Object Dock Tool လေးသုံးချင်ရင်....

Posted by ဖက်တီးလေး at 12:12 AM

Monday, February 2, 2009

ဒီပို့စ်လေးကတော့ ကိုယ်သုံးနေကျ Program တွေ၊ application တွေရဲ့ Shortcuts တွေကို (Apple Mac Book တွေမှာမြင်ရသလိုမျိုး) Window OS တွေမှာ Object Dock လေးထည့်တဲ့ နည်းလေးပါ။
animated dock လေးတွေနဲ့ဆိုတော့ ကိုယ့်ရဲ့ desktop လေးကိုပိုပြီး စိတ်ဝင်စားစရာ ပုံစံအသစ်တစ်မျိုးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်...

စိတ်ဝင်စားရင် ဒီနေရာမှာ download လုပ်ယူနိုင်ပါတယ်...
installation ပြီးသွားရင် Start-> All Programs -> StarDock -> ObjectDock ကို click လုပ်လိုက်ပါ....
Desktop ပေါ်မှာအခုလို မြင်ရမှာဖြစ်ပါတယ်...

icon တစ်ခုခုပေါ် right-click လုပ်ပြီး This Dock-> dock setting ကိုရွေးလိုက်ပါ...
ObjectDock Properties မှာ Theme, Appearance, Positioning, Effects, Dock Contents စတာတွေကို စိတ်ကြိုက်ပြောင်းကြည့်နိုင်ပါတယ်...


mouse over လုပ်ကြည့်ရင် အခုလို animation လေးတွေမြင်ရမှာဖြစ်ပါတယ်...

System Requirement တွေကတော့...
Windows Vista/XP/2003/2000 (32-bit)
20MB free drive space
256MB RAM
ရှိဖို့ပဲလိုပါတယ်...

အားလုံးပဲ animated ObjectDock လေးသုံးရင် ပျော်ရွှင်နိုင်ကြပါစေ...

0 comments: