GMail Offline

Posted by ဖက်တီးလေး at 5:23 AM

Thursday, April 2, 2009

GMail offline ကိုတစ်ချို့လဲသိပြီးသားဖြစ်မှာပါ...
Internet မရတဲ့အချိန်မှာ အရင်ကရှိခဲ့ဖူးတဲ့ (၄-လ လောက်အတွင်းက)စာတွေကို ဖတ်လို့ရတယ်လေ...
ဟိုတလောက internet connection ပြတ်သွားလို့ ပျင်းနေချိန်တုန်းက အဲဒါလေးကို install လုပ်ထားပြီး ပျင်းတဲ့အချိန်မှာ အရင်ကစာအဟောင်းလေးတွေ ပြန်ဖတ်ပြီး အပျင်းဖြေနေရတာ...

သိပ်မဆိုးဘူး...ကိုယ်ရေးချင်တဲ့စာတွေကို draft အနေနဲ့ရေးထားပြီး save လုပ်ထားလို့လဲရတယ်...
connection ရတဲ့အချိန်မှာ အဆင့်သင့်ပို့နိုင်တာပေါ့...
connection သိပ်မကောင်းတဲ့နေရာမျိုးတွေမှာဆို တော်တော်အသုံးဝင်မယ်...
တစ်ခုရှိတာက Offline Gmail က Signin ၀င်စရာမလိုလို့ ကိုယ်တစ်ယောက်တည်းသုံးတဲ့ ကွန်ပျူတာမျိုးမှာပဲ install လုပ်ထားသင့်ပါတယ်...
မဟုတ်ရင် ကိုယ့် mail account ကိုသူများတွေက အလွယ်တကူပဲ ဖတ်လို့ရနိုင်ပါတယ်...
Offline Gmail ကိုစမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့
ကိုယ့်ရဲ့ GMail Setting ကို click လုပ်ပြီး Lab tab ကို click လုပ်လိုက်ပါ...
ပုံမှာ ပြထားသလို Offline ကို Enable ရွေးလိုက်ပါ...

ပြီးရင် Gmail Account ရဲ့ညာဘက်အပေါ်နားလောက်မှာ ဒီလိုလေး Offline ဆိုတာကိုမြင်ရမှာပါ...

အဲဒါလေးကို click လုပ်လိုက်ရင် ဒီ Window လေးမြင်ရမှာဖြစ်ပါတယ်...

install ကို click လိုက်ပါ...

Install Gears ကို click လုပ်..download ပြီးရင် double-click လုပ်ပြီး install လုပ်လိုက်... ဒီလို ပုံလေးမြင်ရမှာပါ...

ကိုယ်လိုချင်တဲ့ shortcut location(eg. desktop) ကိုရွေးလိုက်ပြီး browser restart လုပ်လိုက်ရင်ပြီးပါပြီ...
desktop ပေါ်မှာ ဒီလိုပုံလေးမြင်ရမှာပါ...

internet connection မရှိတဲ့အချိန်မှာ အဲဒီ shortcut လေးကို click လိုက်ရင် signin လုပ်စရာမလိုပဲ ကိုယ့်ရဲ့ Mail account ကိုမြင်ရမှာဖြစ်ပါတယ်...
connection ရှိတဲ့အချိန်မှာတော့ အရင်ပုံမှန်အတိုင်းပဲ signin လုပ်ရမှာဖြစ်ပါတယ်...
အားလုံးပဲ စိတ်ချမ်းသာတဲ့နေ့လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့...

0 comments: