အခုပြောပြမယ့် အကြောင်းအရာလေးက download လုပ်လို့ရတဲ့ ဆော့ဖ်ဝဲလ်တော့ မဟုတ်ဘူး။ Funny Pictureလေးတွေဖန်တီးရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ပိုင်ဆိုင်နိုင်ပါစေလို့...
ကိုယ့်ရဲ့ ရုပ်ပုံလေးတွေကို Funny Pictureလေးတွေဖြစ်အောင်လုပ်လို့ရတဲ့ Web Page လေးတွေပါ။
သူတို့ရဲ့နည်းပညာကတော့ တကယ်ချီးကျူးဖို့ကောင်းတယ်။
ကိုယ်တော့ တော်တော်လေးကို သဘောကျတယ်။
ကိုယ်ဆိုရင် ကိုယ့်ရဲ့ဓာတ်ပုံလေးတွေမှာ effectတွေတစ်မျိုးပြီးတစ်မျိုးထည့်လိုက်၊ သူငယ်ချင်းတွေဆီလှမ်းပို့ပြီး စလိုက်နဲ့ တစ်နေကိုကုန်ရောပဲ။
ဥပမာ...သူငယ်ချင်းတွေဆီ ဒီပုံလေးပို့ပြီး “အံသြစရာပဲ...သိလား...သူ့ကိုငါမသိဘူးဟ...နောက်ပြီး ငါ့ဓာတ်ပုံကို ဘယ်ကရသွားတာလဲမသိဘူး၊ ထူးဆန်းလိုက်တာ...” ဘာညာနဲ့ပေါ့။
တစ်ချို့ဆို တကယ်ယုံနေပြီး ကိုယ့်ကို အထင်တွေဘာတွေကြီးလို့ပေါ့...ဟဲဟဲ...
လုပ်လို့ရတဲ့ effect တွေကတော့ အများကြီးပါပဲ...
မဂ္ဂဇင်းမျက်နှာဖုံးမှာပါချင်လား...TV မှာပဲပါချင်လား...US$ ကိုပဲကိုယ့်ရုပ်ပုံနဲ့ ထုတ်ချင်လား...အများကြီးလုပ်လို့ရတယ်။
ကဲ...အပျင်းပြေစမ်းကြည့်ချင်တယ်ဆိုရင်တော့ loonapix နဲ့ photofunia မှာစိတ်ကြိုက် စမ်းကြည့်နိုင်ပါတယ်။
Account လည်းဆောက်စရာမလိုပဲ မိမိဓာတ်ပုံကို Upload လုပ်၊ ကြိုက်တဲ့ effect ရွေးလိုက်တာနဲ့ Funny Pictureလေးတွေ ရလာမှာပါ။
နောက်ပြီး အဲဒီ ရလာတဲ့ပုံလေးတွေကို Save လုပ်လို့လည်းရတာကြောင့် ကိုယ်တော့အရမ်းသဘောကျတယ်။
အလွမ်း
4 years ago
0 comments:
Post a Comment