိုက်လေးဖိပေးမယ်ဆိုရင်တော့ သီချင်းကျော်ဖို့ ( Next >>)
  • - ၃-ချက် ဆက်တိုက်လေးဖိပေးမယ်ဆိုရင်တော့ ရှေ့သီချင်းကို ပြန်သွားတဲ့ (Previous <<)ပေါ့… အဲဒါလေးတွေက iPod က သီချင်းနားထောင်ဖို့ အတွက်ပါ..

တကယ်လို့များ သီချင်းနားထောင်နေတုန်း ဖုန်း call ၀င်လာခဲ့မယ်ဆိုရင်လည်း အဲဒီ button လေးကိုပဲ သုံးပြီး phone answer လုပ်လို့ရပါသေးတယ်..
သီချင်းနားထောင်နေတုန်း ဖုန်းဝင်လာခဲ့ရင် အဲဒီနေရာလေးကို
  • - ၁-ချက်ဖိလိုက်ပြီး Phone call ကို လက်ခံလို့ရပါတယ်..
  • - ဖုန်းပြောလို့ပြီးသွားလို့ နောက်ထပ် ၁-ချက် ပြန်နှိပ်လိုက်ရင် call end လုပ်ပေးပြီး သီချင်းပြန်နားထောင်လို့ ရမှာ ဖြစ်ပါတယ်…
  • - တကယ်လို့ ဖုန်းကို လက်မခံချင်ဘူးဆိုရင်တော့ နဲနဲခပ်ကြာကြာလေး (၂-စက္ကန့်လောက်) ဖိပေးရမှာ ဖြစ်ပါတယ်..
(ဖုန်း call ကို cancel လုပ်လိုက်တဲ့ အသံတစ်ခု ကြားရမှာ ဖြစ်ပါတယ်..)

တကယ်လို့ ဖုန်းလက်ခံစကားပြောနေချိန်မှာပဲ နောက်ထပ် second call ၀င်လာခဲ့မယ်ဆိုရင်တော့..
  • - ၁-ချက်နှိပ်တာဟာ first call ကနေ second call ကို switch လုပ်ပေးမှာဖြစ်ပြီး.. နောက်ထပ် ၁-ချက်ပြန်နှိပ်လိုက်မယ်ဆိုရင်တော့ first call ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်..
  • - တကယ်လို့ first call ကို လုံးဝရပ်ပြီး second call ကိုပဲ လက်ခံစကားပြောချင်တယ်ဆိုရင်တော့ first call ကို call end လုပ်ဖို့အတွက် ခုနကလိုပဲ ၂-စက္ကန့်လောက် ကြာကြာလေးဖိထားပေးရမှာ ဖြစ်ပါတယ်..

နောက်ထပ် သုံးလို့ရတာလေးတွေ ရှိသေးလားတော့ မသိဘူးနော်..
သိသလောက်ကလေး share လုပ်လိုက်တာပါ…

အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ…

ဆက်ဖတ်ရန်...

iPhone Screen Size Enlarged Problem

Posted by ဖက်တီးလေး at 3:38 PM

Friday, February 19, 2010


ဟိုတစ်လောက ဒီမှာ iPhone ပရိုမိုးရှင်း အစီအစဉ်တစ်ခုလုပ်တုန်း စပ်စပ်ဆော့ဆော့နဲ့ ဖုန်းဝယ်ဖြစ်သွားတယ်..
(အမှန်က ဒီမှာ ပရိုမိုးရှင်းဆိုတာတွေက ဟိုလိုပြောလိုက်..ဒီလိုပြောလိုက်နဲ့ အမြဲလိုလို ရှိနေတတ်တာပါ…)
ဒီမှာက ဖုန်းဝယ်ရင် ၀ယ်ဝယ်ချင်း ပိုက်ဆံပေးစရာမလိုဘူး..
လစဉ် အရစ်ကျပေးသွားရတာမျိုး…
အဲလိုနဲ့ပဲ.. iPhone ကို သီချင်းနားထောင်ဖို့ရယ်.. ဂိမ်းဆော့ဖို့ရယ်.. Dictionary ကြည့်ဖို့အတွက် သုံးဖို့ရယ်.. တခြား Application လေးတွေ သုံးကြည့်ချင်တာရယ်.. နောက်ပြီး စစချင်း ပိုက်ဆံတစ်ပြားမှမပေးရပဲ ဖုန်းတစ်လုံးရတာရယ်.. ဘာရယ်ညာရယ်နဲ့ အကြောင်းပြချက်တွေပေးပြီး ၀ယ်ဖြစ်သွားခဲ့တယ်…

ဝယ်ပြီးတော့လည်း Manual ဖတ်ဖို့ကို စိတ်မ၀င်စားခဲ့ဘူး..
ဒီလိုပဲ ဟိုလျှောက်လုပ် ဒီလျှောက်လုပ်နဲ့ ပြသနာဖြစ်လာတဲ့အခါကျတော့မှသာ googling လုပ်ပြီး ဖြေရှင်းရတော့တာပဲ..

ဒီ iPhone Diary ဆိုတဲ့ပို့စ်လေးအောက်မှာ ကိုယ်ကြုံတွေ့ခဲ့ရတာလေးတွေကို အားလုံးနဲ့ မျှဝေပေးသွားမှာပါ..
တစ်ချို့ကိစ္စလေးတွေက တော်တော်များများအတွက် အရမ်းကို လွယ်ကူပြီး စာမဖွဲ့လောက်တာလေးတွေလဲ ပါနေနိုင်ပါတယ်..
ဘာပဲဖြစ်ဖြစ် အမှတ်တရပေါ့နော်..

ပထမဆုံး ကိုယ်စပြီး ဒုက္ခရောက်တာကတော့ Screen Size Enlarge ဖြစ်တာပါပဲ..
ကိုယ်က ဖုန်းကို အကျီ င်္အိတ်ကပ်ထဲထည့်ထည့်ထားတတ်တာ..
တစ်နေ့တော့ လမ်းမှာ အရေးတကြီး ဖုန်းသုံးမယ်ဆိုပြီး ထုတ်လိုက်တော့ Icon တွေက အကြီးကြီးတွေဖြစ်နေပါရော..
iPhone ဖုန်းနဲ့ကလဲ သိပ်ပြီး အကျွမ်းတ၀င်မရှိသေးတော့ကာ ဟိုရွှေ့ဒီရွှေ့လုပ်ရတာက ဘယ်လိုမှကို အဆင်မပြေတော့ဘူး..
ဒါနဲ့ ဖုန်းကို ပိတ်လိုက်ဖွင့်လိုက်လုပ်.. restart ပြန်လုပ်.. ဘာလုပ်လုပ်ကို မရပါဘူး..
နောက်ဆုံးတော့ Internet မှာ googling လုပ်လိုက်တော့မှပဲ.. အဖြေကိုတွေ့တော့တယ်..
Screen size ကို ချုံ့/ချဲ့ချင်ရင် လက် ၃-ချောင်းနဲ့ ၂-ချက် ခပ်မြန်မြန်ထောက်ပါတဲ့…
Double-tap with three fingers ပေါ့…
ဖုန်းကို အိတ်ထဲက ထုတ်လိုက်တုန်းက လက် ၃-ချောင်းနဲ့ ဖိမိသလိုဖြစ်သွားပုံရပါတယ်..
အဖြေကိုသိသွားတော့သာ လွယ်လွယ်လေး.. ဖြစ်တုန်းကတော့ တော်တော်စိတ်ရှုပ်သွားခဲ့တာ…

အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွှင်တဲ့နေ့လေး ဖြစ်ပါစေနော်…

ဆက်ဖတ်ရန်...

စာဖတ်ပြတဲ့သူငယ်ချင်း

Posted by ဖက်တီးလေး at 2:41 PM

Wednesday, February 17, 2010

အခုပြောပြချင်တာလေးက pdf ဖိုင်တွေကို ကိုယ်တိုင်ဖတ်စရာမလိုပဲ သူများဖတ်ပြတာကို အလွယ်တကူ နားထောင်နိုင်တဲ့ Read out Loud ဆိုတဲ့ feature လေးအကြောင်းဖြစ်ပါတယ်…
အဲဒီအတွက် လိုအပ်ချက်လေးတွေကတော့ pdf ဖိုင်တစ်ခုခုရယ်.. နောက်ပြီး အဲဒီ pdf ဖိုင်ကိုဖွင့်လို့ရမယ့် Adobe Reader/ Acrobat Professional တစ်မျိုးမျိုးရယ်.. နောက်ပြီး အသံကြားနိုင်စေဖို့အတွက် ear phone ဒါမှမဟုတ် Laptop တွေမှာဆို built-in Speaker ရှိရင်လဲရပါတယ်…
( Adobe Reader က Free download လုပ်လို့ရပါတယ်…)

မြန်မာလိုရေးထားတဲ့ pdf ဖိုင်တွေကိုတော့ မဖတ်နိုင်သေးပါဘူးနော်..
English လို ရေးထားတဲ့ pdf ဖိုင်လေးတွေကို နားထောင်တာတော့ သိပ်မဆိုးဘူးပြောရမယ်..
English အသံထွက်လေးတွေကိုလဲ လေ့လာပြီးသားဖြစ်သွားတာပေါ့..
နောက်ပြီး အဲဒီ feature လေးက Acrobat Professional မှမဟုတ်ပါဘူး.. ရိုးရိုး Adobe Reader မှာလဲရတာမို့
စမ်းကြည့်ချင်တယ်ဆိုရင်တော့ ဖတ်ချင်တဲ့ pdf ဖိုင်တစ်ခုခုကို ပထမဆုံး ဖွင့်လိုက်ပါ..
ပြီးရင် ပုံမှာပြထားတဲ့အတိုင်း View Menu ရဲ့ အောက်ဆုံးက Read out Loud ကို click ပြီး activate Read Out Loud ကို click လိုက်ပါ..

Page ရဲ့အောက်နားလောက်မှာ status bar လေးတစ်ခုပေါ်လာမှာဖြစ်ပြီး ခဏလေးနေရင် ခုနက View Menu ကိုပဲ နောက်တစ်ခါ click လုပ်ပြီး ပုံမှာပြထားသလို Read This Page Only/ Read To End Of Document မိမိကြိုက်နှစ်သက်ရာ option တစ်ခုခုကို ရွေးချယ်လိုက်ပါ…

အမျိုးသား/ အမျိုးသမီး အသံတစ်မျိုးမျိုးနဲ့ အဲဒီစာကို ဖတ်နေတာကို ကြားရမှာ ဖြစ်ပါတယ်..
Pause လုပ်ချင်ရင်.. Stop လုပ်ချင်ရင်.. ဒါမှမဟုတ် မသုံးချင်တော့ဘူးဆိုရင် View Menu အောက်က Pause/ Stop/ Deactivate Read Out Loud ကိုရွေးပေးလိုက်ရုံပါပဲနော်..

အားလုံးပဲ စိတ်ချမ်းသာပျော်ရွှင်နိုင်ကြပါစေ..

ဆက်ဖတ်ရန်...

၂၀၁၀ အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်

Posted by ဖက်တီးလေး at 5:04 PM

Monday, February 15, 2010

ဒီနှစ် ၂၀၁၀ အတွက် အင်္ဂလိပ်-မြန်မာ ပြက္ခဒိန်လေးကို suuchitthu.blogspot.com မှတဆင့်ကူးယူဖော်ပြပေးလိုက်ပါတယ်...
မနှစ်ကလဲ “စုချစ်သူ” ဘလော့ဂ်ကပဲ ကူးယူပြီး သူငယ်ချင်းတွေကို ဝေမျှခဲ့ဖူးပါတယ်...
အဲဒီပြက္ခဒိန်လေးမှာ တခြားပြက္ခဒိန်တွေမှာတောင်မတွေ့နိုင်တဲ့ အမှတ်တရနေ့စွဲလေးတွေကိုပါ တွေ့နိုင်ပါတယ်...
အားလုံးပဲနှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...
(Scribd မှာ download လုပ်ယူလို့ ရပါတယ်နော်...)

၂၀၁၀မှာ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ...

2010 English Myanmar Calendar Poems

ဆက်ဖတ်ရန်...