အချိန်ပေးပါ...

Posted by ဖက်တီးလေး at 5:11 PM

Sunday, January 4, 2009

တချို့အမှန်တရားတွေက လက်မခံချင်လောက်အောင် ခါးသီးလွန်းတယ်...
အဲဒီခါးသီးတဲ့ အမှန်တရားတစ်ခုကို လက်မခံနိုင်သေးသမျှ ငါပူလောင်နေရဦးမှာပဲ...
တကယ်လို့သာ အဲဒီအမှန်တရားကို ကျေကျေနပ်နပ် လက်ခံနိုင်ခဲ့မယ်ဆိုရင် ဒီပူလောင်မှုတွေ မရှိတော့ဘူး သေချာတယ်...

အချိန်ဟာ အရာအားလုံးကို ပြောင်းလဲစေတယ်...
အချိန်ဟာ အရာအားလုံးကို ကုသပေးနိုင်တဲ့ အကောင်းဆုံး သမားတော်ဆိုတာ ...ငါယုံပါတယ်...
ငါ့ကို လုံလောက်တဲ့ အချိန်တစ်ခုပဲပေးပါ...
ငါ အရာအားလုံးကို အတိုင်းအတာတစ်ခုအထိ လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်...
အဲဒီ အချိန်ဟာ ၁-လ လား...၁-နှစ် လား...၁၀-နှစ်လား...ငါမသိပါဘူး...
ဒါပေမယ့်..ငါ့ကို လုံလောက်တဲ့ အချိန်တစ်ခုပဲပေးပါ..
တကယ်တော့ ငါဟာ လွတ်မြောက်ဖို့ ကြိုးစားရင်း အချိန်တန်ရင် လှောင်အိမ်ရှိရာကို ပြန်လာမိနေတဲ့ အကျင့်ပါနေတဲ့ ငှက်တစ်ကောင်လိုပဲလား...

1 comments:

Anonymous said...

ဒါမျိုးလဲရတယ်လား။ မိုက်တယ်ဗျ စာသားတွေ
ရင်ထဲမှာ ကျန်နေသေးရင် ဆက်ရေးပါဗျို့