တခါတလေမှာ files တွေကို မှားဖျက်လိုက်မိတာမျိုး...ဖျက်ပြီးမှပြန်လိုချင်မိတာမျိုး ရှိတတ်ကြပါတယ်...
သာမန် delete လောက်ပဲ လုပ်မိရင်တော့ recycle bin ထဲကနေ recover ပြန်လုပ်လို့ရပေမယ့် Shift+ Delete နဲ့ ဖျက်ပစ်လိုက်မိရင်တော့ ပြန်ရဖို့ သိပ်မလွယ်ကူတော့ပါဘူး...
အခုပြောပြမယ့် Recuva ဆိုတဲ့ freeware လေးက Shift+ Delete နဲ့ ဖျက်ပစ်လိုက်မိတဲ့ထဲက တချို့ files တွေကို recover ပြန်လုပ်ပေးနိုင်ပါတယ်...
စိတ်ဝင်စားတယ်ဆိုရင် ဒီနေရာမှာ download လုပ်ယူနိုင်ပါတယ်...
recover လုပ်ပေးနိုင်တဲ့ file အမျိုးအစားတွေကတော့ Pictures, Music, Documents, Video, နဲ့ Compressed file types တွေပဲဖြစ်ပါတယ်...
ကိုယ့်ရဲ့ File Location ကို အတိအကျသိခဲ့ရင် drive letter (eg. C:, D:) သတ်မှတ်ပြီး scan လုပ်ယူလို့လဲ ရပါတယ်...
ပုံမှာပြထားသလို ရှာလို့တွေ့တဲ့ files တွေကို recover ပြန်လုပ်လို့ရနိုင်တဲ့ အခြေအနေပေါ်လိုက်ပြီး အရောင် (၃)မျိုးနဲ့ (အစိမ်း၊ အ၀ါ၊ အနီ) နဲ့ ဖော်ပြထားမှာပါ... 
မိမိလိုချင်တဲ့ files တွေရဲ့ဘေးက check box လေးမှာ select လုပ်ပြီး Recover ဆိုတဲ့ button လေးကို click လိုက်ပါ..
နောက်ပြီး recover လုပ်မဲ့ location ကိုရွေးလိုက်တာနဲ့ မိမိလိုချင်တဲ့ files တွေကို ပြန်လည်ရရှိမှာဖြစ်ပါတယ်...
မှတ်ချက်။ ။ တချို့ files တွေကို မူလအတိုင်းပြန်လည်ရရှိပေမဲ့ တချို့ကိုတော့ ပြန်မရပါဘူး...
အားလုံးပဲ အစစအရာရာ အဆင်ပြေချောမွေ့နိုင်ကြပါစေ...
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
4 days ago
0 comments:
Post a Comment