Gtalk Chat box မှာ background image လေးတွေထည့်ချင်ရင်...

Posted by ဖက်တီးလေး at 8:30 PM

Wednesday, December 17, 2008

ဒီပို့စ်လေးက Gtalk Chat box မှာ မိမိနှစ်သက်ရာ background image လေးတွေထည့်နိုင်ဖို့နဲ့ နောက်ပြီး ဒီပုံမှာမြင်ရသလို smiley pictures လေးတွေ သုံးလို့ရနိုင်တဲ့ နည်းလမ်းလေးကို ပြောပြမှာပါ...


စိတ်ဝင်စားတယ်ဆိုရင် ဒီနေရာမှာ MyTheme ဆိုတဲ့ exe file လေးကို download လုပ်ပြီး install လုပ်လိုက်ပါ...
installation ပြီးသွားရင် Start-> All Programs -> DaSh -> MyTheme ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်...
အဲဒီမှာရှိတဲ့ Help ဆိုတဲ့ pdf file လေးကိုဖတ်ပြီး ဆက်လုပ်သွားရင် ရပါပြီ...
Help file မဖတ်ချင်သူများအတွက်လည်း ဒီမှာပြောပြထားသလို ဆက်လုပ်သွားရင် ရပါတယ်...
ပထမဆုံး MyTheme ကို apply လုပ်ဖို့အတွက် Gtalk ရဲ့ Setting ကနေတဆင့် Appearance ကိုသွားပါ...
(တကယ်လို့ chat windows တွေဖွင့်ထားတာများရှိခဲ့ရင် အားလုံးအရင်ပိတ်ထားလိုက်ပါ...)
အဲဒီမှာ "Chat Theme" ရဲ့ drop down list မှာ "MyTheme" ကိုရွေးရမှာဖြစ်ပါတယ်...
အဲဒါပြီးသွားရင်တော့ ကိုယ်ကြိုက်တဲ့ background image ကိုရွေးလို့ရပြီဖြစ်ပါတယ်...
Start-> All Programs -> DaSh -> MyTheme -> Change background ဆိုတာကို click လုပ်လိုက်ပါ...
ကိုယ်နှစ်သက်ရာ jpg image တစ်ခုကိုရွေးပြီး open လုပ်လိုက်ပါ...
background image already changed ဆိုတဲ့ message ကို တွေ့ရမှာဖြစ်ပါတယ်...
အဲဒီအချိန်မှာ တကယ်လို့ chat windows တွေဖွင့်ထားတာများရှိခဲ့ရင် ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ...
ကိုယ် change လိုက်တဲ့ background ပြောင်းသွားတာကို မြင်ရမှာဖြစ်ပါတယ်...

Smileys pictures လေးတွေကတော့ အရင်ပုံမှန်သုံးနေကြလိုပါပဲ...
ဥပမာ...လက်ခုပ်တီးနေတဲ့ ပုံလေးအတွက် .... =D or :clap
ရီနေတဲ့ပုံလေးအတွက် ... :)) or :ha
နောက်ထပ်အများကြီးသုံးလို့ရပါတယ်...help file ထဲမှာကြည့်လိုက်နော်...


အားလုံးပဲ ပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ...

1 comments:

Anonymous said...

ကျေးဇူးဘဲနော်....