Lock ဖြစ်နေတဲ့ File, Folder, Device တွေအတွက် Unlocker...

Posted by ဖက်တီးလေး at 3:47 PM

Friday, February 6, 2009

ဒီ Unlocker ဆိုတဲ့ Freeware လေးကတော့ တော်တော်လေး အသုံးဝင်ပါတယ်...
တခါတလေ ကိုယ်ဖျက်ချင်တဲ့ File တွေ၊ Folder တွေကို အလွယ်တကူဖျက်လို့ မရတာမျိုး ကြုံဖူးကြမှာပါ...
ဒီလို error message မျိုးလေးမြင်ရတတ်တယ်လေ...


တကယ်က အဲဒီ file (folder) ကို လက်ရှိ ဖွင့်ထားတာ...သုံးနေတာလည်း မဟုတ်ပဲနဲ့...
အဲလို ပြသနာလေးတွေကို ဒီ Unlocker ကိုသုံးပြီး အလွယ်တကူ ဖြေရှင်းလို့ရပါတယ်...
ပထမဆုံး ဒီနေရာမှာ software လေးကို download လုပ်ပြီး install လုပ်လိုက်ပါ...
နောက်..ကိုယ်ဖျက်ချင်ပြီး ဖျက်လို့မရဖြစ်နေတဲ့ file (folder)ပေါ်ကို right-click လုပ်ပြီး "Unlocker"ကိုရွေးလိုက်ပါ...

အဲဒီ file (folder)မှာ locked ဖြစ်နေတဲ့ Files list ကိုပြတဲ့ window တစ်ခုကို ပုံမှာပြထားတဲ့အတိုင်း မြင်ရပါလိမ့်မယ်...

error မရှိတဲ့ file (folder)အတွက်တော့ ဘာမှမြင်ရမှာ မဟုတ်ပါဘူး...
အဲဒီမှာ Unlock ဆိုတဲ့ button ကို click လုပ်လိုက်ရုံပါပဲ...
နောက်ကိုယ်ဖျက်ချင်တဲ့ file (folder)ကို delete ပြန်လုပ်ကြည့်ပါ...
အလွယ်တကူဖျက်လို့ရသွားမှာဖြစ်ပါတယ်...


ဒီ Unlocker ကိုပဲ နောက်တစ်မျိုးသုံးလို့ရပါသေးတယ်...
အဲဒါကတော့ USB device(Memory Stick) တွေကို Safely Removed လုပ်လို့မရတဲ့အခါမျိုးတွေမှာပါ အပေါ်မှာ ပြောခဲ့တဲ့ နည်းအတိုင်းဖြေရှင်းလို့ ရပါတယ်...
အဲဒီ device letter (eg. E:, F:) ပေါ်မှာ right-click လုပ်၊ "Unlocker"ကိုရွေးပြီး နောက်တစ်ကြိမ် remove လုပ်ကြည့်ရင် Safely Removed လုပ်လို့ရသွားမှာဖြစ်ပါတယ်...

အားလုံးပဲ စိတ်၏ချမ်းသာခြင်း..ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ...

0 comments: