မင်းနဲ့ဝေးတဲ့ငါ့ရဲ့နေ့တွေ...

Posted by ဖက်တီးလေး at 2:06 PM

Saturday, March 14, 2009

မင်းကြောင့်ရတဲ့ ဒဏ်ရာတွေ
ဖြေသာနိုင်ပြီလို့ ထင်ရင်
သံယောဇဉ်ဆိုတဲ့စကား
ရာဇ၀င်မှာ ရှိခဲ့မှာမဟုတ်ဘူး ...

အချစ်ကြောင့် ဖြစ်တဲ့အလွမ်းတွေ
ကုန်ခမ်းသွားပြီလို့ မြင်ရင်
ဝမ်းနည်းမှတ်တမ်းသီချင်းတွေ
ထပ်ရေးဖွဲ့ကြမှာ မဟုတ်ဘူး ...

မင်းအတွက်"ငါ"
ဖြစ်တည်ခဲ့ဖူးတာတွေ
လွယ်လွယ်မေ့လိုက်နိုင်တယ်ဆိုရင်
အငိုနဲ့ အဆုံးသတ်တတ်တဲ့ညတွေ
ငါ့ဘ၀ကို ဒီလိုနှိပ်စက်နေမှာ မဟုတ်ဘူး ........

December Cinderella

3 comments:

Anonymous said...

ကောင်းပါတယ်... ကြော်ငြာခကိုတော့ ရအောင်တောင်းနော်... သူက သူဌေး... အရမ်းချမ်းသာတယ်...

ဖက်တီးလေး said...

ကဗျာလေးတွေကို ဝေမျှပေးတာကိုပဲ ကျေးဇူးတင်လှပါပြီ... ကြော်ငြာခတော့ တောင်းတော့ပါဘူးလေ...:P

December Cinderella said...

ဒီ Anonymous က ငါ အကြွေးတွေနဲ့
အရမ်းချမ်းသာမှန်း ဘယ်လိုလုပ်သိသွားတာလဲ ..
အတွင်းရေးတွေ ပေါ်ကုန်ပြီ ဖက်တီးလေးရေ ..
လုပ်ပါဦး ...
ကျွန်မမှာလဲ အကြွေးတွေနဲ့ ..
ရှင့်မှာလဲ ကလေးတွေနဲ့ ..

i m not serious .. juz wanna make u smile ..

rgds
Ma Sint