Gtalk မှာ ကိုယ့်ရဲ့ status ကို busy sign ပြထားပါရဲ့သားနဲ့ 'Hi' လာလုပ်တဲ့သူတွေကို အနည်းဆုံး 'Hi...I am busy!' လို့ပြန်ပြောရသေးတယ်။ 'Normal Idle' က ပုံမှန်ပါပဲ။ ကွန်ပျူတာ active မဖြစ်တာကြာရင် idle ဖြစ်သွားမှာပါ။ ကိုယ်ကတော့ ကိုယ့်ကို offline (တကယ်က Invisible လုပ်ထားလို့) ကြီးနဲ့ လာ chat ရင် လုံးဝမကြိုက်ဘူး။
မဟုတ်ရင် မာနကြီးတာလား၊ ဘာလားနဲ့ နောက်ဆက်တွဲ ဖြေရှင်းနေရတာမျိုးတွေရှိတတ်တယ်။
အဲဒါမျိုးတွေ မဖြစ်ချင်ရင် gAlwaysIdleSetup ကို install လုပ်ထားလိုက်ရင် ရပြီ။
ကိုယ့်ရဲ့ status က idle ဆိုတော့ ကိုယ်ပြန်မပြောတာကို နောက်ပိုင်းမှာ ရစ်လာခဲ့ရင် “ငါကွန်ပျူတာနားမှာ မရှိလို့ပါဟ...” လို့ ပြောလိုက်ရုံပဲ။
သုံးချင်ရင် ဒီနေရာမှာ download လုပ်ယူနော်။
install လုပ်ပြီးတဲ့အခါ Task bar ပေါ်က Gtalk icon လေးကို right-click လုပ်ကြည့်ရင် ဒီပုံမှာပြထားသလို 'Normal Idle', 'Always Idle' နဲ့ 'Never Idle' ဆိုပြီး status အသစ် ၃-မျိုးမြင်ရမှာဖြစ်ပါတယ်။
'Never Idle' ကတော့ ကွန်ပျူတာ active မဖြစ်တာဘယ်လောက်ကြာကြာ ဘယ်တော့မှ idle မဖြစ်တော့ပါဘူး။
(ဒီ status ကို သိပ်သုံးဖြစ်ကြမယ် မထင်ဘူး။ ...:P )
'Always Idle' ကတော့ chat နေပါရက်သားနဲ့ မ chat ပါဘူးလို့ ပြောချင်သူများ အကြိုက်ပေါ့...
gAlwaysIdleSetup က Gtalk မှာပဲသုံးလို့ရတာနော်...Gmail မှာမရဘူး...
Gmail ကနေ chat သုံးသူတွေအတွက်တော့ နောက်ထပ် status တစ်ခု 'Invisible' တဲ့။
Invisible သဘောက ကိုယ့်ကို သူများတွေက online မှာ မမြင်ရဘဲ ကိုယ်က အားလုံးကို မြင်နေရတာမျိုးပေါ့။
(နဲနဲတော့ မကောင်းသလိုပဲ။)
Invisible က Gtalk မှာတော့ မပါသေးဘူး။ နောက်ပြီး Gtalk ကိုတပြိုင်နက်ဝင်ထားရင်လည်း Gmail မှာ သုံးလို့မရဘူး။
လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ နှစ်သက်ရာ status လေးတွေနဲ့ အဆင်ပြေကြပါစေလို့...
အလွမ်း
4 years ago
0 comments:
Post a Comment