inbox ကတစ်ချို့ mail တွေကို Mute လုပ်ချင်ရင်..

Posted by ဖက်တီးလေး at 2:56 PM

Saturday, June 6, 2009

ဒါကတော့ Gmail ရဲ့ နောက်ထပ် feature လေးတစ်ခုပါ..
တစ်ခါတစ်ခါ..ကိုယ်က mailing list တစ်ခုခုကို subscribe လုပ်ထားမိလို့ပဲဖြစ်ဖြစ်... ကိုယ်နဲ့သိပ်ပြီးမသက်ဆိုင်တဲ့ အပြန်အလှန်ပို့နေကြတဲ့ mail conversation တစ်ခုခုမှာပါနေရင်ပဲဖြစ်ဖြစ်..ကိုယ့်ရဲ့ inbox ထဲမှာ ကိုယ်မဖတ်ချင်တဲ့ email တွေရောက်နေတာမျိုးတွေဖြစ်တတ်ပါတယ်...
အဲလို email မျိုးတွေကို ဒီ Mute feature လေးကိုသုံးပြီး ဖြေရှင်းနိုင်ပါတယ်...

ပထမဆုံး ကိုယ် Mute လုပ်ချင်တဲ့ email ကို select (check) လုပ်ပြီး "More actions" ကို click လုပ်လိုက်ပါ..

နောက်..ပုံမှာပြထားသလိုပဲ..အဲဒီ drop-down list ကနေ Mute ကို ရွေးလိုက်ပါ...
နောက်ဆို..ကိုယ့်ရဲ့ inbox မှာအဲလို email မျိုးထပ်မရောက်လာနိုင်တော့ပါဘူး...

မှတ်ချက်။ ။ “To” ဒါမှမဟုတ် “cc” မှာ ကိုယ့်ရဲ့ email address ပါတဲ့ mail မျိုးတွေကတော့ Mute ဖြစ်မှာမဟုတ်တဲ့အတွက် ကိုယ့်အတွက်အရေးကြီးတဲ့ email တွေရောက်မလာမှာမျိုး စိတ်ပူစရာမလိုပါဘူး...

နောက်တစ်ခါ..အဲဒီ Mute လုပ်ထားတဲ့ email တွေကို ပြန်ရှာချင်ရင် gmail search box မှာ “is:muted” လို့ရိုက်ထည့်ပြီး “search mail” button ကို click လုပ်ကြည့်ပါ...
Muted mails တွေကို မြင်ရမှာဖြစ်ပါတယ်..
ပြန်ပြီး unmute လုပ်ချင်ရင် အဲဒီ email ကို select လုပ်ပြီး “Move to Inbox” ကို click လုပ်လိုက်ပါ...
Inbox မှာ အဲဒီ mail တွေပြန်ရောက်နေမှာဖြစ်ပါတယ်...

အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်လေးဖြစ်ပါစေလို့...

0 comments: