တရုတ်နှစ်သစ်ကူး အမှတ်တရ...

Posted by ဖက်တီးလေး at 8:59 PM

Monday, January 26, 2009

မနေ့ (၂၅.၁.၂၀၀၉)က တရုတ်နှစ်သစ်ကူးနေ့ ဖြစ်တာကြောင့် အမှတ်တရအနေနဲ့ Nabe(နဘဲ) ချက်စားရအောင်လို့ တစ်ဆောင်တည်းနေ တရုတ်မလေးက အဆိုပြုပါတယ်...
နောက်ပြီး တခြားသူတွေက ဖက်တီးလေးကို Green Tea Salad (လက္ဘက်သုပ်) သုပ်ပေးဖို့တောင်းဆိုကြတာကြောင့် တရုတ် နဘဲ ရယ်၊ မြန်မာ လက္ဘက်သုပ်ရယ်၊ ဂျပန် ဆာရှိမိ (ငါးစိမ်း) ကိုလုပ်စားဖြစ်ကြပါတယ်...


ပုံမှာမြင်ရင်သိသာပါတယ်...လက္ဘက်သုပ်က သိပ်မကောင်းလှဘူးဆိုတာ...
ဒါပေမဲ့..အဲဒီ အဆာပလာမစုံမလင်နဲ့ လက္ဘက်သုပ်ကိုပဲ သူတို့က အရမ်းကြိုက်နှစ်သက်နေကြပြီး မြန်မာပြည်ကို လက္ဘက်မှာပေးပါ လုပ်နေကြသေးတယ်... :P
နောက်ပြီး လက္ဘက်သုပ်နည်းကို အသေးစိတ်မေးနေကြပြီး ပါဝင်တဲ့ပစ္စည်းအချိုးအစားတွေကိုပါ အတိအကျမေးနေတာကြောင့် တော်တော်လေး စိတ်ညစ်သွားမိသေးတယ်...
သိတဲ့အတိုင်းပဲလေ...မြန်မာတွေက လက်မှန်းနဲ့ အဆင်ပြေသလို ထည့်သွားတာပဲလေ..အဲဒါကို ဘယ်လောက် ဂရမ်လဲဘာလဲဆိုတော့... စိတ်ကိုညစ်ရော... :(

တရုတ် နဘဲကတော့ တော်တော်လေးကို စားလို့ကောင်းတယ်...အဲဒီတရုတ်မလေးတစ်ယောက်တည်းချက်သွားတာ...
ကိုယ်မှတ်မိသလောက်တော့... ကြက်သားအချိုရည်ရယ်၊ တိုးဘန်းချန် လို့ခေါ်တဲ့ ပဲငပိစပ်လိုမျိုးရယ်၊ အသားလွှာလေးတွေရယ်
(၀က်သား၊ အမဲသား)၊ ကြက်သားလုံးလေးတွေရယ် ကို ရေထည့်ပြီး အရင်တည်ထားလိုက်တယ်...
နောက်ပြီး အသီးအရွက်ကတော့ အစုံပဲ... အာလူးသီး၊ ကြာစွယ်၊ မှို၊ မုန်ညင်း၊ ဂေါ်ဖီ၊ ပဲပြား၊ ပဲပင်ပေါက် အဲတာတွေထည့်...
ပြီးတော့... (Raman) လားမန်းခေါက်ဆွဲရယ်..ကြာဇံဖတ်လိုမျိုးလေးတွေထည့်...
ကြက်ဥလည်း အလုံးလိုက်ဖောက်ထည့်လိုက်သေးတယ်...
အဲလောက်ထည့်ထားမှတော့ စားလို့မကောင်းဘဲနေပါတော့မလား...:P

နောက်..ဆာရှိမိကတော့ Octopus ရယ်၊ Shrimp ရယ်၊ နောက်ပြီး ငါးကတော့ ၂-မျိုး (နာမည်တွေမသိ)ရယ်...
ကိုယ့်ကို ဆာရှိမိစားနိုင်လို့ဆိုပြီး သူတို့က အံ့သြနေကြသေးတယ်...
ဆာရှိမိက ငါးစိမ်းဆိုပေမယ့် ကိုယ့်အတွက်တော့ ဘယ်လိုမှမနေဘူး..ညှီလဲမညှီဘူး... :P






0 comments: