တောင်းချင်တဲ့ဆု...

Posted by ဖက်တီးလေး at 1:47 PM

Monday, May 25, 2009

လူတွေဟာ တချို့အရာတွေရText Colorဲ့တန်ဖိုးကို သူတို့ပိုင်ဆိုင်ရရှိနေတုန်းမှာ သတိမပြုမိကြပဲ ဆုံးရှုံးသွားတဲ့အချိန်ကျမှ သတိပြုမိတတ်ကြတာမျိုးတွေ ဖြစ်တတ်သText Colorလိုပဲနော်....
ဥပမာ... ကျန်းမာခြင်းရဲ့တန်ဖိုးကို မကျန်းမာတဲ့အချိန်ကျမှ သတိပြု...တန်ဖိုးထားမိလာတတ်ကြသလိုပဲပေါ့...

ကိုယ်တို့အိမ်မှာ နေ့တိုင်းဆွမ်းခံကြွတဲ့ ကိုယ်တော်တစ်ပါးရှိတယ်....
အဲဒီဘုန်းဘုန်းက သူ့ကိုသီးသန့်ပင့်ဖိတ်ပြီး ဆွမ်းကပ်တဲ့အခါမျိုးမှာဖြစ်စေ...
ဆွမ်းခံကြွရင်း ဘောဇဉ်ခဲဖွယ်တစ်ခုခုကို အိမ်မှာတင် ဘုန်းပေးသွားတဲ့အခါမျိုးမှာဖြစ်စေ...
တရားချီးမြှင့်ပြီးရင် ဆုတစ်ခုပေးလေ့ရှိတယ်...
ပုံမှန်နေ့စဉ်ဆွမ်းလောင်းတာအတွက်တော့ ရှည်ရှည်ဝေးဝေး ဆုမပေးပါဘူး... သာဓုခေါ်ရုံလောက်ပါပဲ...
(နေ့စဉ် အိမ်တိုင်းသာ ဆုရှည်ရှည်ပေးနေရရင်လည်း ဘုန်းဘုန်း အမောဆို့ နိုင်တယ်... :P )
အဲဒီဆုကတော့ “အိပ်မက်ယာမက် ကောင်းစွာမက်၍ နှစ်သက်ကြီးစွာ အိပ်စက်နိုင်ကြပါစေကုန်သတည်း...” တဲ့...
(ကျန်တဲ့ဆုတွေလည်းပါတယ်...ပါဠိလိုဆိုတော့ သိပ်နားမလည်ဘူး...)
အမှန်အတိုင်းပြောရရင် အဲဒီတုန်းကတော့ ခေါင်းချလိုက်တာနဲ့ အပူအပင်မရှိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ဆိုတော့ အဲဒီဆုကို သိပ်ပြီး သဘောမကျဘူး...
ဘုန်းဘုန်းကလည်း ဘာလို့များတစ်ခြားဆုတွေ မပေးပါလိမ့်ပေါ့...
ဒါပေမယ့်လည်း ဘုန်းကြီးကို တစ်ခြားဆုပြောင်းပေးပါလို့လဲ ပြောလို့ကမဖြစ်တော့ “ပေးတဲ့ဆုနဲ့ ပြည့်ပါစေ...” ပေါ့လေ...
အခုအချိန်မှာတော့ တကယ့်ကို ရင်ထဲက ဆန္ဒအမှန်နဲ့ ဆုတောင်းချင်ပါတယ်...
အိပ်မက်ယာမက် ကောင်းစွာမက်၍ နှစ်သက်ကြီးစွာ အိပ်စက်နိုင်ပါစေ...” လို့..
(ဖြစ်နိုင်ရင် အိပ်မက်တောင် မမက်ချင်ပါဘူးလေ...)

အားလုံးပဲ အိပ်မက်ယာမက် ကောင်းစွာမက်၍ နှစ်သက်ကြီးစွာ အိပ်စက်နိုင်ကြပါစေ...လို့...



2 comments:

Han Thu said...

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် အိပ်မက်ထဲမှာ “ပုလဲဝင်း” နဲ့ နှစ်သက်ကြီးစွာ.. အဲ...ဟိုလေ.. ဟို.... တွေ့နိုင်ပါစေလို့... :D

Han Thu

ဖက်တီးလေး said...

ဟဟား... ပြည့်စေ!!!