Linux OS တွေမှာ Zawgyi Font install လုပ်ချင်ရင်...

Posted by ဖက်တီးလေး at 9:02 PM

Saturday, January 17, 2009

ဒီနေ့ Ubuntu OS မှာ မြန်မာလို မမြင်ရတာနဲ့ Zawgyi Font သွင်းချင်လို့ လိုက်ရှာလိုက်တာ စေတန်ဂေါ့ ရဲ့site မှာ နည်းပညာနဲ့ပတ်သက်တဲ့ post တော်တော်များများကို တွေ့လိုက်ရတယ်...
အသေးစိတ်သိချင်ရင်တော့ သူ့ရဲ့ ဘလော့ဂ်မှာ သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်...
ဒီနေရာမှာတော့ Linux OS တွေမှာ Zawgyi Font install လုပ်တာကို ပြောပြပေးသွားမှာပါ...

Linux OS တွေမှာ တချို့က Debian software package (deb) ကိုသုံးပြီး တချို့က RedHat Package Manager (rpm) ကိုသုံးကြပါတယ်...
အဲဒီတော့ Zawgyi ကို deb package ကိုသုံးတဲ့ Ubuntu လိုမျိုး OS မှာ install လုပ်မယ်ဆိုရင် ဒီနေရာမှာ tar file ကို အရင် download လုပ်ပါ...
အဲဒီနောက် Zawgyi.tar.gz file ကို extract လုပ်ပြီးရင် terminal မှာ
$sh install.sh ဆိုရင်ရပါပြီ...

rpm package ကိုသုံးတဲ့ Fedora လို၊ OpenSUSE လို OS မျိုးဖြစ်ခဲ့ရင်တော့ rpm package ကို ဒီနေရာမှာ download လုပ်ပါ။
ပြီးရင် terminal မှာ #rpm -i –force zawgyikb-1.1-1.i386.rpm ဆိုရင်ရပါပြီ...

အားလုံးပဲ မိမိအသုံးပြုနေသော Operating System များတွင် မြန်မာလို အသုံးပြုနိုင်ကြပါစေ...
ကိုစေတန်ဂေါ့ကို အထူးကျေးဇူးတင်ရှိပါတယ်...

1 comments:

Anonymous said...

why i can not install burma font in ubuntu
it not work as you said