gtalk ကနေ မြန်မာပြည် mobile phone တွေကို sms ပို့ချင်ရင်...

Posted by ဖက်တီးလေး at 1:52 PM

Wednesday, May 6, 2009

အရင်ကတည်းက etmsms က service တွေကိုသုံးပြီး မြန်မာပြည်က mobile တွေနဲ့ sms ပို့နေကျပါ...
ဒါပေမယ့်..အဲဒါက account register လုပ်ထားဖို့လိုပြီး deposit လည်းပေးထားရပါတယ်..
အဲဒီ deposit ထဲကနေ...ကိုယ်သုံးတဲ့ service အမျိုးအစားပေါ်မူတည်ပြီး ပိုက်ဆံလျှော့လျှော့သွားတာပါ...
အဲဒီ service တွေကို စိတ်ဝင်စားရင်တော့ ဒီနေရာမှာ ဖတ်ကြည့်လို့ရပါတယ်...

အခု service အသစ်ကတော့ gtalk ကနေမြန်မာပြည် mobile တွေကို free sms ပို့လို့ရတာပါ...
ကိုယ့်ရဲ့ gtalk contact မှာ gtalk@etmsms.com ကို invite လုပ်ပြီး add လိုက်ပါ...
အဲဒီ gtalk online ရှိနေချိန်မှာဆို msg ပို့လို့ရပါတယ်...
(တစ်ခါတစ်လေတော့ offline ဖြစ်နေတတ်ပါတယ်...)
GTalk ကနေ GSM ကို sms ပို့ဖို့အတွက်ကတော့ "sms(space)(ph no:)(space)(message)" eg. “sms 9xxxxxxx Hello, just testing! ” ဆိုရင်ရပါပြီ...
အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီlink မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်...
သူ့ရဲ့ web site မှာ " Note. Sender or Receive must be eTm Member." လို့ရေးထားပေမယ့်လည်း အခုစမ်းသုံးကြည့်သလောက်တော့ member မဟုတ်လဲ ပို့လို့ရနေပါသေးတယ်...

GSM ကနေ GTalk ကိုလည်း message ပြန်ပို့လို့ရပါတယ်...
ဒါပေမယ့် အဲဒါကတော့ eTm member ဖြစ်ဖို့လိုပါတယ်...
နောက်ပြီး အဲဒီ service ကတော့ free မဟုတ်ပါဘူး..
စိတ်ဝင်စားရင် ဒီနေရာမှာ အသေးစိတ်ဖတ်ကြည့်လို့ရပါတယ်...

သုံးလို့သိပ်မဆိုးပါဘူး...delay တော့နည်းနည်းရှိတယ်... :P

အားလုံးပဲ အဆင်ပြေချောမွေ့စွာ ဆက်သွယ်နိုင်ကြပါစေလို့...

0 comments: