စေတနာလား....ဝေဒနာလား..!!!

Posted by ဖက်တီးလေး at 10:03 PM

Monday, April 27, 2009

ဒီပို့စ်လေးမှာ တကယ်လို့ အမှားအယွင်းပါခဲ့ရင် အားလုံးကို ကြိုတင် တောင်းပန်ပါတယ်နော်...
ဘာကိုမှမရည်ရွယ်ပါဘူး...
အခုတလော ခဏခဏရနေတဲ့ “မေတ္တာစာ” လိုForward မေးလ်တွေကို စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်မိလို့ ရေးလိုက်တာပါ...

အားလုံးပဲ Forward Mail ဆိုတာတွေနဲ့တော့ ရင်းနှီးကြမှာပါ...
ကိုယ်တိုင်ရဖူးသလို ကိုယ်လည်းပဲ ထပ်ဆင့် ပြန်ပို့ဖူးကြမှာပါနော်...
ကိုယ်ကတော့ ကိုယ့်အီးမေးလ်ထဲကို ၀င်လာတဲ့မေးလ်တွေထဲက ပေါ့ပေါ့ပါးပါး ရီစရာလေးတွေပဲဖြစ်ဖြစ်... ဗဟုသုတ မှတ်သားစရာကောင်းတာလေးတွေပဲဖြစ်ဖြစ်... လှပတဲ့ ရှုခင်းပုံလေးတွေပဲဖြစ်ဖြစ်... ကိုယ်နှစ်သက်သဘောကျတဲ့ အကြောင်းအရာလေးတွေဆိုရင် ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေဆီကို ထပ်မံ Forward လုပ်လေ့ရှိပါတယ်...
ဒါမှမဟုတ် Web Site တစ်ခုခု...blog တစ်ခုခုမှာ ဖတ်မိတာလေးတွေကို သဘောကျမိတဲ့အခါမျိုးမှာလည်း အီးမေးလ်ကနေတဆင့် ပို့လေ့ရှိပါတယ်...
ဘယ်ကနေရလို့ပဲပို့ပို့... ကိုယ့်ရည်ရွယ်ချက်က ကိုယ်သဘောကျမိတာလေးကို သူငယ်ချင်းတွေနဲ့မျှဝေခံစားချင်တဲ့ သဘောပဲရှိပါတယ်...
ဒါပေမယ့်... ကိုယ့်ဆီကို မကြာခဏ ၀င်လာတတ်တဲ့ “မေတ္တာစာ” လို အီးမေးလ်မျိုးကိုတော့ ဘယ်လိုသဘောထားရမှန်းကိုမသိဘူး...
“ဘယ်နှစ်နာရီအတွင်း အစောင်ဘယ်လောက်ဝေပါ ... မဝေရင်ဘာဖြစ်မယ်..ညာဖြစ်မယ်...” ဆိုတာမျိုးတွေလေ...
အဲဒီ မေးလ်မျိုးကို ဘယ်သူက စပြီးရေးပို့လိုက်တာလဲ...ဘာရည်ရွယ်ချက်လဲ...
အဲဒီစာမှာ လက်ခံရရှိသူကို ကောင်းကျိုးထက် ဆိုးကျိုးပေးတာက ပိုများနေသလိုပဲ....
တချို့ကလည်း ယုံကြည်လို့ပဲလား...မယုံကြည်ရင်တောင်မှ သိပ်အပန်းမကြီးပါဘူးလို့တွက်ပြီးတော့ပဲလားမသိ.. စာထဲမှာပါတဲ့အတိုင်း ထပ်ပြီး Forward လုပ်ကြပြန်ရော...
အဲလိုနဲ့ပဲ..အဲဒီစာတွေက internet ကနေတဆင့် ပလူပျံပြီး တခါတလေ အဲဒီစာတစ်မျိုးထဲကိုပဲ တစ်စောင်မကတောင် ရောက်လာတတ်သေးတော့တယ်...
ကိုယ်ကတော့ အဲဒီစာမျိုးရရင် ဘယ်တော့မှ Forward ထပ်မလုပ်ဘူး...
ကိုယ့်ဆီမှာ အဲဒီစာ လမ်းဆုံးတယ်...
ကိုယ့် အယူအဆကတော့ အဲဒီစာပို့လိုက်တာ အဲဒီလူကို (မရည်ရွယ်ပေမယ့်) ကျိန်စာတိုက်နေသလိုပဲ...
ဟုတ်တယ်လေ... မပို့ရင်ပဲ ဘာဖြစ်မယ်..ညာဖြစ်မယ်နဲ့...
ကိုယ့်ကို သတိရလို့ ပို့တာပဲဆိုပြီး ၀မ်းသာသင့်ပေမယ့် တခါတလေ စိတ်အခန့်မသင့်တဲ့ အခါမျိုးမှာတော့ အဲလိုမေးလ်တွေက ကိုယ့်အတွက် တော်တော်စိတ်အနှောက်အယှက်ဖြစ်စေတယ်...
ပို့လာတဲ့သူငယ်ချင်းကို မပို့ပါနဲ့လို့ပြောပြန်ရင်လည်း ကိုယ့်အလွန်ဖြစ်ဦးမယ်...
sensitive ဖြစ်တယ်ဆိုပြီး အခင်အမင်တောင်ပျက်နိုင်တယ်...
ဒါကြောင့် ကိုယ့်အထင်ကတော့ ဖြစ်နိုင်ရင် အဲလိုအကျိုးမရှိတဲ့ အီးမေးလ်မျိုးတွေ လက်ဆင့်ကမ်းပို့ခြင်းမျိုး ရှောင်သင့်သလားလို့လေ...နော်...

အားလုံးပဲ စိတ်အနှောက်အယှက်ကင်းကင်းနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့...

2 comments:

Unknown said...

ဟုတ်ပါတယ်။ ညီမပြောသလိုပဲ အဲ့လို forward mail ဟာ အမဆီကိုရောက်ရင်လည်း လမ်းဆုံးတာပါပဲ။ ညီမနဲ့ သဘောထားချင်း တိုက်ဆိုင်နေလို့ မန့်လိုက်တာပါ။

ဖက်တီးလေး said...

သဘောထားချင်းတိုက်ဆိုင်တာသိရလို့ ၀မ်းသာပါတယ်နော် ... :P