LoveClock ...

Posted by ဖက်တီးလေး at 12:05 AM

Sunday, February 1, 2009

ဒီ LoveClock ဆိုတာလေးက ကိုယ့်အတွက် အမှတ်တရကိစ္စတစ်ခုခု ဖြစ်ခဲ့တဲ့ အချိန်ကာလနေ့စွဲလေးကို ပေးလိုက်တာနဲ့ အဲဒီအဖြစ်အပျက်လေးဖြစ်ခဲ့တာ အခုအချိန်မှာဆို ဘယ်လောက်ကြာပြီဆိုတာကို အမြဲတမ်း ဖော်ပြပေးနေမဲ့ Software လေးဖြစ်ပါတယ်...

ပုံမှာပြထားသလိုပေါ့...
ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံလေးပါ...


လိုချင်ရင် ဒီမှာ download လုပ်ယူနော်...
installation ပြီးသွားရင် ကွန်ပျူတာ ညာဘက်အောက်ခြေထောင့်နားက system tray ထဲမှာ အနီရောင်အသည်းပုံ icon လေးတွေ့ရမှာပါ...
အဲဒီ icon လေးပေါ် right-click နှိပ်ပြီး Setting ကိုရွေးလိုက်ပါ..
နောက်..Love Clock Setting မှာ Start Date & Time နဲ့ ကိုယ်ပေါ်ချင်တဲ့ message စာသားလေးတွေရယ်ရေးပြီး OK နှိပ်လိုက်ရုံပါပဲ...
ကွန်ပျူတာ စဖွင့်တိုင်း အလုပ်လုပ်စေချင်တယ်ဆိုရင်တော့ Run Love Clock at Startup ကို check လုပ်ထားဖို့လိုပါတယ်...


အားလုံးပဲ ပျော်ရွှင်စရာနေ့ရက်လေး ဖြစ်ပါစေ...

1 comments:

Anonymous said...

ကိုဖက်တီးလေး ရေထပ်ယူသွားတယ်ဗျို့ အလကားရလို့ကတော့ ပဒိုင်းသီးတောင် အရူးခံပြီးစားတာ
ကျနော်ပဲ အဟီးဟီး ကိုဖက်လို့ခေါ်တာဘာလို့မကြိုက်တာ
လဲဟင်.. ကိုဖက်လို့ ခေါ်တာချစ်စနိုးနဲပ အတိုကောက်
ခေါ်လိုက်တာပါ။ကိုဖက်လို့ ခေါ်တာ မကြိုက်ရင် နောက်
တခါကိုဖက်လို့ မခေါ်တော့ပါဘူး ကိုဖက်တီးလေးလို့ပဲ
ခေါ်မယ်နော်။ဟီး
ဒါနဲ့ဗျာ တခုလောက်ကူညီနိုင်မလား jet audio v.7
ကိုkeygen လိုက်ရှာတာမတွေ့လို့ဗျာ ရှာပေးနိုင်မလားဗျာ လိုချင်လို့ပါ