Window Vista Auto Update Failure ဖြစ်ခဲ့ရင်...

Posted by ဖက်တီးလေး at 11:59 PM

Tuesday, December 2, 2008

အခုတလောပို့စ်အသစ်မတင်ဖြစ်တာတော်တော်ကြာနေပြီဆိုတာ ကိုယ့်ကိုကိုယ်လည်း သတိထားမိပါတယ်....
စိတ်ရှုပ်နေရတဲ့အထဲ Lab က ကွန်ပျူတာကတမျိုး...အိမ်က ကွန်ပျူတာကတမျိုး ပြသနာအမျိုးမျိုးပဲလှည့်ပတ်ရှင်းနေရတယ်...
ဒီ Laptop လေးမှာ Window Update Failure ဖြစ်နေတာတော့ကြာပြီ...
ကိုယ်လဲ စိတ်မရှိတာနဲ့ ပစ်ထားလိုက်တာ...အခုတော့ ဘယ် application မှကို update မလုပ်တော့ဘူး...
ဒီနေ့တော့ စိတ်ရှည်ရှည်နဲ့ပဲ ကွန်ပျူတာ ရှင်းလင်းရေး ထိုင်လုပ်နေလိုက်တယ်...
ဒီပို့စ်လေးက အားလုံးနဲ့ မသက်ဆိုင်ပေမယ့် တကယ်လို့များ ဒီလိုပြသနာမျိုးကြုံလာခဲ့ရင် ဖြေရှင်းလို့လွယ်အောင် တင်ပေးလိုက်တာပါ...


တကယ်လို့များ ကိုယ့်ရဲ့ System မှာ auto update လုပ်တဲ့ application တွေ (eg. Window Update, Anti-Virus Update)အလုပ်မလုပ်တော့ဘူးဆိုရင် ဒီနည်းလေးနဲ့စမ်းကြည့်နော်...
ကိုယ်ကတော့ ပထမဆုံး manual update လုပ်ဖို့စမ်းကြည့်တယ်...သက်ဆိုင်ရာ application ရဲ့ Update Now ဆိုတာကို click လုပ်ပြီးတော့ပေါ့...
ဘယ်လောက်ပဲ update လုပ်လုပ် "connection fail" or "can't update" ဆိုတာမျိုးပဲဖြစ်နေရင် error message ကိုကြည့်လိုက်...
တကယ်လို့သာ “Windows Vista Update 80244019” ဆိုရင်တော့ အရင်ဆုံး
ဒီနေရာမှာ Anti-Malware လေးကို download လုပ်ယူပါ။
ပြီးရင် double-click လုပ်ပြီး install လုပ်လိုက်ပါ။
installation ပြီးသွားရင် computer scan ဖတ်လိုက်ပါ။ ကွန်ပျူတာထဲမှာရှိတဲ့ Malware တွေကိုရှာပေးပါလိမ့်မယ်။
ပြီးတာနဲ့ computer ကို restart လုပ်လိုက်ပါ။
window ပြန်တက်လာတဲ့အချိန်မှာ Control Panel ကနေတဆင့် Window Update လုပ်လိုက်ပါ။
အဲဒီအချိန်မှာ တခြား suspend ဖြစ်နေတဲ့ applicaiton update တွေလည်း အလိုလို ပြန်အလုပ်လုပ်လာပါလိမ့်မယ်။

ကိုယ်ကတော့ computer ကို တစ်ခါတည်း ရှင်းလင်းရေးပါထပ်လုပ်လိုက်တယ်...
ပစ်စလက်ခပ် download လုပ်ထားခဲ့တဲ့ file တွေကို သိမ်းသင့်တဲ့နေရာမှာသိမ်း၊ နောက်ပြီး မလိုအပ်တဲ့ file တွေဖျက်ပစ် လုပ်လိုက်တယ်...
အဲလိုတွေလုပ်လိုက်မှတော့ disk defragmentation လေးတော့လုပ်သင့်တယ်ဆိုပြီး AusLogics Disk Defrag ကိုသုံးပြီး defragmentation ပါလုပ်လိုက်တယ်...
Window Vista မှာပါတဲ့ Disk Defragmenter (Start-> All Program-> Accessories-> System Tools) ကသုံးရတာ သိပ်အဆင်မပြေဘူး...
progress ကိုလည်းမမြင်ရဘူး..နောက်ပြီး အချိန်လည်းကြာတယ်...
ဒါနဲ့ AusLogics Disk Defrag ကိုပဲသုံးဖြစ်တယ်...လိုချင်ရင် ဒီမှာ download လုပ်ယူနော်...
အားလုံးပဲ ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ....

0 comments: